What is Light?
အလင်းသည် လှိုင်းဖြစ်သည့်အတွက် လှိုင်းပြန်ခြင်း၊ လှိုင်းကွေ့ခြင်း၊ လှိုင်းထပ်ခြင်း၊ လှိုင်းသန့်ခြင်းဆိုသည့် ဂုဏ်သတ္တိရှိသည်။
အလင်းတွင် လှိုင်းဂုဏ်သတ္တိရှိသလို အမှုန်ဂုဏ်သတ္တိလည်း ရှိသည်။ လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀.ကျော်လောက်က ပိုက်သာဂိုရပ်၊ယူလလစ်၊ပလေတိုး စတဲ့ ဂရိပညာရှင်ကြီးတွေ အပါအဝင် အလင်းကို Define လုပ်ရန် ကြိုးစားခဲ့ကြတယ်။ အလင်းသည် မည်သို့ပေါ်လာသနည်။ အလင်းသည် ရုပ်ဒြပ်ပစ္စည်းတစ်ခုလား။ ရုပ်ဒြပ်ဆိုလည်း ဘယ်လောက်အတိုင်းအတာ ရှိမည်နည်း။ ၄င်း ရွေ ့ သွားလျှင် ဘယ်လောက် အလျင်နှင့် ရွေ့သနည်း။ ၄င်း၏ ဂုဏ်သတ္တိသည် အဘယ်နည်း။
အရစ္စတိုတယ်က သက်တန့်ဟူသော ရေမှုန်လေးတွေမှာ နေရောင်အလင်းပြန်လို့ ပေါ်လာသည်ဟု ခန့်မှန်းနိုင်ခဲ့သည်။ သို့သော် ဂရိတို့၏ ယူဆချက်သည် အမှန်နှင့် မနီးစပ်ခဲ့ပေ။ ဥပမာ - "အလင်းရဲ့ အလျင်ဟာ အကန့်အသတ်မဲ့ဖြစ်တယ်၊ တစ်နည်းအားဖြင့် ရွေ့ပြီး သွားတယ်ဆိုတာ မရှိဘူး ( ရွေ့ပြီးသွားတယ်ဆိုကတည်းက အချိန်တစ်ခုတော့ ကြာရမယ်လေ)၊ အလင်းဆိုတာ ဘာမှ မဟုတ်ဘူး၊ ဆုပ်ကိုင်သတ်မှတ်ပြလို့ ရတဲ့အရာမဟုတ်ဘူးပေါ့)" ၁၆ ရာစုတွင် ဂယ်လီလီယို၊ ကပ်ပလာတို့မှ အလင်းကို ပိုပြီး သိပ္ပံနည်းကျကျ လေ့လာခဲ့ကြသည်။ ဂယ်လီလီယိုသည် အလင်း၏ အလျင်ကို ကြိုးစားတိုင်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ၄င်းခေတ်တွင် Dutch သချာင်္ ပညာရှင် ဝီလျီ ဘရော့ဒ်စနဲလ် (Willebrord Snell) သည် အလင်းယိုင်ခြင်းနိယာမကို သချာင်္ equation နှင့်ဖော်ပြနိုင်ခဲ့သည်။ (ထိုနိယာမကို Snell's law ဟုခေါ်သည်) ၁၇ ရာစုနှောင်းပိုင်းတွင် အလင်းနှင့်ပတ်သက်သော အဓိကသီအိုရီကြီး ၂ခု ပေါ်ပေါက်လာခဲ့သည်။
အလင်းသည် လျှပ်စစ်သံလိုက် ဖြာထွက်မှု ဖြစ်ပြီး လျှပ်စစ်သံလိုက်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။
