ရွေ့လျားမှူ အား ဆိုတာ ဘာလဲ
ရွေ့လျားမှုကို ဖြစ်စေတဲ့ အကြောင်းတရား (dynamic)တွေကို လေ့လာရမယ်။ရွေ့လျားမှုကို ဖြစ်စေတဲ့အရင်းခံအကြောင်းတရားကတော့ 'အား' ပဲ။ ဒီစကားလုံးဟာ မင်းတို့ နဲ့ရင်းနှီးကျွမ်းဝင်ပြီးသားလည်း ဖြစ်တယ်။နေ့စဉ်ကြားနေရတဲ့စကားလုံးလည်း ဖြစ်တယ်။ "မနေ့က တိုက်တဲ့ လေက အားတော်တော်ပါတာပဲဟေ့၊ဒါကြီးကို ရွေ့ဖို့ အားတော်တော်စိုက်ကမယ်။ကြိုးကို အားစိုက်ပြီးချည်စမ်းပါ...'' ဒါမျိုးတွေက ကျွန်ပ်တို့ ကြားနေကျစကားလုံးတွေ...ဟုတ်လား။ ဒါဆို ''အား'' ဆိုတာကို ရူပဗေဒ အရ ဘယ်လိုအဓိပ္ပါယ် သတ်မှတ်မလဲ။
ရူပဗေဒအရတော့ 'အား' ဆိုတာကို ဒီလိုခပ်ရှင်းရှင်း အဓိပ္ပါယ်ဖွင့်တယ်။ အရာဝတ္ထုတစ်ခုရဲ့ မြန်နှုန်းကို(နှေးသွားတာပဲဖြစ်ဖြစ်၊ မြန်သွားတာပဲ ဖြစ်ဖြစ်) ပြောင်းသွားစေရင်၊ ဒါမှမဟုတ် အရာဝတ္ထုတစ်ခုရဲ့ ဦးတည်ဖက်ကိုပြောင်းသွားစေရင်၊ ဒါမှမဟုတ် အရာဝတ္တုတစ်ခုရဲ့ ပုံပန်းသဏာန်ကို ပြောင်းသွားစေရင်... အဲဒါ အားသက်ရောက်လို့ပဲ။ နောက်တစ်မျိုးလှည့်ပြောရရင် အရာဂတ္တုတစ်ခုပေါ်ကို အားသက်ရောက်လိုက်ရင် သူရဲ့အမြန်နှူန်းဖြစ်ဖြစ် ပြောင်းသွားရမယ်။ဒါမှမဟုတ် ဦးတည်ချက်ပဲဖြစ်ဖြစ် ပြောင်းသွားရမယ်။ ဒါမှမဟုတ် သူရဲ့ပုံပန်းသဏာန်ရင်ပဲဖြစ်ဖြစ် ပြောင်းသွားရမယ်။အဲ့ဒါ...အားပဲ။အားဆိုတာကို ဒီလောက်နားလည်ထားရင် ရပါပြီ။
Newton's Motion Law or Newton's first Law
အဲ့ဒီ အား ဆိုတဲ့ အရာကို သေသေချာချာစဉ်းစားပြီး သေသေချာချာ ပြောပြခဲ့သူကတော့ ရုပဗေဒရဲ့ ဘုရင်ကြီးတစ်ဆူဖြစ်တဲ့ နယူတန်ပဲ။ပထမဆုံး အထက်မှာပြောခဲ့တဲ့ အားသက်ရောက်ရင် မြန်နှုန်းပြောင်းရမယ်ဆိုတဲ့ အချက်ကို သေချာစဉ်းစားခဲ့တယ်။အားသက်ရောက်ရင် မြန်နှုန်းပြောင်းရမယ် တစ်နည်းအားဖြင့် အရှိန်ရလာရမယ်။ လူတစ်ယောက်တွန်းလာတဲ့ တွန်းလှည်းကို ကိုယ်ကဝင်ကူတွန်းပေးရင် အဲ့ဒီတွန်းလှည်းလေး ပိုမြန်မသွားဘူးလား။မြန်သွားမယ်။ကိုယ်က တွန်းလှည်းပေါ် အားသက်ရောက်လိုက်တာကိုး။ဒါ..ရှင်းတယ်။ဒါပေမယ့် နယူတန်က ဒီလောက်နဲ့ မကျေနပ်ဘူး။ဆက်စဉ်းစားတယ်။အားသက်ရောက်ရင် 'အရှိန်' ရလာမယ်၊မြန်နှုန်းပြောင်းသွားမယ် ဟုတ်ပြီ၊ ဒါဆို အားမသက်ရောက်ရင်ရော...ဘာဖြစ်သွားမလဲ။နယူတန်ရဲ့ အဖြေက 'အား' သာမသက်ရောက်ရင် 'အရှိန်' ဆိုတာ ဖြစ်မလာနိင်ဘူး ြ မန်နှုန်းပြောင်းမသွားဘူးတဲ့။မြန်နှုန်းပြောင်းမသွားဘူးဆိုတဲ့ အဓိပ္ပါယ် ကပိုပြီးလည်း နှေးမသွားဘူး၊ပိုပြီးလည်း မြန်မသွားဘူး ဆိုတဲ့ အဓိပ္ပါယ်။နဂိုအမြန်တိုင်းပဲ ရှိနေမယ်ပေါ့။ထပ်ရှင်းအောင်ပြောရရင် နဂို ၁၀ မိုင်နှုန်းနဲ့ သွားနေတဲ့ကောင် အားသက်ရောက်ခြင်းသာ မရှိခဲ့ရင် ၁၀ မိုင်နှုန်းနဲ့ပဲရွေ့နေမယ်။ကမ္ဘာပျက်တဲ့အထိ ၁၀ မိုင်နှုန်းနဲ့ပဲ ရွေ့မယ်တဲ့။
နယူတန်ပြောသလိုဆို ကျွန်တော်တို့ ဂေါ်လီလုံးလေးကို လှိမ့်လိုက်တယ်... တစ်နာရီ ၁၀ မိုင်နှုန်းနဲ့။အတားအဆီးသာ မရှိခဲ့ရင် (နောက်ထပ် အားသက်ရောက်မှုတွေ မရှိခဲ့ရင်) အဲ့ဒီဂေါ်လီလုံးလေးဟာ တစ်နာရီ ၁ဝမိုင်နှုန်းနဲ့ပဲ တောက်လျှောက်သွားနေရမယ်။ဟုတ်ပါ့မလား။ တကယ်တမ်းက မြေကြီးပေါ်လှိမ့်သွားတဲ့ ဂေါ်လီလုံးလေးဟာ သိပ်မကြာခင်မှာပဲ ရပ်သွားတယ်ဆိုတာ..ကျွန်တော်တို့သိကြပါတယ်။ အဖြေမှန်ကတော့ မြေကြီးပေါ်လှိမ့်သွားတဲ့ ဂေါ်လီလုံးလေးဟာ မြေကြီးရဲ့ပွတ်မှုအားကြောင့် ရပ်သွားတာပဲ။(မျက်နှာပြင်တစ်ခုခုအပေါ် ရွေ့သွားရင် ပွတ်မှုအားဆိုတာ အမြဲဖြစ်လာတယ်။အဲ့ဒီ ပွတ်မှူအားက ရွေ့သွားတဲ့ အရာဝတ္တုအပေါ် နောက်ပြန်ဆွဲတယ်) နောက် လေရဲ့ခုခံမှုအားကလည်း သူ့ကိုဆန့်ကျင်ဘက် ပြန် တွန်းထားတယ်။(ပွတ်မှုအားထက်စာရင်တော့ ပိုနည်းတယ်) တကယ်လို့ မြေကြီးရဲ့ပွတ်မှူအားရော၊လေရဲ့ ခုခံမှု အားပါ မရှိဘူးဆိုရင် အဲ့ဒီ ဂေါ်လီလုံးလေးဟာ တစ်နာရီ ၁၀ မိုင်နှုန်းနဲ့ ရွေ့သွားမှာပဲ၊မရပ်တော့ဘူး။
မြင်သာအောင်ပြောရရင် အာကာသထဲမှာ သင် ဂေါ်လီလုံးလေးကို လွှတ်ပစ်လိုက်ရင်(ဘာခုခံမှုအားမှ မရှိတဲ့အတွက်)အဲ့ဒီဂေါ်လီလုံးလေးဟာ ကိန်းသေအလျင်နဲ့ ရွေ့သွားလိမ့်မယ်။..အာကာသထဲဆိုတော့ လက်တွေ့စမ်းကြည့်လို့မရဘူး ဖြစ်နေတယ်..လက်တွေ့တစ်ခု မြင်သာအောင်ပြမယ်။ ချိန်သီးနာရီ မြင်ဖူးလား။အဲ့ဒီနာရီရဲ့ချိန်သီးလေးဟာ(ပြင်ပအားတစ်ခုခုသာ မသက်ရောက်ခဲ့ရင်) ဘယ်တော့မှ မရပ်ဘူး၊ရွေ့နေတယ်။ဒါ နယူတန် မှန်တယ်ဆိုတာကို ပြတဲ့ အကောင်းဆုံး သက်သေပဲ။တစ်ခွန်းတည်းပြောရရင် ပြင်ပအားသက်ရောက်မှုသာ မရှိရင် ရွေ့နေတဲ့အရာဝတ္တုက အဲ့ဒီနှုန်းနဲ့ ရွေ့မြဲအတိုင်း ရွေ့နေမယ်။ ရပ်နေတယ့် အရာဝတ္ထုကလည်း ရပ်မြဲရပ်နေမယ်တဲ့။ဒီနေရာမှာ ပိုပြီးသေချာအောင် 'ပြင်ပအသားတင်အား' လို့ သုံးမှမှန်မယ်။ဘာဖြစ်လို့လဲဆိုတော့ အားတော့သက်ရောက်ပါရဲ့၊ အသားတင်အားက သုညဖြစ်နေရင်လည်း ဘာမှထူးမှာမဟုတ်ဘူး။ ဒါကြောင့် 'ပြင်ပအသားတင်အား' လို့ပြောမှမှန်မယ်။အဲ့ဒါ နယူတန်ရဲ့ ကမ္ဘာကျော်ရွေ့လျယးမှုဆိုင်ရာ LAW ၃ခုထဲက ပထမနိယာမ (Newton's first Law)ပဲ။
