Wormhole(တွင်းလှိုင်ခေါင်းများ)
ဟိုတစ်နေ့က ကျွန်တော် တွင်းနက်တွေအကြောင်းဆွေးနွေးခဲ့ပြီးပြီဆိုတော့ ဒီနေ့ မှာတော့ တွင်းနက်တွေကို အခြေပြုပြီး ဖြစ်လာတယ့် တွင်းလှိုက်ခေါင်းတွေနဲ့ ပတ်သတ်ပြီး သိသလောက် ပြောပြပေးမှာဖြစ်ပါတယ်။
တွင်းနက်တွေကို တွေ့ရှိပြီးနောက်မှာတော့ ရေပန်းစားလာတာကတော့ တွင်းလှိုင်ခေါင်းသီအိုရီပဲ ဖြစ်ပါတယ်။ လူတွေက တစ်နေရာနဲ့ တစ်နေရာ အလွန်ဝေးကွာတယ့်( အလင်းနှစ်လောက်ဝေးကွာတာမျိုး) အခါ သွားဖို့ လာဖို့ အဆင်မပြေတာကြုံရပါတယ်။ အတော့ အလင်းလျင်နဲ့ သွားနိုင်တယ့် စက်မျိုးထွင်ဖို့ကြိုးပမ်းလာကြမယ်။ ဒါပေမယ့် အိုင်းစတိုင်းရဲ့အလိုအရ အလင်းလျင်ထက်မြန်အောင်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ဆိုထားတယ်။
အဒါဆို ကျွန်တော်တို့ ဘယ်လိုသွားကြမလဲ?
1935 လောက်မှာ Einstein နဲ့ သူရဲ့ လုပ်ဖော်ကိုဖက်ဖြစ်တယ့် Nathan Rosen တို့က General Relativity ကိုအသုံးပြုပြီးတော့ ဟင်းလင်ပြင်ရဲ့ မတူညီတဲ့ အမှတ်နှစ်ခုကို ဆက်ထားတယ့် တံတားတွေ ရှိနိုငတယ််လို့ ခန့်မှန်းခဲ့တယ်။ သူတို့ကို Einstein Rosen Bridge လို့ခေါ်ဝေါ်ကြပြီး 1957 ခုနှစ်မှာတော့ တွင်းလှိုင်ခေါင်း ( Wormhole) လို့ပြောင်းလဲခေါ်ဝေါ်ခဲ့တယ်။ Wormhole တွေဆိုတာကတော့ နေရာနှစ်ခု သို့မဟုတ် Dimension နှစ်ခုကိုဆက်ပေးတယ့် တံတားတွေပဲဖြစ်တယ်။ ဒီ တံတားတွေဟာ အကွာအဝေးကိုလျော့ချလိုက်ပြီး အချိန်ခရီးသွားနိုင်တယ်လို့လဲဆိုကြတယ်။ အဓိကအားဖြင့်တော့ အဒါတွေဟာ အာကာသအတွင်း မတူညီတယ့် အမှတ်နှစ်ခုကို ဖြတ်သန်းသွားလာနိုင်ဖို့ အတွက် Shortcut တွေပဲဖစ်တယ်။ မတူညီ တယ့် အမှတ်တွေဟာ အလင်းနှစ်သန်းပေါင်းများစွာ ကွာဝေးပြီးတော့ တစ်ဖက်ကစားပြီး ပြန်အန်ထုတ်လိုက်သလိုပဲ ချက်ချင်းထွက်လာနိုင်တယ်။ ဥပမာ ကိုက ကို့ကောင်မလေး အိမ်ကို ကို့အိမ်က တံခါးဖွင့်လိုက်တာနဲ့ ရောက်သွားတာမျိုးပေါ့။
တွင်းလှိုင်ခေါင်းတွေ တကယ်ရှိမရှိကတော့ ခုချ်န်ထိ သိပ္ပံ ပညာရှင်တွေကြား အငြင်းအခုန်ဖြစ်နေကြတုန်းပါပဲ။
တွင်းလှိုင်ခေါင်း တွေဟာ တွင်းနက် တွေနဲ့ ဘယ်လိုဆက်စပ်နေသလဲ?
