Parallel world ဆိုတာ ဘာလဲ
"လက်ရှိနေထိုင်နေကြတဲ့ကမ႓ာကြီးနဲ့
အပြိုင်ဖြစ်တည်နေတဲ့ကမ႓ာလောက(Parallel world)တွေ၊
ခင်ဗျားတို့ကျနော်တို့ရဲ့ကိုယ်ပွား(Clone)တွေ မတူညီတဲ့အခြေအနေတစ်ခုမှာဖြစ်တည်နေကြတဲ့
ကမ႓ာလောကတွေတည်ရှိနေတယ် လို့ရူပဗေဒပညာရှင်တွေကပြောလာပါတယ်။
အပြိုင်ဖြစ်ပေါ်နေတဲ့အခြားလောကတွေဆိုတာ တည်ရှိနေရုံသက်သက်မဟုတ်ပဲ
ဟိုဘက်လောက က
ဒီဘက်က ကျနော်တို့လောကကိုပါ အပြန်အလှန်သက်ရောက်မှုတွေဖြစ်ပေါ်စေတယ် ဆိုတာကို
ကွင်တမ်သီအိုရီရဲ့
သဘောတရားအဆင့်ဆင့်နဲ့ ရှာဖွေတွေ့ရှိထားတယ် လို့ပြောနေကြတာပါ။
အပြန်အလှန်သက်ရောက်မှုဆိုတာက
ဥပမာ
Parallel world မှာ ကိုယ့်မိန်းမဖြစ်နေတဲ့ စော်ကို ဒီဘက်လောကမှာတွေ့လိုက်ရတဲ့အခါ စိတ်ထဲမှာအရမ်းရင်းနှီးသလိုခံစားလိုက်ရပြီး
ရည်းစားစကားတွေအတင်းလိုက်ပြော၊
ကောင်မလေးကလဲ သူ့လိုပဲခံစားရပြီး အဖြေတွေပြန်ပေး၊
(ဟိုဘက်မှာသူ့ယောကျင်္ားကိုး😄)
နောက်ပိုင်း ချစ်သူတွေဖြစ်သွားကြတဲ့အခါ မြင်မြင်ချင်းချစ်မိသလိုခံစားလိုက်ရတာကို အချင်းချင်းရင်ဖွင့်မိပြီး
"ဟယ် တို့ ၂ ယောက်ကရေစက်ပါတယ် နေမှာ"
တို့ ဘာတို့ကြားဖူးနားဝတွေလျှောက်ပြော၊
သူတို့ကခုမှအရှိန်တက်နေတုန်းပဲရှိသေး
Parallel world ကသူတို့အတွဲက
ကလေး ၂ ယောက်လောက်ရပြီးနေတာမျိုးဆိုပါတော့။
ဟိုဘက်ကအရှိန်ကြောင့်
ဒီဘက်မှာတစ်ယောက်နဲ့တစ်ယောက်ဘာအကြောင်းမှမရှိပဲ
မြင်မြင်ချင်း ခါးခါးသီးသီးမုန်းနေတာမျိုးလဲဖြစ်ချင်ဖြစ်နိုင်ပါတယ်။
တခါတလေ ဘာအကြောင်းမှမရှိပဲ ခန္တာကိုယ်တစ်နေရာရာမှာ ဒဏ်ရာတစ်ခုခုပေါ်လာတာမျိုးလဲ တစ်ချို့ကြုံဖူးကြလိမ့်မယ်၊
ဒါဆို ဟိုဘက်မှာ ကိုယ့်ကိုယ်ပွားအခြားတစ်ယောက်က
အက်ဆီးဒင့် တစ်ခုခုဖြစ်နေပြီ ဆိုပါတော့။
ကွင်တမ်ကပြောချင်တဲ့
ဒီဘက်ကို အပြန်အလှန်သက်ရောက်မှုအတော်များများရှိနေတယ်(many interacting worlds)
ဆိုတာဒီသဘောပါပဲ။
အရောရောအထွေးထွေးဖြစ်နေကြတဲ့ပုံစံမျိုးကြီးတွေပါ။