နယူတန်၏ ပထမနိယာမ
အရာဝတ္ထုတစ်ခုပေါ်သို့ ပြင်ပအသားတင်အား သက်ရောက်မှူမရှိခဲ့လျှင် ရပ်နေသော အရာဝတ္တုသည် ရပ်မြဲ ရပ်နေမည်ဖြစ်၍ ကိန်းသေအမြန်နှုန်းနဲ့ ရွေ့နေသော အရာဝတ္တုသည် ထိုနှုန်းအတိုင်း ဆက်ရွေ့နေမည်ဖြစ်သည်။
ဒီပထမနိယာမကို အင်နားရှားဥပဒေသ (law of inertia)လို့လည်း ခေါ်သေးတယ်။အင်နာရှားဆိုတာ အရာဝတ္တုတွေရဲ့ နေမြဲနေလိုတဲ့ ဂုဏ်သတ္တိကို ပြောတာ။ ရပ်နေတဲ့အရာဝတ္တုက ရပ်ပဲရပ်နေချင်တယ်။ ရှေ့ကိုရွေ့သွားလိုက်ရင် ဆန့်ကျင့်ဘက် နောက်ကို ပြန်ဆွဲတယ်။ပြန်ပြီးခုခံတယ်။ဒီသဘောကိုပြောတာ။ဥပမာ - သွားနေတဲ့ကား ...ရုတ်တရက်ဘရိတ်အုပ်လိုက်ရင် ကားထဲကလူတွေ ဘာဖြစ်သွားမလဲ။ရှေ့ကို ငိုက်ခနဲ ဖြစ်သွားမယ်..ဟုတ်လား။သဘောက မြန်နှုန်းတစ်ခုနဲ့ ရွေ့နေတဲ့လူတွေက ဆက်ပြီးပဲ ရွေ့ချင်တယ်။ဒါကို ရပ်လိုက်တော့ (အဲ့ဒီရွေ့နေတဲ့လူက) လက်မခံဘူး။ဆက်ပြီးတော့ပဲ ရွေ့ချင်တယ်။ဒါကြောင့် လူက သူ...ရှေ့ကို ဆက်ပြီးရွေ့ချင်ပါတယ်ဆိုပြီး ဆက်ရွေ့ပြတော့ ငိုက်ခနဲဖြစ်သွားတာပေါ့။ရပ်နေတဲ့ကား ရုတ်တရက်မောင်းသွားလဲအဲ့လိုပဲ။လူက နောက်ကို လန်သွားတယ်။သဘောက ရပ်နေတဲ့ကောင်က မသွားချင်ဘူး။ဆက်ပြီးပဲ ရပ်နေချင်တယ်။ဒါကြောင့် ရှေ့ကို ရွေ့သွားတော့(သူ ရှေ့ကို မရွေ့ချင်ပါဘူးဆိုတာကို ပြတဲ့အနေနဲ့) နောက်ပြန်ဆုတ်ပြတယ်။ဒီသဘောတွေက အင်နားရှင်းရဲ့သဘောတွေပဲ။ဒါကြောင့် ပထမနိယာမကို အင်နားရှင်းနိယာမလို့လည်း ခေါ်တယ်။
နယူတန်ရဲ့ပန်းသီးပုံပြင်(သို့)နယူတန်ရဲ့ဒြပ်ဆွဲအား
နယူတန်ရဲ့ပန်းသီးပုံပြင်ကိုကြားဖူးကြတယ်မဟုတ်လား ပန်းသီးကြွေကြတာကို ကြည့်ရင်း နယူတန်ဆိုတဲ့ဘဲကြီးက မြေဆွဲအား(gravity)ကိုရှာဖွေတွေ့ရှိခဲ့တယ်ဆိုတဲ့ ပုံပြင်လေးအမှန်ကအဲ့ပုံပြင်လေးနည်းနည်းလွဲနေတယ်။အရာဝတ္ထုုတွေအောက်ကိုကျတယ်ဆိုတာလူတွေအစောကြီးထဲက သတိထားမိပြီးသား။ ဂရိတွေးခေါ်ပညာရှင်တွေကလည်း အဲ့ဒီမေးခွန်းတွေအတွက်အဖြေတွေကိုစဉ်းစားခဲ့တယ်။အရာဝတ္ထုတွေကျလာရတာ သူတို့ရဲ့ 'အောက်မှာနေချင်တဲ့ 'ဂုဏ်သတ္တိတစ်ခုလို့ ဂရိပညာရှင်တွေကထင်ခဲ့တယ်။ဥပမာ သစ်သားကရေပေါ်မှာပေါ်ပြီး ကျောက်တုံးက ရေမှာနစ်ရတာဟာ ကျောက်တုံးရဲ့အောက်မှာနေချင်တဲ့ ဂုဏ်သတ္တိက သစ်သားထက်များတယ်၊ဒါကြောင့်ကျောက်တုံးက ရေအောက်ရောက်ပြီး သစ်သားကရေပေါ် ပေါ်နေကျတယ်လို့ထင်ကြတယ်။ပြောချင်တာက နယူတန်မတိုင်ခင်ထဲက ဒီကိစ္စကို စဉ်းစားခဲ့တယ်။ဒါပေမယ့် ဒါကြီးဟာ စကြာဝဠာ တစ်ခုလုံးနဲ့ဆိုင်တဲ့အားတစ်ခုလို့ဘယ်သူမှမတွေးခဲ့ဖူး။ပြီးတော့ပုံပြင်ထဲကလို ပန်းသီးကြွေကျတာကိုကြည့်ပြီး ဒြပ်ဆွဲအားကို 'ဒိုင်းကနဲ'စဉ်းစားမိတာမဟုတ်ဖူး။တကယ်တမ်း နယူတန်စဉ်းစားနေတာက ဂြိုလ်သွားဂြိုလ်လာတွေကို ထိန်းချုပ်ထားတဲ့အားတစ်ခုတော့ရှိမှာပဲဆိုတဲ့အချက်ပဲ။
နယူတန်မမွေးခင်နှစ်၄၀လောက်ကတည်းက ကပ်ပလာ ( Johnnes Kepier)ဂျာမန်သား နက္ခတ်ပညာရှင်ကြီးက ဂြိုလ်သွားဂြိုလ်လာတွေနဲ့ဆိုင်တဲ့နိယာမသုံးခုကိုဖော်ထုတ်ခဲ့တယ်။ကပ်ပလာရဲ့နိယာမသုံးခုလို့နာမည်ကျော်တယ်။အဲ့နိယာမသုံးခုအရ-
1.ဂြိုလ်တွေဟာနေကို အစ်လစ်ပုံလမ်းကြောင်းနဲ့ပတ်နေတာ
2.နေနဲ့နီးရင်ပတ်တဲ့နှုန်းမြန်ပြီး နေနဲ့ဝေးရင် ပတ်တဲ့နှုန်း နှေးတယ်
3.ပတ်တဲ့အချိန်ရဲ့နှစ်ထပ်ဟာပတ်လမ်းကြောင်းဝန်ရိုး(semimajor axes )ရဲ့သုံးထပ်နဲ့ညီတယ်တဲ့။