တွင်းလှိုင်ခေါင်းတွေနဲ့ ပတ်သတ်လို့ကတော့ အကုန်လုံးနီးပါးလောက်က သီအိုရီ အရတွေကြီးပဲ။တွင်းလှိုင်ခေါင်း တစ်ခုဆိုတာကတော့ Point နှစ်ခု ( တွင်းနက် ) တွေကိုဆက်ထားတယ့် တံတားဖြစ်တယ်လို့ ယူဆထားကြတယ်။ Austrian ရူပဗေဒပညာရှငိ Ludwig Flamm ကတော့ တစ်ခြား သီအိုရီ တစ်ခု ကိုတင်ပြခဲ့တယ်။ တွင်းလှိုင်ခေါင်း တွေဆိုတာ အမှတ်နှစ်ခုကိုဆက်ထားတာဟုတ်တယ် ဒါပေမဲ့ တွင်းနက် နှစ်ခုတော့မဟုတ်ဘူး။ တွင်းနက် ဆိုတယ့် သဘောတရားဟာ စုပ်ယူနိုင့်တယ့် အစွမ်းရှိတယ့် အတွက် ပြန်ထွက်ဖို့ရာ အတွက် နောက်အမှတ် တစ်ခုဟာ တွင်းနက်ရဲ့ ဆန့်ကျင်ဘက် တွင်းဖြူ ( Whitehole) တွေဖြစ်ရမယ်လို့တင်ပြတယ်။
တွင်းလှိုင်ခေါင်းတွေတည်ရှိနိုင်လား?
မေးသင့်တယ့် မေးခွန်းလဲ ဖြစ်သလို ဖြေရမယ့် သူအတွက်လည်းတော်တော် ခက်ခဲပါတယ်။
ကျွန်တော့် အနေနဲ့ပြောရမယ်ဆိုရင်တော့ ရှိနိုင်ပါတယ်။ ဇာတ်ကားတော်တော်များများ မှာ တွင်းလှိုင်ခေါင်း တွေကိုဖြတ်ပြီး အာကာသ ခရီးသွားတာ ဖြစ်ဖြစ် အချိန်ခရီးသွားတာဖြစ်ဖြစ်တွေ့ဖူးကြမှာပါ။ ဥပမာ Thor ရဲ့ အရာင်တောက်ပနေတယ့် တံတားကြီး Intersteller ကားထဲက တွင်းလှိုင်ခေါင်းကြီး ကျွန်တော်ထင်တယ် Monster University ထဲက တံခါတွေကတောင် တွင်းလှိုင်ခေါင်းတွေဖြစ်နေမလားဘဲ။ ဇာတ်ကားတွေထဲတော့ တွင်းလှိုင်ခေါင်း တွေဟာ တကယ်ပဲ ရှိသယောင်ယောင်ထင်နေရပါပြီ။ တကယ့် လက်တွေ့မှာတော့ တွင်းလှိုင်ခေါင်းတစ်ခု တည်ရှိဖို့က မလွယ်ကူလှပါဘူး။ ဘာလို့လဲဆိုတော့ သဘာဝမှာ တွေ့ထားတယ့် တွင်းနက်တွေထဲမှာ တွင်းလှိုင်ခေါင်းတွေ တစ်ခုမှမတွေ့သေးပါဘူး။( မရှိဘူးလို့ပြောတာ မဟုတ်ပါဘူး )။ ရူပဗေဒ ပညာရှင် အချို့တော့ တွင်းလှိုင်ခေါင်း တွေရှိနိုင်တယ်လို့ယုံကြယ်ထားပေမယ့်လဲ ယခုထိတော့ ထူးြးြဆန်းကြယ်သော အရာတွေအဖြစ်သတ်မှတ်ထားတုန်းပါပဲ။
တွင်းလှိုင်ခေါင်းတွေရှိဖို့ ဘာကြာင့်ခက်ခဲနေရတာလဲ?