အနားမှာဘယ်သူမှမရှိပဲ စကားပြောသံလိုလိုပီပီသသကြီးကြားလိုက်ရတာမျိုး၊
ဒါဟာ ဟိုဘက်လောက က ကြိမ်နှုန်း(frequency)မြင့်တဲ့ရေဒီယိုလှိုင်းတွေထွက်လာတာကိုစမ်းသပ်မိထားတယ် လို့ သူတို့က အခုပြောနေကြတယ်။
ကိုယ်ပွား(Clone)
ကိုယ့်ရဲ့ကိုယ်ပွား(Clone)ဆိုတာက သိပ်ထူးထူးဆန်းဆန်းတော့မဖြစ်လောက်တော့ပါဘူး၊
လက်ရှိသိပ္ပံက လူတစ်ယောက်ရဲ့ဆံပင်တို့ လက်သည်းတို့လို တစ်ရှူးနမူနာလေးတစ်ခုလောက်ရတာနဲ့ တထပ်တည်းချွတ်စွပ်တူတဲ့ရုပ်ရည်နဲ့ နောက်ထပ်လူတစ်ယောက်ကို DNA နည်းပညာနဲ့ဖန်တီးနိုင်စွမ်းရှိတာ အားလုံးအသိပါ။
မှတ်ဉာဏ်တို့အသိစိတ်တို့ကတော့ ခု Elon Musk တို့ပြောနေတဲ့ Neuro Science Project ဆိုတဲ့ လူ့ဦးနှောက်ကို Super computer မှာကော်ပီကူးမယ့် နည်းပညာကလဲ အဆိုပြုချက်တွေဘာတွေရှိနေပြီ။
ဒီတော့ Elon musk တို့ဘက်ကသာ Ok ပြီဆိုရင် ခင်ဗျားရဲ့ကိုယ်ပွားကို Parallel world မှာတင်မက
ဒီကမ႓ာမှာပါဖန်တီးလို့ရပြီပေါ့။
အဲဒီ Clone က မူရင်းလူထက်တောင် အတိတ်ကဖြစ်ရပ်တွေကိုအသေးစိပ်မှတ်မိနေမှာပါ။
"ဒီ ကွင်တမ်သဘောတရားက ခိုင်မာတဲ့စမ်းသပ်လေ့လာတွေ့ရှိချက်ဖြစ်ပေမယ့်
သေသေချာချာရှင်းပြရင်တောင် ဘယ်သူမှယုံမှာမဟုတ်ဘူး လို့တွေးမိတယ်"
လို့လဲ
Richard Feynman ဆိုတဲ့ နာမည်ကြီးရူပဗေဒ ပညာရှင်တစ်ယောက်က မှတ်ချက်ပေးသွားပါတယ်။
လူတွေနားလည်သဘောပေါက်လိမ့်မယ်လို့ သူတို့လဲသိပ်တော့မမျှော်လင့်ထားပါဘူး။
လောလောဆယ်တော့ သီအိုရီသက်သက်၊ စိတ်ကူးသက်သက်အဆင့်ပဲရှိသေးတယ် ဆိုပေမယ့်
ဒီ ကွင်တမ်(quantum)သဘောတရားကိုသူတို့သိပြီ ဆိုတာက
Parallel world တစ်ခုဘယ်လိုဖြစ်ပေါ်လာတယ်၊
Parallel world တစ်ခုကိုဘယ်လိုဖန်တီးနိုင်တယ် ဆိုတာကို သူတို့နားလည်သွားတာမျိုးလဲ ဖြစ်တယ် လို့ဆိုပါတယ်။
အပြိုင်တည်ရှိနေတဲ့ကမ႓ာတစ်ခုဟာ အလိုအလျောက်ဖြစ်ပေါ်နေနိုင်သလို ဖန်တီးယူလို့လဲရတယ် လို့ပြောချင်တာ။