နယူတန်က ကက်ပလာရဲ့နိယာမတွေကို အနုလုံပဋိလုံစဉ်းစားပြီး ဂြိုလိတွေက နေကို အီလစ်ပုံလမ်းကြောက်းနဲ့ ပတ်နေတဲ့အတွက် နေဆီကို ဦးတည်နေတဲ့ အားတစ်ခုတော့ ရှိရမယ် ( ပစ္စည်းတစ်ခုကို ကြိုးနဲ့ချည်ပြီး လှည့်နေသလိုပေါ့ ၊ ကြိုးဆွဲအားသာမရှိရင် အဲ့လိုမလှည့်နိုင်ဘူး ၊ ကြိုးဖြတ်လိုက်ရင် လွင့်ခနဲ လွှတ်ထွက်သွားမယ် ) ပြီးတော့ နေနဲ့နီးရင် မြန်မြန်ပတ်ပြီး ၊ နေနဲ့ဝေးရင် နှေးနှေးပတ်တာကို ကြည့်ပြီး အဲ့ဒီအားက နေနဲ့ဂြိုလ်ကြားက အကွာအဝေးနဲ့ ပြောင်းပြန်အချိုးကျရမယ်လို့ တွေးခဲ့တယ်။ အမှန်တော့ ကက်ပလာလည်း နေက ထိန်းချုပ်ထားတဲ့ အားတစ်ခုခုတော့ ရှိရမှာပဲလို့ တွေးခဲ့တယ်။ ဂယ်လီယိုယိုလည်း တွေးခဲ့တယ်။ ဒါပေမဲ့ သချင်္ာမှာလည်ူ အရမ်းတော်တဲ့ နယူတန်ရဲ့ပြောင်မြောက်တဲ့ စွမ်းဆောင်ချက်က အဲဒီ့ ဂြိုလ်သွားဂြိုလ်လာတွေကို ထိန်းသိမ်းထားတဲ့အားနဲ့ ကမ္ဘာပေါ် ပန်းသီးကြွေစေတဲ့အားနဲ့ အတူတူပဲ ဆိုတာကို စဉ်းစားပြီး၊ စကြဝဠာတစ်ခုလုံးနဲ့ဆိုင်တဲ့ ဒြပ်ဆွဲအားနိယာမကို သချင်္ာနည်ူနဲ့ ပြနိုင်ခဲ့တဲ့အချက်ပဲ။ နယူတန်ရဲ့ဒြပ်ဆွဲအားနိယာမ ( Newton's Law of Gravitation) လို့ ကမ္ဘာကျော်သပေါ့။ သူ့နိယာမအရဆိုရင် ဒြပ်ပစ္စည်းနှစ်ခုကြားမှာ ဒြပ်ဆွဲအားဆိုတာရှိပြီး အဲဒီ့အားဟာ ဒြပ်ပစ္စည်းတွေရဲ့ မြှောက်လဒ်နဲ့ တိုက်ရိုက်အချိုးကျပြီး သူတို့နှစ်ခုကြားက အကွာအဝေးနှစ်ထပ်နဲ့ပြောင်းပြန်အချိုးကျတယ်။
m ဆိုတာက အအရာဝတ္ထုရဲ့ ဒြပ်ထု (mass) ပေါ့။ r ကတော့သူတို်နှစ်ခုကြားရ အကွာအဝေး။ G ကတော့ ဒြပ်ဆွဲအားနဲ့ဆိုင်တဲ့ စကြဝဠာကိန်းသေ (universal constant of gravitation)ပဲ။ တန်ဖိုးအားဖြစ် 6.67×10-11m³kg-1s-2 ရှိတယ်။ စကားစပ်လို့ ပြောရရင် အဲဒီ့ Gတန်ဖိုးကို နယူတန်တွက်ခဲ့တာမဟုတ်ဘူး။ နယူတန်ရဲ့ သီအိုရီပေါ်ပြီး နောင်နှစ်ပေါင်း ၁၁၁ နှစ် ကြာမှ ဗြိတိသျှသိပံပညာရှင် ဟင်နရီကဗင်ဒစ်ချ် (Henry Cavendish)ဆိုတဲ့လူက တွက်ခဲ့တာ။
ဘယ်လောက်သေးတဲ့ပစ္စည်းပဲဖြစ်ဖြစ် ကြီးတဲ့ပစ္စည်းပဲဖြစ်ဖြစ် သူတို့နှစ်ခုကြားမှာ ဒြပ်ဆွဲအားဆိုတာ သေချာပေါက်ရှိတယ်။ ကမ္ဘာနဲ့နေကြား၊ ကမ္ဘာနဲ့ လမင်းကြား၊ ကမ္ဘာနဲ့ မင်းကြား၊ မင်းနဲ့ ခွေးလေးပါပီကြား၊ စာအုပ်နဲ့ ခဲတံကြား၊ ကုန်ကုန်ပြောရရင်အီလက်ထရွန်နှစ်လုံးကြားမှာတောင် ဒြပ်ဆွဲအားဆိုတာ ရှိတယ်။ အဲဒီ့အားကိုလည်း နယူတန်ရဲ့ နိယာမနဲ့ တွက်ထွက်လို့ရတယ်။ နယူတန်ရဲ့နိယာမက အဲလိုကို စွမ်းတယ်။ ဒါပေမဲ့ အားရဲ့ပမာဏနည်းရင်တော့ ဘယ်သိသာပါ့မလဲ။ G ရဲ့ တန်ဖိုးက အရမ်းနည်းလွန်းလို့ ဒြပ်ဆွဲအားက အရမ်းငယ်တယ်။ သေးတယ်။ ဥပမာ စာအုပ်နဲ့ ခဲတံကြားမှာရှိတဲ့ ဒြပ်ဆွဲအားဆို နည်းလွန်းလို့ ရှိတယ်လို့ကို မထင်ရဘူး စာအုပ်နဲ့ခဲတံမပြောပါနဲ့ တစ်တန်ရှိပြီး 1m ဝေးတဲ့ အရာဝတ္ထုနှစ်ခုကြားမှာ ဖြစ်လာတဲ့ ဒြပ်ဆွဲအားတောင် တစ်ပေါင်ရဲ့ ၁၅ သန်းပုံ တစ်ပုံလောက်ပဲရှိတယ်။ ဘယ်လောက်သေးငယ်အားနည်းလဲဆိုတာ စဉ်းစားသားကြည့်တော့။ ဒါပေမဲ့ ရှိတာရှိတာပဲ။ ဒြပ်ဝတ္ထုပမာဏ အရမ်းကြီးသွားရင်တော့ သိသာသွားပြီ။ အပေါ်မြှောက်တင်လိုက်တဲ့ပစ္စည်းတိုင်း အောက်ကို ပြန်ကျလာတာ ကမ္ဘာကြီးရဲ့ ဒြပ်ဆွဲအားကြောင့်ပေါ့။
ကမ္ဘာကြီးနဲ့ မင်းနဲ့ကြား၊ ကမ္ဘာကြီးနဲ့ စာအုပ်ကြား၊ ကမ္ဘာကြီးနဲ့ အုတ်နီခဲကြား... အားလုံးဟာ အပြန်အလှန်ဆွဲနေကြတယ်။ ဥပမာ အုတ်နီခဲတစ်ခုနဲ့ ကမ္ဘာကြီးကြားမှာရှိတဲ့ ဆွဲအားက 10N ရှိတယ်ဆိုပါစို့။ အဓိပ္ပါယ်က အုတ်နီခဲက ကမ္ဘာကြီးကို 10N အားနဲ့ဆွဲနေသလို ကမ္ဘာကြီးကလည်း အုတ်နီခဲကို 10N အားနဲ့ ပြန်ဆွဲနေတယ်။ တိတိကျကျပြောရရင် ကမ္ဘာနဲ့အဲဒီ့ပစ္စည်းကြားမှာ ဖြစ်လာတဲ့ ဆွဲအားပေါ့။ သူတို့နှစ်ခုကြားမှာ ဖြစ်လာတဲ့ ဒြပ်ဆွဲအားက 10N အားနဲ့ ပြန်ဆွဲတာပဲ။ ဒါပေမဲ့ ပစ္စည်းဆိုတာ ကမ္ဘာကြီးနဲ့နှိိှုင်းလိုက်ရင်အရမ်းသေးတဲ့အတွက် ကမ္ဘာကြီးဆီကိုပဲ ပစ္စည်းက ရွေ့ရတယ်။ ကမ္ဘာကြီးကလည်းရွေ့မှာပဲ။ ဒါပေမဲ့ သူ့ရဲ့အရွေ့က အရမ်းအရမ်း သေးလိမ့်မယ်။ ဒါကြောင့် ကိုယ်တို့အနေနဲ့ မသိနိုင်ဘူး။ (F = ma အရ အားသက်ရောက်တဲ့အား တ ူရင်တောင် mass မတူရင် ဖြစ်လာမယ့်အရှိန် တစ်နည်းအားဖြင့် အရွေ့နှုန်း မတူနိုင်ဘူးလေ) ဒါကြောင့် အပေါ်မြှောက်တင်လိုက်တဲ့အရာတိုင်း ကမ္ဘာကြီးရဲ့ဆွဲအားကြောင့် အောက်ကို ပြန်ပြုတ်ကျလာရတယ်။
ကိုင်း ဒီလိုဆို မင်းတို့ စိတ်ထဲမှာ မေးခွန်းလေးများ မပေါ်လာမိဖူးလား။ကမ္ဘာကြီးပေါ် ပစ္စည်းတွေကျလာတာ ဒြပ်ဆွဲအားကြောင့်ပြောတာ လက်ခံပါပြီ၊ရှင်းပါတယ်။ဒါပေမယ့် လမင်းကြီးလို အရမ်းကြီးတဲ့ကောင်တွေကိုရော ကမ္ဘာကြီးက လှမ်းမဆွဲဖူးလား။သူတို့နှစ်ခုဆို ဒြပ်ပစ္စည်းကလည်း အရမ်းကြီးတော့ ဖြစ်လာတဲ့ဆွဲအားဟာသိသာမှာပဲ။ဒါပေမယ့် ကျွန်တော်တို့မြင်ရတဲ့လမင်းကြီးက ကျွန်တော်တို့ ကမ္ဘာနဲ့နီးလာတယ်လို့ မရှိပါဖူး။ကျွန်တော်တို့မွေးကတည်းဒီအတိုင်းပါပဲ။ပြီးတော့နေမင်းကြီးကရော..ကျွန်တော်တို့ကမ္ဘာကြီးကို လှမ်းမဆွဲဖူးဆိုတဲ့မေးခွန်းလေးတွေပေါ်မလာဖူးလား။(ပေါ်လာရင်တော့ ချီးကျူးတယ်ဟေ့) အဲ့ဒီအဖြေကိုမပြောခင် အဖြစ်အျပက်လေးတစ်ခုကိုစဉ်းစားကြည့်ရအောင်...