ပထမဆုံးပြသာနာကတော့ အရွယ်အစားပဲ ။ စကြာဝဠာ ကြီး ဖောင်းပွလာတုန်းက Quantum Fluctuations တွေကြောင့် တွင်းလှိုင်ခေါင်းတွေ အမြောက်အများရှိခဲ့မယ်လို့ ခန့်မှန်းကြတယ်။ အလိုအလွန်ရှေးကြတယ့် ကောင်တွေက အရွယ်အစား အားဖြင့် 10 ^-33 cm လောက်ပဲရှိလောက်တယ်။ ခုစကြာဝဠာကြီးက ဆက်လက်ကျယ်ပြန်နေတာဆိုတော့လဲ ကျယ်လာနိုင်တာပဲလေ။
ပထမပြသာနာ အသာထားဦး ဒုတိယကောင်ကပိုဆိုးတယ်။ နာမည်က တည်ငြိမ်မှုမရှိခြင်း (instability)။ တွင်းလှိုင်ခေါင်း တော်တော်များများဟာ တည်ငြိမ်မှု မရှိဲကြဘူး။ Atom အောက်အလွန်သေးတယ့် တွင်းလှိုင်ခေါင်း တွေအများအပြားဖြစ်တည်သော်ငြား တည်ငြိမ်မှု မရှိခြင်းကြောင့် ပေါာလိုက်ပျောက်လိုက်ဖြစ်နေကြတယ်။ ဒီပြသာနာကိို ဖြေရှင်းဖို့ အတွက် Exotic Matter လိုခေါ်တယ့် ဒြပ်တစ်မျိုးကို အသုံးချရမယ်။
Exotic Matter ဆိုတာဘာလဲ ဘယ်လိုအသုံး ချမလဲ?
အလွန်ကောင်းတယ့် မေးခွန်းဖြစ်ပါတယ်။ တွင်းလှုင်ခေါင်းတွေကို ဖြတ်ဖို့ အတွက် အဓိက ပြသာနာက မတည်ငြိမ်မှု ဖြစ်တယ်။ တွင်းလှိုင်ခေါင်းတစ်ခုကို လူတစ်ယောက်က ဖြတ်ပြီဆိုရင် တွင်းနက်ရဲ့ ဆွဲအားကြောင့် လူဟာ ကြေမွပျက်စီးသွားမှာ ကျိန်းသေပါပဲ။ အတော့ တွင်းလှိုင်ခေါင်း တွေကို အမြဲ ပွင့်နေစေဖို့ အရာ Negative Energy တစ်ခုလိုအိပ်ပါတယ်။ Exotic Matter တွေဆိုတာ Matter လိုလဲ မဟုတ် Antimatter နဲ့လည်း မတူညီပါဘူး။ Matter တို့ Antimatter တို့ဆိုတာ Positive mass ရှိတယ် ဆွဲငင်ခြင်းကိုလုပ်ဆောငိတယ်။ Exotic Matter တွေကတော့ Negative Mass ရှိတယ် Negative Energy နဲ့ Pressure အမြောက်အများ ပါဝင်တယ်။ Negative Mass ရှိတယ့်အတွက်တော့ Anti Gravity တစ်ခုကိုဖန်တီးပေးပြီး တွင်းလှိုင်ခေါင်းတစ်ခုကို အမြဲ ပွင့်နေစေမှာဖြစ်ပါတယ်။
တွင်းလှိုင်ခေါင်းတစ်ခုဟာ သဘာဝ အားဖြင့်ဖြစ်စေ လူတွေလုပ်လို့ပဲဖြစ်စေ Exotic. matter တွေ လုံလုံလောက်လောက်ရှိရင် အာကာသနဲ့ တစ်နေရာနဲ့တစ်နေရာ ကို အချိနိတိုတွင်းဖြတ်ကူး နိုင်မှာဖြစ်ပါတယ်။
တွင်းလှိုင်ခေါင်းတွေကို ဖြတ်ပြီး အချိန်ခရီးသွား နိင်သလား?