အဲ့မှာ သူတို့နားလည်သဘောပေါက်သွားတဲ့အထဲက
နည်းနည်းကြောက်စရာကောင်းတာတစ်ခုက
"လက်ရှိကမ႓ာဟာ တစ်ခြားသူတွေဖန်တီးထားတဲ့ Parallel world တစ်ခုဖြစ်နေနိုင်တယ်" ဆိုတာပါပဲ။
ပြီးတော့
သမားရိုးကျမဟုတ်တဲ့ သမိုင်းနဲ့ အနာဂတ်အကြောင်းဟောကိန်းတွေအားလုံးဟာ parallel world မှာအမှန်တကယ်ဖြစ်နေနိုင်တယ်လို့လဲဆိုပါတယ်။
သမားရိုးကျမဟုတ်တဲ့ သမိုင်းဆိုတာက
ဥပမာ
ဂြိုဟ်သိမ်ဂြိုဟ်မွှား(asteroid)တွေ ကမ႓ာကိုဝင်တိုက်ပြီး ဒိုင်နိုဆောတွေမျိုးသုန်းသွားတယ် ဆိုတာမျိုး၊
ပုံပြင်တွေ၊ ဇာတ်လမ်းတွေထဲမှာ အကြိမ်ပေါင်းမရေမတွက်နိုင်အောင်ပါနေပြီး တကယ့်အပြင်မှာရှာမတွေ့တဲ့ နဂါးတို့ဘာတို့လိုအကောင်မျိူးတွေပေါ့။
ဒါတွေဟာ parallel world က အဖြစ်အပျက်တွေလို့ ဆိုလိုချင်တာ
ပြီးတော့ 2012 မှာကမ႓ာပျက်မယ် ဆိုတဲ့ မာယာလူမျိုးတွေရဲ့ဟောကိန်း
ဒါနဲ့ အဲဒီ မာယာလူမျိုးတွေဆိုတာလဲ
ဒီဟောကိန်းကို တွက်ချက်ပြီးကတည်းက
လူမျိုးစုလိုက်ကြီး စုပ်စမြုတ်စ ပျောက်သွားကြတာ၊
ဘယ်ရောက်သွားမှန်းလဲ ဘယ်သူမှမသိကြဘူး။
မာယာတွေ မျိုးနွယ်စုလိုက်ကြီးတစ်နေရာရာကိုပြောင်းရွှေ့သွားတယ်လို့ပြောရအောင်လဲ
သူတို့နေထိုင်တဲ့နေရာမှာ အိမ်တွေ၊ အိုးခွက်ပန်းကန်လိုလူ့အသုံးအဆောင်ပစ္စည်းတွေ ပုံမပျက်ကျန်နေရစ်တော့ ခုထိတွေးရခက်နေကြတယ်။
မာယာ တွေရဲ့ဟောကိန်းကဒီမှာတော့ဘာမှမဖြစ်ပေမယ့် အခြားParallel world မှာတစ်ခုခုဖြစ်ချင်ဖြစ်နေနိုင်တယ်လို့ သူတို့ကဆိုလိုချင်တာပါ။
မြောက်များစွာသောကမ႓ာလောကတွေဟာ အပင်တစ်ပင်ရဲ့အကိုင်းအခက်တွေလိုစုစည်းယှက်နွယ်နေကြပြီး
နောက်ထပ်စကြာဝဠာတစ်ခုကိုတောင် ကွင်တမ်သီအိုရီရဲ့အတိုင်းအထွာတွေနဲ့ဖန်တီးပြုလုပ်ယူဖို့ တစ်ချိန်မှာဖြစ်လာနိုင်ချေရှိနေ
ပါသတဲ့။
ကဲ
ဘယ်လိုလဲ?😃
သမားရိုးကျမဟုတ်တဲ့ကမ႓ာထဲက
ခင်ဗျားနဲ့တူတဲ့အခြားတစ်ယောက်ကို
ဖြစ်ဖြစ်
တစ်ချိန်ချိန်မှာရှာဖွေတွေ့လာနိုင်မယ်လို့ထင်မိပါသလား???