ကလေးတစ်ယောက်ကဘောလုံးတစ်လုံးကိုလှမ်းပစ်လိုက်တယ်ဆိုပါစို့။ဘောလုံးလေးက ခပ်လှမ်းလှမ်းမှာ သွားကျမယ်။တကယ်လို့လူတစ်ယောက်က သူ့ထက်ပျင်းတဲ့အားနဲ့ပစ်မယ်ဆိုရင်ရော ...ခပ်ဝေးဝေးမှာသွားကြမှာပဲ။အဲ့ဒီဘောလုံးကျရတာမြေဆွဲအားကြောင့်လို့ပြောရင်မင်းတို့ငြင်းမယ်မထင်ဖူး .ကောင်းပြီ ဒီ့ထက်ပျင်းတဲ့အားနဲ့ပစ်မယ်ဆိုရင်ရော ...တစ်နည်းအားဖြင့်မြေဆွဲအားကိုဆန့်ကင်နိုင်လောက်တဲ့အားမျိုးပေါ့။ဒါဆိုဘယ်လိုဖြစ်သွားနိုင်မလဲ။
ကိုင်း..အဖြေကိုမြင်ပြီလား။မင်းရဲ့ပစ်အားကသာမြေဆွဲအားကိုဆန့်ကိင်နိုင်လောက်အောင်ကောင်းမယ်ဆိုရင်အဲ့ဒီဘောလုံးက မြေပေါ်မကျတော့ပဲ (တစ်ပတ်ပတ်ပြီး )မင်းနောက်စေ့ကိုလာမှန်မှာ အသေအချာပဲ။ပြီးတော့အနှောက်အယှက်မရှိမချင်း ဒီလိုပတ်နေလိ်မ့်မယ်။ဘယ်နဲ့ မင်းစိတ်ထဲမဖြစ်နိုင်ဖူးထင်နေလား။ဒီမနေနဲ့ကွ..ကမ္ဘာကိုဂြိုလ်တုတွေပတ်နေတာ ဒီသဘောတရားအတိုင်းပဲ။ကိုင်းထားလိုရင်းကို ပြန်သွားရအောင် ။အရေးအကြီးဆုံးအချက်ကိုပြောပြမယ်။ဘောလုံးလေးဟာ ကမ္ဘာရဲ့အဝိုက်အတိုင်း အလိုက်အသင့်ကွေ့သွားတယ်....အလိုက်သင့်ကွေ့သွားတာ တစ်ခြားကြောင့်မဟုတ်ဖူးမြေဆွဲအားကြောင့်ပဲ။မြေဆွဲအားသာမရှိရင်အဲ့လိုမသွားပဲ တန်းတန်းသာသွားလိမ့်မယ်။ဘောလုံးကို တည့်တည့်ပစ်လိုက်မယ်။ဒါပေမယ့်ဘောလုံးကိုမြေဆွဲအားက ဆွဲလိုက်တော့ တည့်တည့်မသွားပဲ အောက်ကိုဆိုက်လာတဲ့သဘောပဲ။မြင်ပြီလား.. အရေးအကြီးဆုံးအချက်ကို။ဒါကြောင့်ဘောလုံးဟာ(ငိုက်ငိုက်ဆင်းပြီး)ကမ္ဘာရဲ့အဝိုက်အတိုင်းပတ်သွားတာ။နောက်တစ်မျိုးပြောရရင်သူဝိုက်သွားတဲ့အကွာအဝေးဟာမြေဆွဲအားကြောင့်ကျလာမယ့် အကွာအဝေးနဲ့ထပ်တူပဲ။တစ်ခွန်းတည်း ခပ်ပြတ်ပြတ်ပြောရရင်၀ိုက်၀ိုက်ပြီးပတ်နေတယ်ဆိုတာ အောက်ကိုပြုတ်ကျနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။(ဒါကို တြီဂိုနည်းနဲ့တွက်လို့ရတယ်)
လမင်းကြီး ကမ္ဘာကိုပတ်နေတယ်ဆိုတာ ကမ္ဘာဆွဲအားကြောင့် လမင်းကြီး (ကမ္ဘာဆီ)ပြုတ်ကျလာနေတယ်ဆိုပေမယ့် ကမ္ဘာက နေကို အီလစ်ပုံလမ်းကြောင်းနဲ့ ပတ်နေတယ်ဆိုတာလည်း နေဆွဲအားကြောင့် ကမ္ဘာကြီး (နေမင်းဆီ) ပြုတ်ကျနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ။ ကိုင်း... ကမ္ဘာတို့၊ လတို့၊ ဂြိုလ်တို့ ဘာလို့ နေကိုပတ်နေရတာလဲ ဆိုတာ... သိပြီလား။ နတ်သားတွေ နတ်သမီးတွေ သူတို့ရဲ့ အတောင်ပံတွေကို ခတ်လို့ ကမ္ဘာကြီးရွေ့နေတာ မဟုတ်ဘူး။ အားကြီးလှတဲ့ နတ်တစ်ပါးပါးက တွန်းနေလို့လည်း မဟုတ်ဘူး။ ပတ်ချင်လို့ ပတ်နေတာလည်း မဟုတ်ဘူး။ အဲလိုပတ်နေတာ ဒြပ်ဆွဲအားကြောင့်တဲ့။ ဘယ်လောက်လှတဲ့အဖြေလဲ။ ကိုယ့်စိတ်ထင် သဘာဝရဲ့ ပုစ္ဆာတွေကို လူသားတွေ ဖြေခဲ့တဲ့အဖြေတွေထဲမှာတော့ ဒီအဖြေဟာ အရမ်းအရမ်းကို လှတယ်ကွာ။
အကြမ်းဖျင်း ခပ်လွယ်လွယ်ပြောရရင် ပစ်လိုက်တဲ့အား၊ ပတ်နေတဲ့အားဟ မြေဆွဲအားနဲ့ ဆတူဆိုရင်အဲလိုအမြဲထာဝရပတ်နေလိမ့်မယ်။ မြေဆွဲအားထက် နည်းတယ်ဆိုရင် မပတ်နိုင်ဘူး၊ တစ်နေရာရာကို ပြုတ်ကျမယ်။မြေဆွဲအားထက် များတယ်ဆိုရင် သူုရဲ့အဝိုက်အတိုင်းမပတ်တော့ဘဲ လွင့်ထွက်သွားမယ်။ (မြေဆွဲအားက သူ့ကို လှမ်းမဆွဲနိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်ပေါ့) ဂြိုလ်တုတွေ ကမ္ဘာကို ပတ်နေတာ ဒီသဘောတရားအတိုင်းပဲ။ ပစ်လိုက်တဲ့အား၊ ပတ်နေတဲ့အား တစ်နည်းအားဖြင့် လည်ပတ်မယ့်အလျင်နှုန်းက ကမ္ဘာကြီးနဲ့ ဘယ်လောက်ဝေးသလဲ ဆိုတာအပေါ်မူတည်တာပေါ့။ နီးရင် အားပိုလိုမယ်၊ ပတ်နှုန်းမြန်မယ်။ ဝေးရင် အားနည်းနည်းပဲလိုမယ်၊ ပတ်နှုန်းနှေးမယ်။ နယူတန်ရဲ့ မြေဆွဲအားဥပဒေသမှာလည်း ပြောထားတယ်လေ .. ြဒြပ်ဆွဲအားနဲ့ အကွာအဝေးကပြောင်းပြန်အချိုးကျတယ် .. နီးလေ အားပြင်းလေ ဟုတ်လား။ ပိုပြီးမြင်သာအောင် ပြောရရင် လမင်းကြီးကိုသာ အခုအကွာအဝေးထက် နှစ်ဆလောက်နီးနီးလေး ရွေ့လိုက်ရင် .. လမင်းရဲပတ်နှုန်းဟာ အခုထက် နှစ်ဆမြန်သွားလိမ့်မယ်၊ ၁၅ ရက်တစ်ခါ လပြည့်မယ်ပေါ့ကွာ။ အဲလိုမှ မမြန်နိုင်ဘူးဆိုရင်တော့ အဲဒီ့လမင်းကြီး ကမ္ဘာပေါ်ကို ပြုတ်ကျဖို့ပဲရှိတယ်။ (သူပတ်နေတဲ့အားက မြေဆွဲအားထက် နည်းတာကိုး၊ ပြုတ်ကျတော့မပေါ့)