မြင်နိုင်သော အလင်း၏ လှိုင်းအလျားသည် ၄၀၀ မှ ၇၀၀ နာနိုမီတာ အတွင်းရှိသည်။ ၄င်းသည် အနီအောက်ရောင်ခြည်နှင့် ခရမ်းလွန်ရောင်ခြည်ကြားတွင်ရှိသည်။ ကြိမ်နှုန်းအားဖြင့်ဆိုလျှင် ၄၃၀ မှ ၇၅၀ တာရာဟတ်ဇ် အတွင်းရှိသည်။
ကမ္ဘာပေါ်ရှိ အလင်းများ၏ အဓိကအရင်းအမြစ်မှာ နေ ဖြစ်သည်။ အစိမ်းရောင်ရှိသော အပင်များသည် နေအလင်းရောင်၏ စွမ်းအင်ကို သုံးပြီး အစာချက်လုပ်ကြသည်။
အခြားသက်ရှိတို့သည် အပင်များကို စားသုံးပြီး လှုပ်ရှားရန် စွမ်းအင်များ ရရှိကြသည်။ ဤသို့ အလင်းဖြင့်အစာချက်လုပ်ခြင်း ကိုအခြေခံ၍ သက်ရှိများအတွက် လိုအပ်သည့် စွမ်းအင်များကို ရရှိကြသည်။
သမိုင်းကြောင်း အားဖြင့် လူသားတို့အတွက် လိုအပ်သောအလင်းရောင်ကို မီးမှရရှိသည်။ လျှပ်စစ်မီးကို တီထွင်ပြီးသောအခါ လျှပ်စစ်မီးအလင်းရောင်သည် သဘာဝမီးအလင်းရောင်များကို အစားထိုးနေရာယူလာသည်။ အချို့သော သက်ရှိများသည် ၄င်းတို့၏ ကိုယ်ပိုင်အလင်းရောင်ကိုထုတ်လွှင့်သည်။ ဥပမာ ပိုးစုန်းကြူးများသည် ၄င်းတို့၏ မိတ်လိုက်ဖော်ကိုရှာရန်အတွက် ကိုယ်ပိုင်အလင်းရောင်ကို ထုတ်လွှတ်သည်။
အလင်း၏ အဓိက ဂုဏ်သတ္တိများမှာ ပြင်းအား(Intensity)၊ ဦးတည်ချက်လားရာ(direction)၊ ရောင်စဉ် ကြိမ်နှုန်း(frequency) သို့ လှိုင်းအလျား (Wavelength)၊ လှိုင်းယိမ်းခြင်း (Polatization) စသည်တို့ ဖြစ်သည်။
လေယာနယ်တွင် အလင်း၏ အလျင်သည် တစ်စက္ကန့်လျှင် ၂၉၉ ၇၉၂ ၄၅၈ မီတာနှုန်းဖြစ်သည်။
ရူပဗေဒတွင်မူ အလင်းဆိုသည့်စကားလုံးသည် မျက်စိဖြင့် မြင်နိုင်သည်ဖြစ်စေ၊ မမြင်နိုင်သည်ဖြစ်စေ မည်သည့်လှိုင်းအလျားမဆိုရှိသည့် လျှပ်စစ်သံလိုက်ဖြာထွက်မှု ကိုဆိုလိုသည်။
gamma rays, microwave နှင့် radio wave အားလုံးသည်လည်း အလင်းလှိုင်းများဟု ယူဆသည်။
အလင်းအမျိုးအစား အားလုံးကဲ့သို့ပင် မြင်နိုင်သော အလင်းသည်လည်း ဖိုတွန်ဟုခေါ်သည့် အထုပ်ငယ်များကို ထုတ်လွှတ်ခြင်းဖြစ်သလို လှိုင်း နှင့် အမှုန်တို့၏ သဘောတရား နှစ်မျိုးလုံးကို ဆောင်သည်။ ၄င်း ဂုဏ်သတလှိုင်း-အမှုန်စုံတွဲမှူ ဟုခေါ်သည်။ အလင်းကို လေ့လာသည့် ပညာရပ်သည် ခေတ်ပေါ်ရူပဗေဒတွင် အရေးပါသည့် သုတေသနနယ်ပယ်တစ်ခုဖြစ်သည်။