တွင်းလှိုင်ခေါင်းတွေဟာ အာကသ ရဲ့ မတူညီတယ့် နေရာဒေသတွေ မတူညီတယ့် စကြာဝဠာ တွေကိုဆက်ပေးရုံတင်မကပဲ မတူညီတယ့် အချိန်တွေကိုလဲဆက်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။ Dark Serie ထဲမှာတော့ ဂူထဲဝင်တာ အချိန်တွေပြောင်းကုန်တညပြထားပါတယ်။ Flash ကားထဲမှာလဲ အချိန်ခရီးသွားတာတွေ ထည့်ရိုက်ထားတာတွေ့ရတယ်။ Stephen hawking အနေနဲ့ကတော့ တွင်းလှိုင်ခေါင်းတွေဟာ အချိန်ခရီးသွား နိုင်တယ့် အရာတွေမဟုတ်ဘူးလို့ ဆိုထားတယ်။ NASA ရဲ့ Eric christian ကလည်း တွင်းလှိုင်ခေါင်းတွေဟာ အချ်န်ခရီးသွားစက်တွေ မဟူတ် အမှတ်နှစ်ခုကို အနီးဆုံးဖြစ်အောင်ဆက်ပေးတယ့် အရာတွေပဲဖြစ်တယ်လို့ ပြောတယ်။
Einstein အနေနဲ့ကတော့ တွင်းလှိုင်ခေါင်း ထဲဖြတ် ရင် အချိန်က Infinite ဖြစ်သွားပြီး သေ သွားရင်တောင် အပြင်ကို ပြန်မထွက်နိုင်ဘူးလို့လဲပြောသေးတယ်။ ဒါပေမဲ့ အားလုံးထက် ထူးခြားတယ့် ပညာရှင် Kip thome လေးကတော့ 1980 လောက်မှာ တွင်းလှိုင်ခေါင်း တွေဟာ အချိန်ခရီးသွားစက်တွေ့ဖြစ်တယ်လို့ ခန့်မှန်းပြောဆိုထားတယ်။
တွင်းလှိုက်ခေါင်းတွေနဲ့ သီအိုရီ နဲ့ပတ်သတ်တာတွေပဲ့ဖြစ်တယ်။တွင်းလှိုင်ခေါင်း တွေဟာ တည်ငြိမ်မှုမရှိသေးတာကြောင့် ယခုထိတိုင် မလေ့လာနိုင်သေးတာဖြစ်ပါတယ်။ခုခေါတ်နည်းပညာ အနေနဲ့ကလည်း တွင်း လှိုင်ခေါင်း တွေကို တည်ငြိမ်အောင်လုပ်ဖို့တော့ မလွယ်ကူလှသေးပါဘူး။နောက်ပိုင်း နည်းပညာတိုးတက်လာမယ်ဆိုရင်တော့ Space Travel လုပ်တယ့် အခါ တွင်းလှိုင်ခေါင်း တွေအသူံးပြုလာနိုင်ပါတယ်။ အချိန်နဲ့ ပတ်သက်တယ့် အကြောင်းတွေတော့ နောက်ပတ်မှ တင်ပေးပါမယ်။
စာဖတ် သူအနေနဲ့ကောတွင်းလှိုင်ခေါင်းတွေနဲ့ ပတ်သတ်ပြီး ဘယ်လိုထင်လဲ?
U Tube က Vedio တွေနဲ့ ဆောင်းပါးတစ်ချိုကို မှီငြမ်းရေးသားခြင်းဖြစ်ပါတယ်။
သိပ္ပံ စာပေများဖတ်ရှုပေးတယ့် အတွက်ကျေးဇူးတင်ပါတယ်။
ဟိုတစ်နေ့က ကျွန်တော် တွင်းနက်တွေအကြောင်းဆွေးနွေးခဲ့ပြီးပြီဆိုတော့ ဒီနေ့ မှာတော့ တွင်းနက်တွေကို အခြေပြုပြီး ဖြစ်လာတယ့် တွင်းလှိုက်ခေါင်းတွေနဲ့ ပတ်သတ်ပြီး သိသလောက် ပြောပြပေးမှာဖြစ်ပါတယ်။
တွင်းနက်တွေကို တွေ့ရှိပြီးနောက်မှာတော့ ရေပန်းစားလာတာကတော့ တွင်းလှိုင်ခေါင်းသီအိုရီပဲ ဖြစ်ပါတယ်။ လူတွေက တစ်နေရာနဲ့ တစ်နေရာ အလွန်ဝေးကွာတယ့်( အလင်းနှစ်လောက်ဝေးကွာတာမျိုး) အခါ သွားဖို့ လာဖို့ အဆင်မပြေတာကြုံရပါတယ်။ အတော့ အလင်းလျင်နဲ့ သွားနိုင်တယ့် စက်မျိုးထွင်ဖို့ကြိုးပမ်းလာကြမယ်။ ဒါပေမယ့် အိုင်းစတိုင်းရဲ့အလိုအရ အလင်းလျင်ထက်မြန်အောင်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ဆိုထားတယ်။
အဒါဆို ကျွန်တော်တို့ ဘယ်လိုသွားကြမလဲ?