ကိုင်း ဒီလောက်ဆို ဒြပ်ဆွဲအားအေြကြာင်းကို နားလည်လောက်ပါပြီ။ ပတ်နေတဲ့ လမ်းကြောင်းတွေ အဝန်းအဝိုင်းပုံတွေပဲဖြစ်နေတာ၊ ပြီးတော့ ကမ္ဘာတို့၊ လမင်းတို့၊ ကြယ်၊ နေ၊ ဂြိုလ်တို့ရဲ့ ပုံသဏာန်တွေအားလုံးလေးထောင့််တို့ ထုလုံးရှည်တို့ပုံ မဖြစ်ဘဲ စက်လုံးပုံပဲဖြစ်နေရတာဟာ ဒြပ်ဆွဲအားကြောင့်ပဲ။နောက်တစ်ခုက ကိုယ်တို့စကြာဝဋ္ဌာမှာ ကိုယ်တို့နေအဖွဲ့အစည်းတစ်ခုတည်း ရှိတာမဟုတ်ဘူး။ နေအဖွဲ့အစည်း ပေါင်း သန်းပေါင်းများစွာ၊ ကြယ်ပေါင်း သန်းပေါင်းများစွာ ရှိတာကိုး။ ကိုယ်တို့နေမင်းထက် ကြီးတဲ့နေတွေလည်း အများကြီးပဲ။ သူတို့တွေရဲ့ ဆွဲအားတွေကြောင့် ကိုယ်တို့နေအဖွဲ့အစည်းတင်မက စကြဝဠာတစ်ခုလုံးဟာ လည်ပြီးရင်းလည်နေတော့တယ်။
အော် .. နောက်ဆုံးအနေနဲ့ မေးခွန်တစ်ခုလောက် မေးခဲ့ချင်တယ်။ ဒြပ်ဆွဲအားဟာ အကွာအဝေးနဲ့တင်မက ဒြပ်ဝတ္ထုအြကြီးအသေးနဲ့လည်း ဆိုင်တယ်ဆိုတော့ တကယ်လို့ တန်ခိုးရှင်တစ်ယောက်ယောက်ကများ ကိုယ်တို့ရဲ့ ကမ္ဘာကြီးကို နှစ်ဆကြီးသွားအောင် လုပ်လိုက်မယ်ဆိုရင် .. ဘာတွေဖြစ်သွားမယ်ထင်လဲ။ သေချာတာက ကမ္ဘာနဲ့ လမင်းကြားမှာ ရှိတဲ့ ဒြပ်ဆွဲအားရော၊ ကမ္ဘာနဲ့ နေမင်းကြားမှာ ရှိတဲ့ ဒြပ်ဆွဲအားရော ပြောင်းသွားလိမ့်မယ်။ ပြီးရင်ဘာတွေဆက်ဖြစ်နိုင်မလဲ .. စိတ်ဝင်စားရင် တွေးကြည့်ကွာ။
ရွေ့လျားမှုကို ဖြစ်စေတဲ့ အကြောင်းတရား (dynamic)တွေကို လေ့လာရမယ်။ရွေ့လျားမှုကို ဖြစ်စေတဲ့အရင်းခံအကြောင်းတရားကတော့ 'အား' ပဲ။ ဒီစကားလုံးဟာ မင်းတို့ နဲ့ရင်းနှီးကျွမ်းဝင်ပြီးသားလည်း ဖြစ်တယ်။နေ့စဉ်ကြားနေရတဲ့စကားလုံးလည်း ဖြစ်တယ်။ "မနေ့က တိုက်တဲ့ လေက အားတော်တော်ပါတာပဲဟေ့၊ဒါကြီးကို ရွေ့ဖို့ အားတော်တော်စိုက်ကမယ်။ကြိုးကို အားစိုက်ပြီးချည်စမ်းပါ...'' ဒါမျိုးတွေက ကျွန်ပ်တို့ ကြားနေကျစကားလုံးတွေ...ဟုတ်လား။ ဒါဆို ''အား'' ဆိုတာကို ရူပဗေဒ အရ ဘယ်လိုအဓိပ္ပါယ် သတ်မှတ်မလဲ။
ရူပဗေဒအရတော့ 'အား' ဆိုတာကို ဒီလိုခပ်ရှင်းရှင်း အဓိပ္ပါယ်ဖွင့်တယ်။ အရာဝတ္ထုတစ်ခုရဲ့ မြန်နှုန်းကို(နှေးသွားတာပဲဖြစ်ဖြစ်၊ မြန်သွားတာပဲ ဖြစ်ဖြစ်) ပြောင်းသွားစေရင်၊ ဒါမှမဟုတ် အရာဝတ္ထုတစ်ခုရဲ့ ဦးတည်ဖက်ကိုပြောင်းသွားစေရင်၊ ဒါမှမဟုတ် အရာဝတ္တုတစ်ခုရဲ့ ပုံပန်းသဏာန်ကို ပြောင်းသွားစေရင်... အဲဒါ အားသက်ရောက်လို့ပဲ။ နောက်တစ်မျိုးလှည့်ပြောရရင် အရာဂတ္တုတစ်ခုပေါ်ကို အားသက်ရောက်လိုက်ရင် သူရဲ့အမြန်နှူန်းဖြစ်ဖြစ် ပြောင်းသွားရမယ်။ဒါမှမဟုတ် ဦးတည်ချက်ပဲဖြစ်ဖြစ် ပြောင်းသွားရမယ်။ ဒါမှမဟုတ် သူရဲ့ပုံပန်းသဏာန်ရင်ပဲဖြစ်ဖြစ် ပြောင်းသွားရမယ်။အဲ့ဒါ...အားပဲ။အားဆိုတာကို ဒီလောက်နားလည်ထားရင် ရပါပြီ။
Newton's Motion Law or Newton's first Law
အဲ့ဒီ အား ဆိုတဲ့ အရာကို သေသေချာချာစဉ်းစားပြီး သေသေချာချာ ပြောပြခဲ့သူကတော့ ရုပဗေဒရဲ့ ဘုရင်ကြီးတစ်ဆူဖြစ်တဲ့ နယူတန်ပဲ။ပထမဆုံး အထက်မှာပြောခဲ့တဲ့ အားသက်ရောက်ရင် မြန်နှုန်းပြောင်းရမယ်ဆိုတဲ့ အချက်ကို သေချာစဉ်းစားခဲ့တယ်။အားသက်ရောက်ရင် မြန်နှုန်းပြောင်းရမယ် တစ်နည်းအားဖြင့် အရှိန်ရလာရမယ်။ လူတစ်ယောက်တွန်းလာတဲ့ တွန်းလှည်းကို ကိုယ်ကဝင်ကူတွန်းပေးရင် အဲ့ဒီတွန်းလှည်းလေး ပိုမြန်မသွားဘူးလား။မြန်သွားမယ်။ကိုယ်က တွန်းလှည်းပေါ် အားသက်ရောက်လိုက်တာကိုး။ဒါ..ရှင်းတယ်။ဒါပေမယ့် နယူတန်က ဒီလောက်နဲ့ မကျေနပ်ဘူး။ဆက်စဉ်းစားတယ်။အားသက်ရောက်ရင် 'အရှိန်' ရလာမယ်၊မြန်နှုန်းပြောင်းသွားမယ် ဟုတ်ပြီ၊ ဒါဆို အားမသက်ရောက်ရင်ရော...ဘာဖြစ်သွားမလဲ။နယူတန်ရဲ့ အဖြေက 'အား' သာမသက်ရောက်ရင် 'အရှိန်' ဆိုတာ ဖြစ်မလာနိင်ဘူး ြ မန်နှုန်းပြောင်းမသွားဘူးတဲ့။မြန်နှုန်းပြောင်းမသွားဘူးဆိုတဲ့ အဓိပ္ပါယ် ကပိုပြီးလည်း နှေးမသွားဘူး၊ပိုပြီးလည်း မြန်မသွားဘူး ဆိုတဲ့ အဓိပ္ပါယ်။နဂိုအမြန်တိုင်းပဲ ရှိနေမယ်ပေါ့။ထပ်ရှင်းအောင်ပြောရရင် နဂို ၁၀ မိုင်နှုန်းနဲ့ သွားနေတဲ့ကောင် အားသက်ရောက်ခြင်းသာ မရှိခဲ့ရင် ၁၀ မိုင်နှုန်းနဲ့ပဲရွေ့နေမယ်။ကမ္ဘာပျက်တဲ့အထိ ၁၀ မိုင်နှုန်းနဲ့ပဲ ရွေ့မယ်တဲ့။