"လက်ရှိနေထိုင်နေကြတဲ့ကမ႓ာကြီးနဲ့ အပြိုင်ဖြစ်တည်နေတဲ့ကမ႓ာလောက(Parallel world)တွေ၊
ခင်ဗျားတို့ကျနော်တို့ရဲ့ကိုယ်ပွား(Clone)တွေ မတူညီတဲ့အခြေအနေတစ်ခုမှာဖြစ်တည်နေကြတဲ့ ကမ႓ာလောကတွေတည်ရှိနေတယ် လို့ရူပဗေဒပညာရှင်တွေကပြောလာပါတယ်။
အပြိုင်ဖြစ်ပေါ်နေတဲ့အခြားလောကတွေဆိုတာ တည်ရှိနေရုံသက်သက်မဟုတ်ပဲ ဟိုဘက်လောက က ဒီဘက်က ကျနော်တို့လောကကိုပါ အပြန်အလှန်သက်ရောက်မှုတွေဖြစ်ပေါ်စေတယ် ဆိုတာကို ကွင်တမ်သီအိုရီရဲ့ သဘောတရားအဆင့်ဆင့်နဲ့ ရှာဖွေတွေ့ရှိထားတယ် လို့ပြောနေကြတာပါ။
အပြန်အလှန်သက်ရောက်မှုဆိုတာက
ဥပမာ
Parallel world မှာ ကိုယ့်မိန်းမဖြစ်နေတဲ့ စော်ကို ဒီဘက်လောကမှာတွေ့လိုက်ရတဲ့အခါ စိတ်ထဲမှာအရမ်းရင်းနှီးသလိုခံစားလိုက်ရပြီး ရည်းစားစကားတွေအတင်းလိုက်ပြော၊
ကောင်မလေးကလဲ သူ့လိုပဲခံစားရပြီး အဖြေတွေပြန်ပေး၊ (ဟိုဘက်မှာသူ့ယောကျင်္ားကိုး😄)
နောက်ပိုင်း ချစ်သူတွေဖြစ်သွားကြတဲ့အခါ မြင်မြင်ချင်းချစ်မိသလိုခံစားလိုက်ရတာကို အချင်းချင်းရင်ဖွင့်မိပြီး "ဟယ် တို့ ၂ ယောက်ကရေစက်ပါတယ် နေမှာ" တို့ ဘာတို့ကြားဖူးနားဝတွေလျှောက်ပြော၊
သူတို့ကခုမှအရှိန်တက်နေတုန်းပဲရှိသေး Parallel world ကသူတို့အတွဲက ကလေး ၂ ယောက်လောက်ရပြီးနေတာမျိုးဆိုပါတော့။
ဟိုဘက်ကအရှိန်ကြောင့် ဒီဘက်မှာတစ်ယောက်နဲ့တစ်ယောက်ဘာအကြောင်းမှမရှိပဲ မြင်မြင်ချင်း ခါးခါးသီးသီးမုန်းနေတာမျိုးလဲဖြစ်ချင်ဖြစ်နိုင်ပါတယ်။
တခါတလေ ဘာအကြောင်းမှမရှိပဲ ခန္တာကိုယ်တစ်နေရာရာမှာ ဒဏ်ရာတစ်ခုခုပေါ်လာတာမျိုးလဲ တစ်ချို့ကြုံဖူးကြလိမ့်မယ်၊ ဒါဆို ဟိုဘက်မှာ ကိုယ့်ကိုယ်ပွားအခြားတစ်ယောက်က အက်ဆီးဒင့် တစ်ခုခုဖြစ်နေပြီ ဆိုပါတော့။
ကွင်တမ်ကပြောချင်တဲ့ ဒီဘက်ကို အပြန်အလှန်သက်ရောက်မှုအတော်များများရှိနေတယ်(many interacting worlds) ဆိုတာဒီသဘောပါပဲ။
အရောရောအထွေးထွေးဖြစ်နေကြတဲ့ပုံစံမျိုးကြီးတွေပါ။
