ဘူမိဗေဒ ဆိုတာ ဘာလဲ

ဘူမိဗေဒ (Geology, from Greek: γη, gê, "earth"; and λόγος, logos, "speech" lit. မြေကြီး အကြောင်းပြောခြင်း) သည် ကမ္ဘာမြေကြီးရှိ ဓာတ်ဝတ္တု အဆိုင်အခဲနှင့် ၎င်းတို့၏ ပါဝင်မှုများကို လေ့လာသော သိပ္ပံဘာသာရပ် ဖြစ်သည်။ ကျောက်တုံး၊ မြေကြီး၊ ကျောက်မျက် ရတနာတို့ကို လေ့လာသော ဘူမိဗေဒသည် ပါဝင်ပေါင်းစပ်မှု အချိုးအစား၊ ပုံသဏ္ဌာန်၊ ရုပ်သဘော၊ သမိုင်းကြောင်းနှင့် ကမ္ဘာကြီးအား ပုံထုခဲ့သော ဖြစ်စဉ်များကို လေ့လာသည်။ ဘူမိဗေဒ ပညာရပ်တွင် ကမ္ဘာမြေကြီးတွင် ပါဝင်သည့် ဒြပ်ပစ္စည်းများ၊ ဖွဲ့စည်းတည်ဆောက်ပုံ၊ ယင်းတို့၏ ရုပ်သတ္တိ၊ ဒိုင်နမစ် (လှုပ်ရှားမှုစွမ်းအား)နှင့် သမိုင်းအကြောင်းများ၊ ဖွဲ့တည်ပုံဖြစ်စဉ်၊ ရွေ့လျားပုံနှင့် ပြောင်းလဲပုံများကို လေ့လာကြသည်။ ကမ္ဘာမြေကြီး ကိုလေ့လာသောသိပ္ပံပညာ လည်း ဖြစ်သည်။ ဘူမိဗေဒ ပညာရှင် များက ကမ္ဘာ၏ သက်တမ်းကို နှစ်ထောင်ပေါင်း ၄.၆ သန်း ရှိပြီဟု ခန့်မှန်းပြီး ကမ္ဘာ၏ အခွံဖြစ်သော ကျောက်လွှာသည် အပိုင်းပိုင်း အစစသော tectonic platesများ ဖြင့်ဖွဲ့တည်ထားပြီး ရွေ့ရှားလျက်ရှိသည်။ ဘူမိဗေဒပညာရှင်များသည် ကမ္ဘာ၏ သယံဇာတများဖြစ်သည့် ရေနံ၊ ကျောက်မီးသွေး၊ သတ္တုများဖြစ်သော သံ၊ ကြေးနီ၊ ယူရေနီရမ်ကို ရှာဖွေဖေါ်ထုတ်သည်။ ထို့အပြင် စီးပွားရေးအရ အရေးပါသော ကျောက်မျက် ရတနာများ၊ မီးခံကျောက်၊ ကျောက်ပွ(perlite)၊ မိုက်ကာ၊ ဖိုစဖိတ်(phosphates)၊ ဇီယိုလိုက်(zeolites)၊ အိုးမြေ(clay)၊ သလင်းကျောက်နှင့် စီလီကာတို့ကိုလည်း ရှာသည်။ ဘူမိဗေဒသည် မြို့ပြ အင်ဂျင်နီယာ၊ soil mechanics၊ ဟိုက်ဒယိုလိုဂျီ၊ ပတ်ဝင်းကျင် အင်ဂျင်နီယာနှင့် ဘူမိပယောဂဗေဒ (geohazards) တို့တွင် လည်း အရေးပါသည်။
ဘူမိဗေဒသည် အဓိကကျသည့် ပညာရပ်တခုဖြစ်သည့်အပြင် သတ္တု၊ ဟိုင်ဒြိုကာဗွန် ဒြပ်ပေါင်း ထုတ်ယူခြင်း၊ သဘာဝဘေးအန္တရာယ် ရွှေ့ပြောင်းခြင်းနှင့် ဆက်နွှယ်သည့် ဗဟုသုတ၊ အင်ဂျင်နီယာ ပညာရပ်အချို့နှင့် မျက်မှောက်ကာလ ရာသီဥတုပြောင်းလဲမှုနှင့် အာတိတ်မှ ရာသီဥတု၊ သဘာဝဝန်းကျင်များအား နှိုင်းယှဉ် လေ့လာမှုများအတွက် အရေးပါသည့် ပညာရပ် တစ်ခုဖြစ်သည်။ ဥပမာအားဖြင့် ရေကြီးမှု၊ မီးတောင်ပေါက်ကွဲမှု၊ ငလျင်တိုင်းတာခြင်း၊ မြေအောက်မှ ကျောက်မျက် ရတနာနှင့် ရေနံရှာဖွေ တူးဖော်ခြင်းများ ပါဝင်သည်။