နယူတန်ပြောသလိုဆို ကျွန်တော်တို့ ဂေါ်လီလုံးလေးကို လှိမ့်လိုက်တယ်... တစ်နာရီ ၁၀ မိုင်နှုန်းနဲ့။အတားအဆီးသာ မရှိခဲ့ရင် (နောက်ထပ် အားသက်ရောက်မှုတွေ မရှိခဲ့ရင်) အဲ့ဒီဂေါ်လီလုံးလေးဟာ တစ်နာရီ ၁ဝမိုင်နှုန်းနဲ့ပဲ တောက်လျှောက်သွားနေရမယ်။ဟုတ်ပါ့မလား။ တကယ်တမ်းက မြေကြီးပေါ်လှိမ့်သွားတဲ့ ဂေါ်လီလုံးလေးဟာ သိပ်မကြာခင်မှာပဲ ရပ်သွားတယ်ဆိုတာ..ကျွန်တော်တို့သိကြပါတယ်။ အဖြေမှန်ကတော့ မြေကြီးပေါ်လှိမ့်သွားတဲ့ ဂေါ်လီလုံးလေးဟာ မြေကြီးရဲ့ပွတ်မှုအားကြောင့် ရပ်သွားတာပဲ။(မျက်နှာပြင်တစ်ခုခုအပေါ် ရွေ့သွားရင် ပွတ်မှုအားဆိုတာ အမြဲဖြစ်လာတယ်။အဲ့ဒီ ပွတ်မှူအားက ရွေ့သွားတဲ့ အရာဝတ္တုအပေါ် နောက်ပြန်ဆွဲတယ်) နောက် လေရဲ့ခုခံမှုအားကလည်း သူ့ကိုဆန့်ကျင်ဘက် ပြန် တွန်းထားတယ်။(ပွတ်မှုအားထက်စာရင်တော့ ပိုနည်းတယ်) တကယ်လို့ မြေကြီးရဲ့ပွတ်မှူအားရော၊လေရဲ့ ခုခံမှု အားပါ မရှိဘူးဆိုရင် အဲ့ဒီ ဂေါ်လီလုံးလေးဟာ တစ်နာရီ ၁၀ မိုင်နှုန်းနဲ့ ရွေ့သွားမှာပဲ၊မရပ်တော့ဘူး။
မြင်သာအောင်ပြောရရင် အာကာသထဲမှာ သင် ဂေါ်လီလုံးလေးကို လွှတ်ပစ်လိုက်ရင်(ဘာခုခံမှုအားမှ မရှိတဲ့အတွက်)အဲ့ဒီဂေါ်လီလုံးလေးဟာ ကိန်းသေအလျင်နဲ့ ရွေ့သွားလိမ့်မယ်။..အာကာသထဲဆိုတော့ လက်တွေ့စမ်းကြည့်လို့မရဘူး ဖြစ်နေတယ်..လက်တွေ့တစ်ခု မြင်သာအောင်ပြမယ်။ ချိန်သီးနာရီ မြင်ဖူးလား။အဲ့ဒီနာရီရဲ့ချိန်သီးလေးဟာ(ပြင်ပအားတစ်ခုခုသာ မသက်ရောက်ခဲ့ရင်) ဘယ်တော့မှ မရပ်ဘူး၊ရွေ့နေတယ်။ဒါ နယူတန် မှန်တယ်ဆိုတာကို ပြတဲ့ အကောင်းဆုံး သက်သေပဲ။တစ်ခွန်းတည်းပြောရရင် ပြင်ပအားသက်ရောက်မှုသာ မရှိရင် ရွေ့နေတဲ့အရာဝတ္တုက အဲ့ဒီနှုန်းနဲ့ ရွေ့မြဲအတိုင်း ရွေ့နေမယ်။ ရပ်နေတယ့် အရာဝတ္ထုကလည်း ရပ်မြဲရပ်နေမယ်တဲ့။ဒီနေရာမှာ ပိုပြီးသေချာအောင် 'ပြင်ပအသားတင်အား' လို့ သုံးမှမှန်မယ်။ဘာဖြစ်လို့လဲဆိုတော့ အားတော့သက်ရောက်ပါရဲ့၊ အသားတင်အားက သုညဖြစ်နေရင်လည်း ဘာမှထူးမှာမဟုတ်ဘူး။ ဒါကြောင့် 'ပြင်ပအသားတင်အား' လို့ပြောမှမှန်မယ်။အဲ့ဒါ နယူတန်ရဲ့ ကမ္ဘာကျော်ရွေ့လျယးမှုဆိုင်ရာ LAW ၃ခုထဲက ပထမနိယာမ (Newton's first Law)ပဲ။
နယူတန်၏ ပထမနိယာမ
အရာဝတ္ထုတစ်ခုပေါ်သို့ ပြင်ပအသားတင်အား သက်ရောက်မှူမရှိခဲ့လျှင် ရပ်နေသော အရာဝတ္တုသည် ရပ်မြဲ ရပ်နေမည်ဖြစ်၍ ကိန်းသေအမြန်နှုန်းနဲ့ ရွေ့နေသော အရာဝတ္တုသည် ထိုနှုန်းအတိုင်း ဆက်ရွေ့နေမည်ဖြစ်သည်။
ဒီပထမနိယာမကို အင်နားရှားဥပဒေသ (law of inertia)လို့လည်း ခေါ်သေးတယ်။အင်နာရှားဆိုတာ အရာဝတ္တုတွေရဲ့ နေမြဲနေလိုတဲ့ ဂုဏ်သတ္တိကို ပြောတာ။ ရပ်နေတဲ့အရာဝတ္တုက ရပ်ပဲရပ်နေချင်တယ်။ ရှေ့ကိုရွေ့သွားလိုက်ရင် ဆန့်ကျင့်ဘက် နောက်ကို ပြန်ဆွဲတယ်။ပြန်ပြီးခုခံတယ်။ဒီသဘောကိုပြောတာ။ဥပမာ - သွားနေတဲ့ကား ...ရုတ်တရက်ဘရိတ်အုပ်လိုက်ရင် ကားထဲကလူတွေ ဘာဖြစ်သွားမလဲ။ရှေ့ကို ငိုက်ခနဲ ဖြစ်သွားမယ်..ဟုတ်လား။သဘောက မြန်နှုန်းတစ်ခုနဲ့ ရွေ့နေတဲ့လူတွေက ဆက်ပြီးပဲ ရွေ့ချင်တယ်။ဒါကို ရပ်လိုက်တော့ (အဲ့ဒီရွေ့နေတဲ့လူက) လက်မခံဘူး။ဆက်ပြီးတော့ပဲ ရွေ့ချင်တယ်။ဒါကြောင့် လူက သူ...ရှေ့ကို ဆက်ပြီးရွေ့ချင်ပါတယ်ဆိုပြီး ဆက်ရွေ့ပြတော့ ငိုက်ခနဲဖြစ်သွားတာပေါ့။ရပ်နေတဲ့ကား ရုတ်တရက်မောင်းသွားလဲအဲ့လိုပဲ။လူက နောက်ကို လန်သွားတယ်။သဘောက ရပ်နေတဲ့ကောင်က မသွားချင်ဘူး။ဆက်ပြီးပဲ ရပ်နေချင်တယ်။ဒါကြောင့် ရှေ့ကို ရွေ့သွားတော့(သူ ရှေ့ကို မရွေ့ချင်ပါဘူးဆိုတာကို ပြတဲ့အနေနဲ့) နောက်ပြန်ဆုတ်ပြတယ်။ဒီသဘောတွေက အင်နားရှင်းရဲ့သဘောတွေပဲ။ဒါကြောင့် ပထမနိယာမကို အင်နားရှင်းနိယာမလို့လည်း ခေါ်တယ်။