အလင်းသည် လှိုင်းဖြစ်သည့်အတွက် လှိုင်းပြန်ခြင်း၊ လှိုင်းကွေ့ခြင်း၊ လှိုင်းထပ်ခြင်း၊ လှိုင်းသန့်ခြင်းဆိုသည့် ဂုဏ်သတ္တိရှိသည်။ အလင်းတွင် လှိုင်းဂုဏ်သတ္တိရှိသလို အမှုန်ဂုဏ်သတ္တိလည်း ရှိသည်။ လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀.ကျော်လောက်က ပိုက်သာဂိုရပ်၊ယူလလစ်၊ပလေတိုး စတဲ့ ဂရိပညာရှင်ကြီးတွေ အပါအဝင် အလင်းကို Define လုပ်ရန် ကြိုးစားခဲ့ကြတယ်။ အလင်းသည် မည်သို့ပေါ်လာသနည်။ အလင်းသည် ရုပ်ဒြပ်ပစ္စည်းတစ်ခုလား။ ရုပ်ဒြပ်ဆိုလည်း ဘယ်လောက်အတိုင်းအတာ ရှိမည်နည်း။ ၄င်း ရွေ ့ သွားလျှင် ဘယ်လောက် အလျင်နှင့် ရွေ့သနည်း။ ၄င်း၏ ဂုဏ်သတ္တိသည် အဘယ်နည်း။
အရစ္စတိုတယ်က သက်တန့်ဟူသော ရေမှုန်လေးတွေမှာ နေရောင်အလင်းပြန်လို့ ပေါ်လာသည်ဟု ခန့်မှန်းနိုင်ခဲ့သည်။ သို့သော် ဂရိတို့၏ ယူဆချက်သည် အမှန်နှင့် မနီးစပ်ခဲ့ပေ။ ဥပမာ - "အလင်းရဲ့ အလျင်ဟာ အကန့်အသတ်မဲ့ဖြစ်တယ်၊ တစ်နည်းအားဖြင့် ရွေ့ပြီး သွားတယ်ဆိုတာ မရှိဘူး ( ရွေ့ပြီးသွားတယ်ဆိုကတည်းက အချိန်တစ်ခုတော့ ကြာရမယ်လေ)၊ အလင်းဆိုတာ ဘာမှ မဟုတ်ဘူး၊ ဆုပ်ကိုင်သတ်မှတ်ပြလို့ ရတဲ့အရာမဟုတ်ဘူးပေါ့)" ၁၆ ရာစုတွင် ဂယ်လီလီယို၊ ကပ်ပလာတို့မှ အလင်းကို ပိုပြီး သိပ္ပံနည်းကျကျ လေ့လာခဲ့ကြသည်။ ဂယ်လီလီယိုသည် အလင်း၏ အလျင်ကို ကြိုးစားတိုင်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ၄င်းခေတ်တွင် Dutch သချာင်္ ပညာရှင် ဝီလျီ ဘရော့ဒ်စနဲလ် (Willebrord Snell) သည် အလင်းယိုင်ခြင်းနိယာမကို သချာင်္ equation နှင့်ဖော်ပြနိုင်ခဲ့သည်။ (ထိုနိယာမကို Snell's law ဟုခေါ်သည်) ၁၇ ရာစုနှောင်းပိုင်းတွင် အလင်းနှင့်ပတ်သက်သော အဓိကသီအိုရီကြီး ၂ခု ပေါ်ပေါက်လာခဲ့သည်။
အလင်းသည် လျှပ်စစ်သံလိုက် ဖြာထွက်မှု ဖြစ်ပြီး လျှပ်စစ်သံလိုက်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ မြင်နိုင်သော အလင်း၏ လှိုင်းအလျားသည် ၄၀၀ မှ ၇၀၀ နာနိုမီတာ အတွင်းရှိသည်။ ၄င်းသည် အနီအောက်ရောင်ခြည်နှင့် ခရမ်းလွန်ရောင်ခြည်ကြားတွင်ရှိသည်။ ကြိမ်နှုန်းအားဖြင့်ဆိုလျှင် ၄၃၀ မှ ၇၅၀ တာရာဟတ်ဇ် အတွင်းရှိသည်။