1935 လောက်မှာ Einstein နဲ့ သူရဲ့ လုပ်ဖော်ကိုဖက်ဖြစ်တယ့် Nathan Rosen တို့က General Relativity ကိုအသုံးပြုပြီးတော့ ဟင်းလင်ပြင်ရဲ့ မတူညီတဲ့ အမှတ်နှစ်ခုကို ဆက်ထားတယ့် တံတားတွေ ရှိနိုငတယ််လို့ ခန့်မှန်းခဲ့တယ်။ သူတို့ကို Einstein Rosen Bridge လို့ခေါ်ဝေါ်ကြပြီး 1957 ခုနှစ်မှာတော့ တွင်းလှိုင်ခေါင်း ( Wormhole) လို့ပြောင်းလဲခေါ်ဝေါ်ခဲ့တယ်။ Wormhole တွေဆိုတာကတော့ နေရာနှစ်ခု သို့မဟုတ် Dimension နှစ်ခုကိုဆက်ပေးတယ့် တံတားတွေပဲဖြစ်တယ်။ ဒီ တံတားတွေဟာ အကွာအဝေးကိုလျော့ချလိုက်ပြီး အချိန်ခရီးသွားနိုင်တယ်လို့လဲဆိုကြတယ်။ အဓိကအားဖြင့်တော့ အဒါတွေဟာ အာကာသအတွင်း မတူညီတယ့် အမှတ်နှစ်ခုကို ဖြတ်သန်းသွားလာနိုင်ဖို့ အတွက် Shortcut တွေပဲဖစ်တယ်။ မတူညီ တယ့် အမှတ်တွေဟာ အလင်းနှစ်သန်းပေါင်းများစွာ ကွာဝေးပြီးတော့ တစ်ဖက်ကစားပြီး ပြန်အန်ထုတ်လိုက်သလိုပဲ ချက်ချင်းထွက်လာနိုင်တယ်။ ဥပမာ ကိုက ကို့ကောင်မလေး အိမ်ကို ကို့အိမ်က တံခါးဖွင့်လိုက်တာနဲ့ ရောက်သွားတာမျိုးပေါ့။
တွင်းလှိုင်ခေါင်းတွေ တကယ်ရှိမရှိကတော့ ခုချ်န်ထိ သိပ္ပံ ပညာရှင်တွေကြား အငြင်းအခုန်ဖြစ်နေကြတုန်းပါပဲ။
တွင်းလှိုင်ခေါင်း တွေဟာ တွင်းနက် တွေနဲ့ ဘယ်လိုဆက်စပ်နေသလဲ?
တွင်းလှိုင်ခေါင်းတွေနဲ့ ပတ်သတ်လို့ကတော့ အကုန်လုံးနီးပါးလောက်က သီအိုရီ အရတွေကြီးပဲ။တွင်းလှိုင်ခေါင်း တစ်ခုဆိုတာကတော့ Point နှစ်ခု ( တွင်းနက် ) တွေကိုဆက်ထားတယ့် တံတားဖြစ်တယ်လို့ ယူဆထားကြတယ်။ Austrian ရူပဗေဒပညာရှငိ Ludwig Flamm ကတော့ တစ်ခြား သီအိုရီ တစ်ခု ကိုတင်ပြခဲ့တယ်။ တွင်းလှိုင်ခေါင်း တွေဆိုတာ အမှတ်နှစ်ခုကိုဆက်ထားတာဟုတ်တယ် ဒါပေမဲ့ တွင်းနက် နှစ်ခုတော့မဟုတ်ဘူး။ တွင်းနက် ဆိုတယ့် သဘောတရားဟာ စုပ်ယူနိုင့်တယ့် အစွမ်းရှိတယ့် အတွက် ပြန်ထွက်ဖို့ရာ အတွက် နောက်အမှတ် တစ်ခုဟာ တွင်းနက်ရဲ့ ဆန့်ကျင်ဘက် တွင်းဖြူ ( Whitehole) တွေဖြစ်ရမယ်လို့တင်ပြတယ်။
တွင်းလှိုင်ခေါင်းတွေတည်ရှိနိုင်လား?