အနားမှာဘယ်သူမှမရှိပဲ စကားပြောသံလိုလိုပီပီသသကြီးကြားလိုက်ရတာမျိုး၊ ဒါဟာ ဟိုဘက်လောက က ကြိမ်နှုန်း(frequency)မြင့်တဲ့ရေဒီယိုလှိုင်းတွေထွက်လာတာကိုစမ်းသပ်မိထားတယ် လို့ သူတို့က အခုပြောနေကြတယ်။
ကိုယ်ပွား(Clone)
ကိုယ့်ရဲ့ကိုယ်ပွား(Clone)ဆိုတာက သိပ်ထူးထူးဆန်းဆန်းတော့မဖြစ်လောက်တော့ပါဘူး၊
လက်ရှိသိပ္ပံက လူတစ်ယောက်ရဲ့ဆံပင်တို့ လက်သည်းတို့လို တစ်ရှူးနမူနာလေးတစ်ခုလောက်ရတာနဲ့ တထပ်တည်းချွတ်စွပ်တူတဲ့ရုပ်ရည်နဲ့ နောက်ထပ်လူတစ်ယောက်ကို DNA နည်းပညာနဲ့ဖန်တီးနိုင်စွမ်းရှိတာ အားလုံးအသိပါ။
မှတ်ဉာဏ်တို့အသိစိတ်တို့ကတော့ ခု Elon Musk တို့ပြောနေတဲ့ Neuro Science Project ဆိုတဲ့ လူ့ဦးနှောက်ကို Super computer မှာကော်ပီကူးမယ့် နည်းပညာကလဲ အဆိုပြုချက်တွေဘာတွေရှိနေပြီ။
ဒီတော့ Elon musk တို့ဘက်ကသာ Ok ပြီဆိုရင် ခင်ဗျားရဲ့ကိုယ်ပွားကို Parallel world မှာတင်မက ဒီကမ႓ာမှာပါဖန်တီးလို့ရပြီပေါ့။
အဲဒီ Clone က မူရင်းလူထက်တောင် အတိတ်ကဖြစ်ရပ်တွေကိုအသေးစိပ်မှတ်မိနေမှာပါ။
"ဒီ ကွင်တမ်သဘောတရားက ခိုင်မာတဲ့စမ်းသပ်လေ့လာတွေ့ရှိချက်ဖြစ်ပေမယ့် သေသေချာချာရှင်းပြရင်တောင် ဘယ်သူမှယုံမှာမဟုတ်ဘူး လို့တွေးမိတယ်" လို့လဲ Richard Feynman ဆိုတဲ့ နာမည်ကြီးရူပဗေဒ ပညာရှင်တစ်ယောက်က မှတ်ချက်ပေးသွားပါတယ်။
လူတွေနားလည်သဘောပေါက်လိမ့်မယ်လို့ သူတို့လဲသိပ်တော့မမျှော်လင့်ထားပါဘူး။
လောလောဆယ်တော့ သီအိုရီသက်သက်၊ စိတ်ကူးသက်သက်အဆင့်ပဲရှိသေးတယ် ဆိုပေမယ့်
ဒီ ကွင်တမ်(quantum)သဘောတရားကိုသူတို့သိပြီ ဆိုတာက
Parallel world တစ်ခုဘယ်လိုဖြစ်ပေါ်လာတယ်၊ Parallel world တစ်ခုကိုဘယ်လိုဖန်တီးနိုင်တယ် ဆိုတာကို သူတို့နားလည်သွားတာမျိုးလဲ ဖြစ်တယ် လို့ဆိုပါတယ်။
အပြိုင်တည်ရှိနေတဲ့ကမ႓ာတစ်ခုဟာ အလိုအလျောက်ဖြစ်ပေါ်နေနိုင်သလို ဖန်တီးယူလို့လဲရတယ် လို့ပြောချင်တာ။
