အလင်းဆိုတာ အမှုန်လား..လှိုင်းလား
အလင်းဟူသည်...လှိုင်းလား (wave) ...အမှုန်လား။ ရုပ်ဒြပ်ထုဖြစ်သည့် အမှုန်နှင့် ရွေ့လျားမှတ်သက်သက်ဖြစ်သည့် လှိုင်းဟူသည် ဆန့်ကျင်ဘက်ပင်ဖြစ်သည်။ အနည်းငယ်မျှပင်မတူညီသော ထိုနှစ်ခုသည် အရာဝတ္ထုတစ်ခုထဲမှာပင် ကိန်းအောင်းနေသည် ဟုပြောရာတွင် အငြင်းပွားဖွယ်ရာများ ဧကန်ရှိလာနိုင်မည်။ သို့သော် သက်သေပြချက်များအရ နှစ်ဖက်လုံးကပင်မှန်ကန် ကောင်း မှန်ကန်နေပါလိမ့်မည်။ သို့သော် ၂ဝရာစုတွင် ထိုအကြောင်းအရာနှစ်ခုကို ဆက်စပ်ပေးနိုင်သည့် မဟာပုဂ္ဂိုလ်ကြီးတစ်ယောက်ပေါ်လာခဲ့သည်။ထိုခေတ်အချိန်အခါတွင်လှိုင်းနှင့့်အမှုန် မျိုးစုံပြောနေကြသော ပြသနာအားဖြေရှင်းရန် လူသူမသိသေးသော ၂၆နှစ်အရွယ် ပညာရှင်စာရေးလေးအိုင်းစတိုင်းက ရှင်းပြခဲ့သည်။၁၈၈၇-ခုနစ်တွင် ဟက်စ် စတွေ့ခဲ့သည့် အလင်းလျှပ်စစ်အကျိုး၊အိုင်းစတိုင်း၏ နာမည်ကျော် လျှပ်စစ်အကျိုး ရှင်းပြချက်မှာ အလင်းသည်စွမ်းအင်ထုတ်လေးပင်...တစ်နည်းအားဖြင့်အမှုန်ကလေးများဖြစ်သည်ဟု ခိုင်ခိုင်မာမာပင်ဆိုလိုက်သည်။ထို့ကြောင့်ပင်အလင်းအမှုန်(PHOTON)ဟူ၍ဖြစ်လာခဲ့သည်။ သို့သော် အလင်းအမှုန်ကလေးများ၏ရွေ့လျားမှုသည် လှိုင်းကဲ့သို့ပင်ဖြစ်ကြောင့် သချင်္ာအီကွေးရှင်းအရ ပြောပြခဲ့သည်။နာမည်ကျော်အီကွေးရှင်း တစ်ခုဖြစ်သည့် E=hfသည်အလင်းတစ်ခုသယ်ဆောင်လာသည့်စွမ်းအင်နှင့် ကြိမ်နှုန်းတို့၏အဆက်အစပ်ကို ဖော်ပြနိုင်ခဲ့သည်။Eသည်သယ်ဆောင်လာသည့်စွမ်းအင်၊fသည် ကြိမ်နှုန်းဖြစ်၍ hသည် ကိန်းသေပင်အိုင်းစတိုင်းလည်း ထိုရှင်းပြချက်နှင့်အတူ နိုဗယ်ဆုရရှိခဲ့သည်။ထိုရှင်းပြချက်သည်ပင်အနာဂတ်ရုပဗေဒအတွက် အရေးအကြီးဆုံးသီအိုရီဖြစ်ကြောင်း အစပျိုးခဲ့သည်။ မကျွင်းမကျန်ပြောရမည်ဆိုလျှင် စွမ်းအင်ဆိုသည်မှာ ပြတ်တောင်းတန်ဖိုးဆောင်သည့် အထုတ်လေးတွေဟူ၍ပြောခဲ့သည်မှာ အိုင်းစတိုင်းမဟုတ်ပင်။ကွမ်တမ်ရူပဗေဒကိုမွေးဖွားပေးခဲ့သည့် ဖခင်ကြီး(သို့)ဂျာမန် ရူပဗေဒနိုဗယ်ဆိုရှင် မက်စ်ပလန့် Max Planck(1858-1947)ပင်။သူရှာဖွေတွေ့ရှိခဲ့သည့် ပလန့်ကိန်းသေhဆိုသည်မှာ ကွမ်တမ်ရူပဗေဒ၏ အခြေခံဖြစ်ပြီး စကြာဝဠာဆိုင်ရာ ကိန်းသေတစ်ခုဟုလည်းဆိုနိုင်ပေသည်။သို့သော် ကွမ်တမ်အယူအဆကို အခြေခံပြီး အလင်းသည်လှိုင်းဆန်သောအမှုန်ကြောင်းပြောနိုင်ခဲ့သူမှာ အိုင်းစတိုင်ပင်။ ဉာဏ်ပညာကြီးမားသူတွေ၏ကျေးဇူးကြောင့်ပင် ထင်ရှားသည့် သီအိုရီနှစ်ခုသည် တစ်ခုကိုတစ်ခုချေဖျက်သည့်ဆန့်ကျင်ဘက်မဟုတ်ကြပင်။တစ်ခုကိုတစ်ခုပြည့်အောင်ဖြည့်ပေးသည့် ဖြည့်ဘက်များပင်။
အကျဉ်းချုပ်ပြန်ပြောရမည်ဆိုလျှင် ၁ရရာစု၌-
- Newton's corpuscles theory(အလင်းကိုအမှုန်ဟူ၍ယူဆသည့်သီအိုရီ) နှင့်
- Huygen's wave theory(အလင်းဆိုတာ လှိုင်းဟုယူဆသည့်သီအိုရီ)
- ၂ဝရာစု၌- အလင်းဆိုသည် အမှုန်လည်းဖြစ်သည် လှိုင်းလည်းဖြစ်သည်ဟု ဆိုနိုင်သည့် Modren theoriesတွေပေါ်ခဲ့သည်။ခေတ်ပေါ်သီအိုရီအရ အလင်းဆိုတာ လှိုင်းအနေနှင့် လှိုင်းအလျားတိုသည့် လျှပ်စစ်သံလိုက်လှိုင်းဟုသတ်မှတ်သည်။
၂၁ရာစုတင် အလင်းဟူသည် အမှုန်ပင် လှိုင်းပင် အငြင်းမပွားကြတော့ပေ။လှိုင်းဆန်တဲ့အမှုန်အမှုန်ဆန်တဲ့လှိုင်းဟု ချွင်းချက်မရှိလက်ခံလိုက်ကြသည်။ တစ်နည်းအားဖြင့် ဒွိဂုဏ်ရှိတဲ့ အရာလို့လက်ခံလိုက်ကြသည်။အလင်းရဲ့ ဆန်းချက်တွေအနက် အထင်ရှားဆုံးသည် အလင်း၏အလျင်ပဲ။
အလင်းဟူသည်...လှိုင်းလား (wave) ...အမှုန်လား။ ရုပ်ဒြပ်ထုဖြစ်သည့် အမှုန်နှင့် ရွေ့လျားမှတ်သက်သက်ဖြစ်သည့် လှိုင်းဟူသည် ဆန့်ကျင်ဘက်ပင်ဖြစ်သည်။ အနည်းငယ်မျှပင်မတူညီသော ထိုနှစ်ခုသည် အရာဝတ္ထုတစ်ခုထဲမှာပင် ကိန်းအောင်းနေသည် ဟုပြောရာတွင် အငြင်းပွားဖွယ်ရာများ ဧကန်ရှိလာနိုင်မည်။ သို့သော် သက်သေပြချက်များအရ နှစ်ဖက်လုံးကပင်မှန်ကန် ကောင်း မှန်ကန်နေပါလိမ့်မည်။ သို့သော် ၂ဝရာစုတွင် ထိုအကြောင်းအရာနှစ်ခုကို ဆက်စပ်ပေးနိုင်သည့် မဟာပုဂ္ဂိုလ်ကြီးတစ်ယောက်ပေါ်လာခဲ့သည်။ထိုခေတ်အချိန်အခါတွင်လှိုင်းနှင့့်အမှုန် မျိုးစုံပြောနေကြသော ပြသနာအားဖြေရှင်းရန် လူသူမသိသေးသော ၂၆နှစ်အရွယ် ပညာရှင်စာရေးလေးအိုင်းစတိုင်းက ရှင်းပြခဲ့သည်။၁၈၈၇-ခုနစ်တွင် ဟက်စ် စတွေ့ခဲ့သည့် အလင်းလျှပ်စစ်အကျိုး၊အိုင်းစတိုင်း၏ နာမည်ကျော် လျှပ်စစ်အကျိုး ရှင်းပြချက်မှာ အလင်းသည်စွမ်းအင်ထုတ်လေးပင်...