နယူတန်ရဲ့ပန်းသီးပုံပြင်(သို့)နယူတန်ရဲ့ဒြပ်ဆွဲအား နယူတန်ရဲ့ပန်းသီးပုံပြင်ကိုကြားဖူးကြတယ်မဟုတ်လား ပန်းသီးကြွေကြတာကို ကြည့်ရင်း နယူတန်ဆိုတဲ့ဘဲကြီးက မြေဆွဲအား(gravity)ကိုရှာဖွေတွေ့ရှိခဲ့တယ်ဆိုတဲ့ ပုံပြင်လေးအမှန်ကအဲ့ပုံပြင်လေးနည်းနည်းလွဲနေတယ်။အရာဝတ္ထုုတွေအောက်ကိုကျတယ်ဆိုတာလူတွေအစောကြီးထဲက သတိထားမိပြီးသား။ ဂရိတွေးခေါ်ပညာရှင်တွေကလည်း အဲ့ဒီမေးခွန်းတွေအတွက်အဖြေတွေကိုစဉ်းစားခဲ့တယ်။အရာဝတ္ထုတွေကျလာရတာ သူတို့ရဲ့ 'အောက်မှာနေချင်တဲ့ 'ဂုဏ်သတ္တိတစ်ခုလို့ ဂရိပညာရှင်တွေကထင်ခဲ့တယ်။ဥပမာ သစ်သားကရေပေါ်မှာပေါ်ပြီး ကျောက်တုံးက ရေမှာနစ်ရတာဟာ ကျောက်တုံးရဲ့အောက်မှာနေချင်တဲ့ ဂုဏ်သတ္တိက သစ်သားထက်များတယ်၊ဒါကြောင့်ကျောက်တုံးက ရေအောက်ရောက်ပြီး သစ်သားကရေပေါ် ပေါ်နေကျတယ်လို့ထင်ကြတယ်။ပြောချင်တာက နယူတန်မတိုင်ခင်ထဲက ဒီကိစ္စကို စဉ်းစားခဲ့တယ်။ဒါပေမယ့် ဒါကြီးဟာ စကြာဝဠာ တစ်ခုလုံးနဲ့ဆိုင်တဲ့အားတစ်ခုလို့ဘယ်သူမှမတွေးခဲ့ဖူး။ပြီးတော့ပုံပြင်ထဲကလို ပန်းသီးကြွေကျတာကိုကြည့်ပြီး ဒြပ်ဆွဲအားကို 'ဒိုင်းကနဲ'စဉ်းစားမိတာမဟုတ်ဖူး။တကယ်တမ်း နယူတန်စဉ်းစားနေတာက ဂြိုလ်သွားဂြိုလ်လာတွေကို ထိန်းချုပ်ထားတဲ့အားတစ်ခုတော့ရှိမှာပဲဆိုတဲ့အချက်ပဲ။ နယူတန်မမွေးခင်နှစ်၄၀လောက်ကတည်းက ကပ်ပလာ ( Johnnes Kepier)ဂျာမန်သား နက္ခတ်ပညာရှင်ကြီးက ဂြိုလ်သွားဂြိုလ်လာတွေနဲ့ဆိုင်တဲ့နိယာမသုံးခုကိုဖော်ထုတ်ခဲ့တယ်။ကပ်ပလာရဲ့နိယာမသုံးခုလို့နာမည်ကျော်တယ်။အဲ့နိယာမသုံးခုအရ- 1.ဂြိုလ်တွေဟာနေကို အစ်လစ်ပုံလမ်းကြောင်းနဲ့ပတ်နေတာ 2.နေနဲ့နီးရင်ပတ်တဲ့နှုန်းမြန်ပြီး နေနဲ့ဝေးရင် ပတ်တဲ့နှုန်း နှေးတယ် 3.ပတ်တဲ့အချိန်ရဲ့နှစ်ထပ်ဟာပတ်လမ်းကြောင်းဝန်ရိုး(semimajor axes )ရဲ့သုံးထပ်နဲ့ညီတယ်တဲ့။
နယူတန်က ကက်ပလာရဲ့နိယာမတွေကို အနုလုံပဋိလုံစဉ်းစားပြီး ဂြိုလိတွေက နေကို အီလစ်ပုံလမ်းကြောက်းနဲ့ ပတ်နေတဲ့အတွက် နေဆီကို ဦးတည်နေတဲ့ အားတစ်ခုတော့ ရှိရမယ် ( ပစ္စည်းတစ်ခုကို ကြိုးနဲ့ချည်ပြီး လှည့်နေသလိုပေါ့ ၊ ကြိုးဆွဲအားသာမရှိရင် အဲ့လိုမလှည့်နိုင်ဘူး ၊ ကြိုးဖြတ်လိုက်ရင် လွင့်ခနဲ လွှတ်ထွက်သွားမယ် ) ပြီးတော့ နေနဲ့နီးရင် မြန်မြန်ပတ်ပြီး ၊ နေနဲ့ဝေးရင် နှေးနှေးပတ်တာကို ကြည့်ပြီး အဲ့ဒီအားက နေနဲ့ဂြိုလ်ကြားက အကွာအဝေးနဲ့ ပြောင်းပြန်အချိုးကျရမယ်လို့ တွေးခဲ့တယ်။ အမှန်တော့ ကက်ပလာလည်း နေက ထိန်းချုပ်ထားတဲ့ အားတစ်ခုခုတော့ ရှိရမှာပဲလို့ တွေးခဲ့တယ်။ ဂယ်လီယိုယိုလည်း တွေးခဲ့တယ်။ ဒါပေမဲ့ သချင်္ာမှာလည်ူ အရမ်းတော်တဲ့ နယူတန်ရဲ့ပြောင်မြောက်တဲ့ စွမ်းဆောင်ချက်က အဲဒီ့ ဂြိုလ်သွားဂြိုလ်လာတွေကို ထိန်းသိမ်းထားတဲ့အားနဲ့ ကမ္ဘာပေါ် ပန်းသီးကြွေစေတဲ့အားနဲ့ အတူတူပဲ ဆိုတာကို စဉ်းစားပြီး၊ စကြဝဠာတစ်ခုလုံးနဲ့ဆိုင်တဲ့ ဒြပ်ဆွဲအားနိယာမကို သချင်္ာနည်ူနဲ့ ပြနိုင်ခဲ့တဲ့အချက်ပဲ။ နယူတန်ရဲ့ဒြပ်ဆွဲအားနိယာမ ( Newton's Law of Gravitation) လို့ ကမ္ဘာကျော်သပေါ့။ သူ့နိယာမအရဆိုရင် ဒြပ်ပစ္စည်းနှစ်ခုကြားမှာ ဒြပ်ဆွဲအားဆိုတာရှိပြီး အဲဒီ့အားဟာ ဒြပ်ပစ္စည်းတွေရဲ့ မြှောက်လဒ်နဲ့ တိုက်ရိုက်အချိုးကျပြီး သူတို့နှစ်ခုကြားက အကွာအဝေးနှစ်ထပ်နဲ့ပြောင်းပြန်အချိုးကျတယ်။
m ဆိုတာက အအရာဝတ္ထုရဲ့ ဒြပ်ထု (mass) ပေါ့။ r ကတော့သူတို်နှစ်ခုကြားရ အကွာအဝေး။ G ကတော့ ဒြပ်ဆွဲအားနဲ့ဆိုင်တဲ့ စကြဝဠာကိန်းသေ (universal constant of gravitation)ပဲ။ တန်ဖိုးအားဖြစ် 6.67×10-11m³kg-1s-2 ရှိတယ်။ စကားစပ်လို့ ပြောရရင် အဲဒီ့ Gတန်ဖိုးကို နယူတန်တွက်ခဲ့တာမဟုတ်ဘူး။ နယူတန်ရဲ့ သီအိုရီပေါ်ပြီး နောင်နှစ်ပေါင်း ၁၁၁ နှစ် ကြာမှ ဗြိတိသျှသိပံပညာရှင် ဟင်နရီကဗင်ဒစ်ချ် (Henry Cavendish)ဆိုတဲ့လူက တွက်ခဲ့တာ။
ဘယ်လောက်သေးတဲ့ပစ္စည်းပဲဖြစ်ဖြစ် ကြီးတဲ့ပစ္စည်းပဲဖြစ်ဖြစ် သူတို့နှစ်ခုကြားမှာ ဒြပ်ဆွဲအားဆိုတာ သေချာပေါက်ရှိတယ်။ ကမ္ဘာနဲ့နေကြား၊ ကမ္ဘာနဲ့ လမင်းကြား၊ ကမ္ဘာနဲ့ မင်းကြား၊ မင်းနဲ့ ခွေးလေးပါပီကြား၊ စာအုပ်နဲ့ ခဲတံကြား၊ ကုန်ကုန်ပြောရရင်အီလက်ထရွန်နှစ်လုံးကြားမှာတောင် ဒြပ်ဆွဲအားဆိုတာ ရှိတယ်။ အဲဒီ့အားကိုလည်း နယူတန်ရဲ့ နိယာမနဲ့ တွက်ထွက်လို့ရတယ်။ နယူတန်ရဲ့နိယာမက အဲလိုကို စွမ်းတယ်။ ဒါပေမဲ့ အားရဲ့ပမာဏနည်းရင်တော့ ဘယ်သိသာပါ့မလဲ။ G ရဲ့ တန်ဖိုးက အရမ်းနည်းလွန်းလို့ ဒြပ်ဆွဲအားက အရမ်းငယ်တယ်။ သေးတယ်။ ဥပမာ စာအုပ်နဲ့ ခဲတံကြားမှာရှိတဲ့ ဒြပ်ဆွဲအားဆို နည်းလွန်းလို့ ရှိတယ်လို့ကို မထင်ရဘူး စာအုပ်နဲ့ခဲတံမပြောပါနဲ့ တစ်တန်ရှိပြီး 1m ဝေးတဲ့ အရာဝတ္ထုနှစ်ခုကြားမှာ ဖြစ်လာတဲ့ ဒြပ်ဆွဲအားတောင် တစ်ပေါင်ရဲ့ ၁၅ သန်းပုံ တစ်ပုံလောက်ပဲရှိတယ်။ ဘယ်လောက်သေးငယ်အားနည်းလဲဆိုတာ စဉ်းစားသားကြည့်တော့။ ဒါပေမဲ့ ရှိတာရှိတာပဲ။ ဒြပ်ဝတ္ထုပမာဏ အရမ်းကြီးသွားရင်တော့ သိသာသွားပြီ။ အပေါ်မြှောက်တင်လိုက်တဲ့ပစ္စည်းတိုင်း အောက်ကို ပြန်ကျလာတာ ကမ္ဘာကြီးရဲ့ ဒြပ်ဆွဲအားကြောင့်ပေါ့။