ကမ္ဘာပေါ်ရှိ အလင်းများ၏ အဓိကအရင်းအမြစ်မှာ နေ ဖြစ်သည်။ အစိမ်းရောင်ရှိသော အပင်များသည် နေအလင်းရောင်၏ စွမ်းအင်ကို သုံးပြီး အစာချက်လုပ်ကြသည်။ အခြားသက်ရှိတို့သည် အပင်များကို စားသုံးပြီး လှုပ်ရှားရန် စွမ်းအင်များ ရရှိကြသည်။ ဤသို့ အလင်းဖြင့်အစာချက်လုပ်ခြင်း ကိုအခြေခံ၍ သက်ရှိများအတွက် လိုအပ်သည့် စွမ်းအင်များကို ရရှိကြသည်။
သမိုင်းကြောင်း အားဖြင့် လူသားတို့အတွက် လိုအပ်သောအလင်းရောင်ကို မီးမှရရှိသည်။ လျှပ်စစ်မီးကို တီထွင်ပြီးသောအခါ လျှပ်စစ်မီးအလင်းရောင်သည် သဘာဝမီးအလင်းရောင်များကို အစားထိုးနေရာယူလာသည်။ အချို့သော သက်ရှိများသည် ၄င်းတို့၏ ကိုယ်ပိုင်အလင်းရောင်ကိုထုတ်လွှင့်သည်။ ဥပမာ ပိုးစုန်းကြူးများသည် ၄င်းတို့၏ မိတ်လိုက်ဖော်ကိုရှာရန်အတွက် ကိုယ်ပိုင်အလင်းရောင်ကို ထုတ်လွှတ်သည်။
အလင်း၏ အဓိက ဂုဏ်သတ္တိများမှာ ပြင်းအား(Intensity)၊ ဦးတည်ချက်လားရာ(direction)၊ ရောင်စဉ် ကြိမ်နှုန်း(frequency) သို့ လှိုင်းအလျား (Wavelength)၊ လှိုင်းယိမ်းခြင်း (Polatization) စသည်တို့ ဖြစ်သည်။ လေယာနယ်တွင် အလင်း၏ အလျင်သည် တစ်စက္ကန့်လျှင် ၂၉၉ ၇၉၂ ၄၅၈ မီတာနှုန်းဖြစ်သည်။
ရူပဗေဒတွင်မူ အလင်းဆိုသည့်စကားလုံးသည် မျက်စိဖြင့် မြင်နိုင်သည်ဖြစ်စေ၊ မမြင်နိုင်သည်ဖြစ်စေ မည်သည့်လှိုင်းအလျားမဆိုရှိသည့် လျှပ်စစ်သံလိုက်ဖြာထွက်မှု ကိုဆိုလိုသည်။ gamma rays, microwave နှင့် radio wave အားလုံးသည်လည်း အလင်းလှိုင်းများဟု ယူဆသည်။ အလင်းအမျိုးအစား အားလုံးကဲ့သို့ပင် မြင်နိုင်သော အလင်းသည်လည်း ဖိုတွန်ဟုခေါ်သည့် အထုပ်ငယ်များကို ထုတ်လွှတ်ခြင်းဖြစ်သလို လှိုင်း နှင့် အမှုန်တို့၏ သဘောတရား နှစ်မျိုးလုံးကို ဆောင်သည်။ ၄င်း ဂုဏ်သတလှိုင်း-အမှုန်စုံတွဲမှူ ဟုခေါ်သည်။ အလင်းကို လေ့လာသည့် ပညာရပ်သည် ခေတ်ပေါ်ရူပဗေဒတွင် အရေးပါသည့် သုတေသနနယ်ပယ်တစ်ခုဖြစ်သည်။