တစ်နည်းအားဖြင့်အမှုန်ကလေးများဖြစ်သည်ဟု ခိုင်ခိုင်မာမာပင်ဆိုလိုက်သည်။ထို့ကြောင့်ပင်အလင်းအမှုန်(PHOTON)ဟူ၍ဖြစ်လာခဲ့သည်။ သို့သော် အလင်းအမှုန်ကလေးများ၏ရွေ့လျားမှုသည် လှိုင်းကဲ့သို့ပင်ဖြစ်ကြောင့် သချင်္ာအီကွေးရှင်းအရ ပြောပြခဲ့သည်။နာမည်ကျော်အီကွေးရှင်း တစ်ခုဖြစ်သည့် E=hfသည်အလင်းတစ်ခုသယ်ဆောင်လာသည့်စွမ်းအင်နှင့် ကြိမ်နှုန်းတို့၏အဆက်အစပ်ကို ဖော်ပြနိုင်ခဲ့သည်။Eသည်သယ်ဆောင်လာသည့်စွမ်းအင်၊fသည် ကြိမ်နှုန်းဖြစ်၍ hသည် ကိန်းသေပင်အိုင်းစတိုင်းလည်း ထိုရှင်းပြချက်နှင့်အတူ နိုဗယ်ဆုရရှိခဲ့သည်။ထိုရှင်းပြချက်သည်ပင်အနာဂတ်ရုပဗေဒအတွက် အရေးအကြီးဆုံးသီအိုရီဖြစ်ကြောင်း အစပျိုးခဲ့သည်။ မကျွင်းမကျန်ပြောရမည်ဆိုလျှင် စွမ်းအင်ဆိုသည်မှာ ပြတ်တောင်းတန်ဖိုးဆောင်သည့် အထုတ်လေးတွေဟူ၍ပြောခဲ့သည်မှာ အိုင်းစတိုင်းမဟုတ်ပင်။ကွမ်တမ်ရူပဗေဒကိုမွေးဖွားပေးခဲ့သည့် ဖခင်ကြီး(သို့)ဂျာမန် ရူပဗေဒနိုဗယ်ဆိုရှင် မက်စ်ပလန့် Max Planck(1858-1947)ပင်။သူရှာဖွေတွေ့ရှိခဲ့သည့် ပလန့်ကိန်းသေhဆိုသည်မှာ ကွမ်တမ်ရူပဗေဒ၏ အခြေခံဖြစ်ပြီး စကြာဝဠာဆိုင်ရာ ကိန်းသေတစ်ခုဟုလည်းဆိုနိုင်ပေသည်။သို့သော် ကွမ်တမ်အယူအဆကို အခြေခံပြီး အလင်းသည်လှိုင်းဆန်သောအမှုန်ကြောင်းပြောနိုင်ခဲ့သူမှာ အိုင်းစတိုင်ပင်။ ဉာဏ်ပညာကြီးမားသူတွေ၏ကျေးဇူးကြောင့်ပင် ထင်ရှားသည့် သီအိုရီနှစ်ခုသည် တစ်ခုကိုတစ်ခုချေဖျက်သည့်ဆန့်ကျင်ဘက်မဟုတ်ကြပင်။တစ်ခုကိုတစ်ခုပြည့်အောင်ဖြည့်ပေးသည့် ဖြည့်ဘက်များပင်။ အကျဉ်းချုပ်ပြန်ပြောရမည်ဆိုလျှင် ၁ရရာစု၌-
- Newton's corpuscles theory(အလင်းကိုအမှုန်ဟူ၍ယူဆသည့်သီအိုရီ) နှင့်
- Huygen's wave theory(အလင်းဆိုတာ လှိုင်းဟုယူဆသည့်သီအိုရီ)
- ၂ဝရာစု၌- အလင်းဆိုသည် အမှုန်လည်းဖြစ်သည် လှိုင်းလည်းဖြစ်သည်ဟု ဆိုနိုင်သည့် Modren theoriesတွေပေါ်ခဲ့သည်။ခေတ်ပေါ်သီအိုရီအရ အလင်းဆိုတာ လှိုင်းအနေနှင့် လှိုင်းအလျားတိုသည့် လျှပ်စစ်သံလိုက်လှိုင်းဟုသတ်မှတ်သည်။