MM Science
efficiency စွမ်းဆောင်ရည်

efficiency စွမ်းဆောင်ရည်

MM Science
MM Science

စက်တွေက friction ကြောင့် သူ့စွမ်းအားကို အပြည့်မထုတ်နိုင်တဲ့အကြောင်း ပြောခဲ့တယ်နော်။ အဲ့ဒီမှာ စကားလုံးတစ်လုံး ဝင်လာတယ်။ efficiency တဲ့။ စွမ်းဆောင်ရည်လို့ အဓိပ္ပါယ်ရတယ်။ ဒီစကားလုံးဟာလဲ work နဲ့ ပတ်သက်ရင် power လိုဘဲ အရေးပါတဲ့ စကားလုံးတစ်ခု၊ အတိုင်းအတာတစ်ခုပဲ။ မင်း power ကိုသိရင် အဲ့ဒီစက်ရဲ့ အလုပ်လုပ်နိုင်စွမ်းကို ခန့်မှန်းလို့ရတယ်။ အဲ့ဒါနဲ့တင် မပြည့်စုံသေးဘူး။ အဲ့ဒီစက်ရဲ့ efficiency ကိုလဲ သိဖို့လိုတယ်။ စောစောက pulley ကိုဘဲ ပြတ်ကြည့်ရအောင်။ သံချေးတက်နေတဲ့ pulley က မင်းကို အရင်ကထက် ၂-ဆ ပိုပင်ပန်းစေတယ်ဆိုပါစို့ ... ဒါဆို အဲ့ဒီ pulley ရဲ့ efficiency က အရင်ရှိတာထက် တစ်ဝက်ကျသွားတဲ့ သဘောပဲ။ အကောင်းတုန်းက 0.8 ဆို အခု 0.4 ပေါ့။ အဲ့ဒီ pulley နှစ်ခု ဘယ်ဟာကိုရွေးမလဲဆို အကောင်းကိုဘဲရွေးမှာပဲ။ ဟိုကောင်ရဲ့ efficiency ကနည်းလို့။ ညံ့လို့ ... ဟုတ်လား။ ဆိုတော့ efficiency ဆိုတာ စက်တစ်ခုရဲ့ ထွက်လညမယ့် အလုပ်ရလဒ်ကို ပြောနိုင်ရင် ကောင်းတာပေါ့။ (power ဘယ်လောက်ကောင်းကောင်း efficiency နည်းရင်ညံ့ရင် တယ်အလုပ်တွင်မှာ မဟုတ်ဘူး။

ဆိုတော့ efficiency ဆိုတာ လက်တွေ့ထွက်လာတဲ့ အလုပ်ရလဒ် ( Actual MA )နဲ့ (friction မရှိရင်ဖြစ်လာမယ့်) 100% နှုန်းထုတ်ပေးနိုင်တဲ့ စံရလဒ် (Ideal MA)တို့ရဲ့ကွာဟချက်အချိုးအဆစ် နောက်တစ်မျိုး ပြောရရင် MA နဲ့ VR တို့ရဲ့ အချိုးအဆပဲ။ ဒါကြောင့်သင်္ချာလိုဆို - အဲ့ဒီအဓိပ္ပာယ်တိုင်းဆို နောက်တစ်မျိုးပြောလို့ရသေးတယ်။ လက်တွေ့ထွက်လာမယ့်အလုပ်ရလဒ် output work နဲ့ စံအလုပ်ရလဒ် input work တို့ရဲ့ အချိုးအဆလို့လည်း ပြောလို့ရတယ်။ The ration of output work to input work is defined as the efficiency of the machine. စက်တစ်ခု၏ စွမ်းဆောင်ရည်ဆိုသည်မှာ output work နှင့် input work တို့၏ အချိုးအဆပင်ဖြစ်သည်။ .

လက်တွေ့ဖြစ်လာတဲ့အလုပ် (output work)ဆိုတာ စက်ကြောင့် ဝန်ပစ္စည်းမှာ ဖြစ်လာတဲ့ အလုပ့်ရလဒ်။ တနည်းအားဖြင့် ဝန်ပစ္စည်း တကယ်ရွေ့သွားလို့ ဖြစ်လာတဲ့အလုပ်။ The work done on the load by the machine is called output work.

စံအလုပ် (input work)ဆိုတာ စိုက်အားကြောင့် (စက်မှာ ဖြစ်လာတဲ့)အလုပ်။ (ဝန်ပစ္စည်းနဲ့ မဆိုင်ဘူး) The work done on the machine by the effort is called input work.

MM Science
MM Science
Awesome articles