မေးသင့်တယ့် မေးခွန်းလဲ ဖြစ်သလို ဖြေရမယ့် သူအတွက်လည်းတော်တော် ခက်ခဲပါတယ်။
ကျွန်တော့် အနေနဲ့ပြောရမယ်ဆိုရင်တော့ ရှိနိုင်ပါတယ်။ ဇာတ်ကားတော်တော်များများ မှာ တွင်းလှိုင်ခေါင်း တွေကိုဖြတ်ပြီး အာကာသ ခရီးသွားတာ ဖြစ်ဖြစ် အချိန်ခရီးသွားတာဖြစ်ဖြစ်တွေ့ဖူးကြမှာပါ။ ဥပမာ Thor ရဲ့ အရာင်တောက်ပနေတယ့် တံတားကြီး Intersteller ကားထဲက တွင်းလှိုင်ခေါင်းကြီး ကျွန်တော်ထင်တယ် Monster University ထဲက တံခါတွေကတောင် တွင်းလှိုင်ခေါင်းတွေဖြစ်နေမလားဘဲ။ ဇာတ်ကားတွေထဲတော့ တွင်းလှိုင်ခေါင်း တွေဟာ တကယ်ပဲ ရှိသယောင်ယောင်ထင်နေရပါပြီ။ တကယ့် လက်တွေ့မှာတော့ တွင်းလှိုင်ခေါင်းတစ်ခု တည်ရှိဖို့က မလွယ်ကူလှပါဘူး။ ဘာလို့လဲဆိုတော့ သဘာဝမှာ တွေ့ထားတယ့် တွင်းနက်တွေထဲမှာ တွင်းလှိုင်ခေါင်းတွေ တစ်ခုမှမတွေ့သေးပါဘူး။( မရှိဘူးလို့ပြောတာ မဟုတ်ပါဘူး )။ ရူပဗေဒ ပညာရှင် အချို့တော့ တွင်းလှိုင်ခေါင်း တွေရှိနိုင်တယ်လို့ယုံကြယ်ထားပေမယ့်လဲ ယခုထိတော့ ထူးြးြဆန်းကြယ်သော အရာတွေအဖြစ်သတ်မှတ်ထားတုန်းပါပဲ။
တွင်းလှိုင်ခေါင်းတွေရှိဖို့ ဘာကြာင့်ခက်ခဲနေရတာလဲ?
ပထမဆုံးပြသာနာကတော့ အရွယ်အစားပဲ ။ စကြာဝဠာ ကြီး ဖောင်းပွလာတုန်းက Quantum Fluctuations တွေကြောင့် တွင်းလှိုင်ခေါင်းတွေ အမြောက်အများရှိခဲ့မယ်လို့ ခန့်မှန်းကြတယ်။ အလိုအလွန်ရှေးကြတယ့် ကောင်တွေက အရွယ်အစား အားဖြင့် 10 ^-33 cm လောက်ပဲရှိလောက်တယ်။ ခုစကြာဝဠာကြီးက ဆက်လက်ကျယ်ပြန်နေတာဆိုတော့လဲ ကျယ်လာနိုင်တာပဲလေ။
ပထမပြသာနာ အသာထားဦး ဒုတိယကောင်ကပိုဆိုးတယ်။ နာမည်က တည်ငြိမ်မှုမရှိခြင်း (instability)။ တွင်းလှိုင်ခေါင်း တော်တော်များများဟာ တည်ငြိမ်မှု မရှိဲကြဘူး။ Atom အောက်အလွန်သေးတယ့် တွင်းလှိုင်ခေါင်း တွေအများအပြားဖြစ်တည်သော်ငြား တည်ငြိမ်မှု မရှိခြင်းကြောင့် ပေါာလိုက်ပျောက်လိုက်ဖြစ်နေကြတယ်။ ဒီပြသာနာကိို ဖြေရှင်းဖို့ အတွက် Exotic Matter လိုခေါ်တယ့် ဒြပ်တစ်မျိုးကို အသုံးချရမယ်။
Exotic Matter ဆိုတာဘာလဲ ဘယ်လိုအသုံး ချမလဲ?