အဲ့မှာ သူတို့နားလည်သဘောပေါက်သွားတဲ့အထဲက နည်းနည်းကြောက်စရာကောင်းတာတစ်ခုက
"လက်ရှိကမ႓ာဟာ တစ်ခြားသူတွေဖန်တီးထားတဲ့ Parallel world တစ်ခုဖြစ်နေနိုင်တယ်" ဆိုတာပါပဲ။
ပြီးတော့ သမားရိုးကျမဟုတ်တဲ့ သမိုင်းနဲ့ အနာဂတ်အကြောင်းဟောကိန်းတွေအားလုံးဟာ parallel world မှာအမှန်တကယ်ဖြစ်နေနိုင်တယ်လို့လဲဆိုပါတယ်။
သမားရိုးကျမဟုတ်တဲ့ သမိုင်းဆိုတာက
ဥပမာ
ဂြိုဟ်သိမ်ဂြိုဟ်မွှား(asteroid)တွေ ကမ႓ာကိုဝင်တိုက်ပြီး ဒိုင်နိုဆောတွေမျိုးသုန်းသွားတယ် ဆိုတာမျိုး၊
ပုံပြင်တွေ၊ ဇာတ်လမ်းတွေထဲမှာ အကြိမ်ပေါင်းမရေမတွက်နိုင်အောင်ပါနေပြီး တကယ့်အပြင်မှာရှာမတွေ့တဲ့ နဂါးတို့ဘာတို့လိုအကောင်မျိူးတွေပေါ့။
ဒါတွေဟာ parallel world က အဖြစ်အပျက်တွေလို့ ဆိုလိုချင်တာ
ပြီးတော့ 2012 မှာကမ႓ာပျက်မယ် ဆိုတဲ့ မာယာလူမျိုးတွေရဲ့ဟောကိန်း
ဒါနဲ့ အဲဒီ မာယာလူမျိုးတွေဆိုတာလဲ ဒီဟောကိန်းကို တွက်ချက်ပြီးကတည်းက လူမျိုးစုလိုက်ကြီး စုပ်စမြုတ်စ ပျောက်သွားကြတာ၊ ဘယ်ရောက်သွားမှန်းလဲ ဘယ်သူမှမသိကြဘူး။
မာယာတွေ မျိုးနွယ်စုလိုက်ကြီးတစ်နေရာရာကိုပြောင်းရွှေ့သွားတယ်လို့ပြောရအောင်လဲ သူတို့နေထိုင်တဲ့နေရာမှာ အိမ်တွေ၊ အိုးခွက်ပန်းကန်လိုလူ့အသုံးအဆောင်ပစ္စည်းတွေ ပုံမပျက်ကျန်နေရစ်တော့ ခုထိတွေးရခက်နေကြတယ်။
မာယာ တွေရဲ့ဟောကိန်းကဒီမှာတော့ဘာမှမဖြစ်ပေမယ့် အခြားParallel world မှာတစ်ခုခုဖြစ်ချင်ဖြစ်နေနိုင်တယ်လို့ သူတို့ကဆိုလိုချင်တာပါ။
မြောက်များစွာသောကမ႓ာလောကတွေဟာ အပင်တစ်ပင်ရဲ့အကိုင်းအခက်တွေလိုစုစည်းယှက်နွယ်နေကြပြီး နောက်ထပ်စကြာဝဠာတစ်ခုကိုတောင် ကွင်တမ်သီအိုရီရဲ့အတိုင်းအထွာတွေနဲ့ဖန်တီးပြုလုပ်ယူဖို့ တစ်ချိန်မှာဖြစ်လာနိုင်ချေရှိနေ ပါသတဲ့။
ကဲ
ဘယ်လိုလဲ?😃
သမားရိုးကျမဟုတ်တဲ့ကမ႓ာထဲက ခင်ဗျားနဲ့တူတဲ့အခြားတစ်ယောက်ကို ဖြစ်ဖြစ် တစ်ချိန်ချိန်မှာရှာဖွေတွေ့လာနိုင်မယ်လို့ထင်မိပါသလား???