ကမ္ဘာကြီးနဲ့ မင်းနဲ့ကြား၊ ကမ္ဘာကြီးနဲ့ စာအုပ်ကြား၊ ကမ္ဘာကြီးနဲ့ အုတ်နီခဲကြား... အားလုံးဟာ အပြန်အလှန်ဆွဲနေကြတယ်။ ဥပမာ အုတ်နီခဲတစ်ခုနဲ့ ကမ္ဘာကြီးကြားမှာရှိတဲ့ ဆွဲအားက 10N ရှိတယ်ဆိုပါစို့။ အဓိပ္ပါယ်က အုတ်နီခဲက ကမ္ဘာကြီးကို 10N အားနဲ့ဆွဲနေသလို ကမ္ဘာကြီးကလည်း အုတ်နီခဲကို 10N အားနဲ့ ပြန်ဆွဲနေတယ်။ တိတိကျကျပြောရရင် ကမ္ဘာနဲ့အဲဒီ့ပစ္စည်းကြားမှာ ဖြစ်လာတဲ့ ဆွဲအားပေါ့။ သူတို့နှစ်ခုကြားမှာ ဖြစ်လာတဲ့ ဒြပ်ဆွဲအားက 10N အားနဲ့ ပြန်ဆွဲတာပဲ။ ဒါပေမဲ့ ပစ္စည်းဆိုတာ ကမ္ဘာကြီးနဲ့နှိိှုင်းလိုက်ရင်အရမ်းသေးတဲ့အတွက် ကမ္ဘာကြီးဆီကိုပဲ ပစ္စည်းက ရွေ့ရတယ်။ ကမ္ဘာကြီးကလည်းရွေ့မှာပဲ။ ဒါပေမဲ့ သူ့ရဲ့အရွေ့က အရမ်းအရမ်း သေးလိမ့်မယ်။ ဒါကြောင့် ကိုယ်တို့အနေနဲ့ မသိနိုင်ဘူး။ (F = ma အရ အားသက်ရောက်တဲ့အား တ ူရင်တောင် mass မတူရင် ဖြစ်လာမယ့်အရှိန် တစ်နည်းအားဖြင့် အရွေ့နှုန်း မတူနိုင်ဘူးလေ) ဒါကြောင့် အပေါ်မြှောက်တင်လိုက်တဲ့အရာတိုင်း ကမ္ဘာကြီးရဲ့ဆွဲအားကြောင့် အောက်ကို ပြန်ပြုတ်ကျလာရတယ်။
ကိုင်း ဒီလိုဆို မင်းတို့ စိတ်ထဲမှာ မေးခွန်းလေးများ မပေါ်လာမိဖူးလား။ကမ္ဘာကြီးပေါ် ပစ္စည်းတွေကျလာတာ ဒြပ်ဆွဲအားကြောင့်ပြောတာ လက်ခံပါပြီ၊ရှင်းပါတယ်။ဒါပေမယ့် လမင်းကြီးလို အရမ်းကြီးတဲ့ကောင်တွေကိုရော ကမ္ဘာကြီးက လှမ်းမဆွဲဖူးလား။သူတို့နှစ်ခုဆို ဒြပ်ပစ္စည်းကလည်း အရမ်းကြီးတော့ ဖြစ်လာတဲ့ဆွဲအားဟာသိသာမှာပဲ။ဒါပေမယ့် ကျွန်တော်တို့မြင်ရတဲ့လမင်းကြီးက ကျွန်တော်တို့ ကမ္ဘာနဲ့နီးလာတယ်လို့ မရှိပါဖူး။ကျွန်တော်တို့မွေးကတည်းဒီအတိုင်းပါပဲ။ပြီးတော့နေမင်းကြီးကရော..ကျွန်တော်တို့ကမ္ဘာကြီးကို လှမ်းမဆွဲဖူးဆိုတဲ့မေးခွန်းလေးတွေပေါ်မလာဖူးလား။(ပေါ်လာရင်တော့ ချီးကျူးတယ်ဟေ့) အဲ့ဒီအဖြေကိုမပြောခင် အဖြစ်အျပက်လေးတစ်ခုကိုစဉ်းစားကြည့်ရအောင်...
ကလေးတစ်ယောက်ကဘောလုံးတစ်လုံးကိုလှမ်းပစ်လိုက်တယ်ဆိုပါစို့။ဘောလုံးလေးက ခပ်လှမ်းလှမ်းမှာ သွားကျမယ်။တကယ်လို့လူတစ်ယောက်က သူ့ထက်ပျင်းတဲ့အားနဲ့ပစ်မယ်ဆိုရင်ရော ...ခပ်ဝေးဝေးမှာသွားကြမှာပဲ။အဲ့ဒီဘောလုံးကျရတာမြေဆွဲအားကြောင့်လို့ပြောရင်မင်းတို့ငြင်းမယ်မထင်ဖူး .ကောင်းပြီ ဒီ့ထက်ပျင်းတဲ့အားနဲ့ပစ်မယ်ဆိုရင်ရော ...တစ်နည်းအားဖြင့်မြေဆွဲအားကိုဆန့်ကင်နိုင်လောက်တဲ့အားမျိုးပေါ့။ဒါဆိုဘယ်လိုဖြစ်သွားနိုင်မလဲ။ ကိုင်း..အဖြေကိုမြင်ပြီလား။မင်းရဲ့ပစ်အားကသာမြေဆွဲအားကိုဆန့်ကိင်နိုင်လောက်အောင်ကောင်းမယ်ဆိုရင်အဲ့ဒီဘောလုံးက မြေပေါ်မကျတော့ပဲ (တစ်ပတ်ပတ်ပြီး )မင်းနောက်စေ့ကိုလာမှန်မှာ အသေအချာပဲ။ပြီးတော့အနှောက်အယှက်မရှိမချင်း ဒီလိုပတ်နေလိ်မ့်မယ်။ဘယ်နဲ့ မင်းစိတ်ထဲမဖြစ်နိုင်ဖူးထင်နေလား။ဒီမနေနဲ့ကွ..ကမ္ဘာကိုဂြိုလ်တုတွေပတ်နေတာ ဒီသဘောတရားအတိုင်းပဲ။ကိုင်းထားလိုရင်းကို ပြန်သွားရအောင် ။အရေးအကြီးဆုံးအချက်ကိုပြောပြမယ်။ဘောလုံးလေးဟာ ကမ္ဘာရဲ့အဝိုက်အတိုင်း အလိုက်အသင့်ကွေ့သွားတယ်....အလိုက်သင့်ကွေ့သွားတာ တစ်ခြားကြောင့်မဟုတ်ဖူးမြေဆွဲအားကြောင့်ပဲ။မြေဆွဲအားသာမရှိရင်အဲ့လိုမသွားပဲ တန်းတန်းသာသွားလိမ့်မယ်။ဘောလုံးကို တည့်တည့်ပစ်လိုက်မယ်။ဒါပေမယ့်ဘောလုံးကိုမြေဆွဲအားက ဆွဲလိုက်တော့ တည့်တည့်မသွားပဲ အောက်ကိုဆိုက်လာတဲ့သဘောပဲ။မြင်ပြီလား.. အရေးအကြီးဆုံးအချက်ကို။ဒါကြောင့်ဘောလုံးဟာ(ငိုက်ငိုက်ဆင်းပြီး)ကမ္ဘာရဲ့အဝိုက်အတိုင်းပတ်သွားတာ။နောက်တစ်မျိုးပြောရရင်သူဝိုက်သွားတဲ့အကွာအဝေးဟာမြေဆွဲအားကြောင့်ကျလာမယ့် အကွာအဝေးနဲ့ထပ်တူပဲ။တစ်ခွန်းတည်း ခပ်ပြတ်ပြတ်ပြောရရင်၀ိုက်၀ိုက်ပြီးပတ်နေတယ်ဆိုတာ အောက်ကိုပြုတ်ကျနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။(ဒါကို တြီဂိုနည်းနဲ့တွက်လို့ရတယ်)