အလွန်ကောင်းတယ့် မေးခွန်းဖြစ်ပါတယ်။ တွင်းလှုင်ခေါင်းတွေကို ဖြတ်ဖို့ အတွက် အဓိက ပြသာနာက မတည်ငြိမ်မှု ဖြစ်တယ်။ တွင်းလှိုင်ခေါင်းတစ်ခုကို လူတစ်ယောက်က ဖြတ်ပြီဆိုရင် တွင်းနက်ရဲ့ ဆွဲအားကြောင့် လူဟာ ကြေမွပျက်စီးသွားမှာ ကျိန်းသေပါပဲ။ အတော့ တွင်းလှိုင်ခေါင်း တွေကို အမြဲ ပွင့်နေစေဖို့ အရာ Negative Energy တစ်ခုလိုအိပ်ပါတယ်။ Exotic Matter တွေဆိုတာ Matter လိုလဲ မဟုတ် Antimatter နဲ့လည်း မတူညီပါဘူး။ Matter တို့ Antimatter တို့ဆိုတာ Positive mass ရှိတယ် ဆွဲငင်ခြင်းကိုလုပ်ဆောငိတယ်။ Exotic Matter တွေကတော့ Negative Mass ရှိတယ် Negative Energy နဲ့ Pressure အမြောက်အများ ပါဝင်တယ်။ Negative Mass ရှိတယ့်အတွက်တော့ Anti Gravity တစ်ခုကိုဖန်တီးပေးပြီး တွင်းလှိုင်ခေါင်းတစ်ခုကို အမြဲ ပွင့်နေစေမှာဖြစ်ပါတယ်။ တွင်းလှိုင်ခေါင်းတစ်ခုဟာ သဘာဝ အားဖြင့်ဖြစ်စေ လူတွေလုပ်လို့ပဲဖြစ်စေ Exotic. matter တွေ လုံလုံလောက်လောက်ရှိရင် အာကာသနဲ့ တစ်နေရာနဲ့တစ်နေရာ ကို အချိနိတိုတွင်းဖြတ်ကူး နိုင်မှာဖြစ်ပါတယ်။
တွင်းလှိုင်ခေါင်းတွေကို ဖြတ်ပြီး အချိန်ခရီးသွား နိင်သလား?
တွင်းလှိုင်ခေါင်းတွေဟာ အာကသ ရဲ့ မတူညီတယ့် နေရာဒေသတွေ မတူညီတယ့် စကြာဝဠာ တွေကိုဆက်ပေးရုံတင်မကပဲ မတူညီတယ့် အချိန်တွေကိုလဲဆက်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။ Dark Serie ထဲမှာတော့ ဂူထဲဝင်တာ အချိန်တွေပြောင်းကုန်တညပြထားပါတယ်။ Flash ကားထဲမှာလဲ အချိန်ခရီးသွားတာတွေ ထည့်ရိုက်ထားတာတွေ့ရတယ်။ Stephen hawking အနေနဲ့ကတော့ တွင်းလှိုင်ခေါင်းတွေဟာ အချိန်ခရီးသွား နိုင်တယ့် အရာတွေမဟုတ်ဘူးလို့ ဆိုထားတယ်။ NASA ရဲ့ Eric christian ကလည်း တွင်းလှိုင်ခေါင်းတွေဟာ အချ်န်ခရီးသွားစက်တွေ မဟူတ် အမှတ်နှစ်ခုကို အနီးဆုံးဖြစ်အောင်ဆက်ပေးတယ့် အရာတွေပဲဖြစ်တယ်လို့ ပြောတယ်။ Einstein အနေနဲ့ကတော့ တွင်းလှိုင်ခေါင်း ထဲဖြတ် ရင် အချိန်က Infinite ဖြစ်သွားပြီး သေ သွားရင်တောင် အပြင်ကို ပြန်မထွက်နိုင်ဘူးလို့လဲပြောသေးတယ်။ ဒါပေမဲ့ အားလုံးထက် ထူးခြားတယ့် ပညာရှင် Kip thome လေးကတော့ 1980 လောက်မှာ တွင်းလှိုင်ခေါင်း တွေဟာ အချိန်ခရီးသွားစက်တွေ့ဖြစ်တယ်လို့ ခန့်မှန်းပြောဆိုထားတယ်။