MM Science
ငါ ဘယ္သူလဲ

ငါ ဘယ္သူလဲ

ဒေါက်တာအောင်မျိုး စာအုပ်စင်
ဒေါက်တာအောင်မျိုး စာအုပ်စင်

တစ်ခါတစ်လေတော့ ကျနော်တို့စဉ်းစားဖြစ်ကြမယ်ထင်တယ်... “ငါ ဘယ်သူလဲ”. “ငါဟာ ဘယ်လို လူစားမျိုးလဲ”..”ငါ့ရဲ့ အကောင်းဆုံး စွမ်းရည်တွေက ဘာလဲ”.. “ငါတန်ဖိုးထားတဲ့ အရာတွေက ဘာလဲ”.. “ငါရဲ့စိတ်ကြိုက်လုပ်တဲ့ကိုင်တဲ့ပုံစံက ဘယ်လိုလဲ” ..”ငါ့ရဲ့အကောင်းဆုံး စွမ်းရည်၊အကောင်းဆုံးလုပ်တဲ့ ပုံစံတွေက ဘယ်လို အလုပ်နဲ့အသင့်တော်ဆုံးလဲ".. "အခုငါ လုပ်နေတဲ့အလုပ်မှာရော ငါ့ရဲ့အကောင်းဆုံး စွမ်းရည်တွေကို အသုံးချပြီး အထွတ်အထိပ်ထိ အောင်မြင်အောင် ဘယ်လိုလုပ်ရမလဲ”..လို့။

နိုင်ငံတကာ စီမံခန့်ခွဲမှုနယ်ပယ်မှာ ဂုရုကြီးတစ်ယောက်ဖြစ်တဲ့”ပီတာ ဒရပ်ကာ” ကလဲ ဒီမေးခွန်း တွေဟာ အရေးကြီးတယ်...လို့ပြောပါတယ်။ သူ့ရဲ့“Managing Onself” ဆိုတဲ့စာထဲ မှာ “What are my strengths” “ကျနော်တို့ရဲ့ အကောင်းဆုံး စွမ်းရည်တွေ”ကို သေချာ စဉ်းစား သင့်တယ်..လို့ သူကဆိုပါတယ်။ “ကိုယ်ဘယ်နေရာမှာ အားကောင်းသလဲ၊ ဘယ်နေရာမှာ အားနည်းသလဲ”..သိဖို့က တော်တော် အရေးကြီးတယ်။ ဘာလို့လဲ ဆိုတော့..ကိုယ် ရဲ့စွမ်းဆောင်ချက် ဟာ အကောင်းဆုံး စွမ်းဆောင်ချက် ဖြစ်ဖို့၊ကို်ယ်လုပ်နေတဲ့အလုပ် အထွတ်အထိပ်အောင်မြင်ဖို့က ကိုယ့်ရဲ့ အကောင်းဆုံး့အစွမ်းအစပေါ်ကပဲ တည်ဆောက်လို့ရတယ်။ကိုယ့်အားနည်းတဲ့နယ်ပယ် အပေါ်ကနေ ဘယ်လိုမှ ဖန်တီးလို့မရဘူး..လို့သူကဆိုပါတယ်။..ဒါပေမယ့် အံသြစရာကောင်းတာက လူတော်တော် များများက သူတို့ရဲ့အကောင်းဆုံး စွမ်းရည်တွေ ကိုတောင် သေချာ မသိကြဘူး.. လို့သူက ဆက်ပြောတယ်။


တကယ်တော့ကျနော်တို့မှာ ကိုယ် အားကောင်းတဲ့ စွမ်းရည်တွေ ရှိသလို့အားနည်းတဲ့နယ်ပယ်တွေ လဲ ရှိတယ် ဆိုတာ စဉ်းစားကြည့်ရင် သိသာတယ်။ တချို့က တွေးခေါ်စဉ်းစားတဲ့နေရာမှာ သိပ်ကောင်း တယ်၊ ဒါပေမယ့်အလုပ်တစ်ခုကို ဖြစ်မြောက်အောင် လုပ်တဲ့နေရာကျတော့ သိပ် မစွံဘူး။ တစ်ချို့ကျတော့လည်း ကိုယ့်လုပ်ငန်းကို လူသိများအောင် လုပ်တဲ့နေရာမှာ သိပ်တော်တယ်၊ ဒါပေမယ့်လုပ်ငန်းကိုကျတော့ ကောင်းကောင်း မစီမံမခန့်ခွဲနိုင်ပြန်ဘူး။ တစ်ချို့ကျတော့လည်း ငွေရှာတာမှာ သိပ်တော်ပေမယ့် ငွေကို စနစ်တကျ မသုံးတတ်လို့ ငွေစုမိတယ်လို့ကို မရှိဘူး.. အစရှိသဖြင့်ပေါ့။


ဒါလိုဆိုရင် ..”ကိုယ်ရဲ့အကောင်းဆုံး စွမ်းရည်တွေ”က ဘာလဲ ဆိုတာ ဘယ်လို သိနိုင်သလဲ?

“ပီတာ ဒရပ်ကာ” က “Feedback analysis” လို့ခေါ်တဲ့ကိုယ်လုပ်နေတာတွေကို သေချာ ပြန် ဆန်းစစ်ပြီး ကို်ယ့် စွမ်းရည်ကို သိအောင်လုပ်လို့ရတယ်..တဲ့။ အဲဒီနည်းကတော့ လွန်ခဲ့တဲ့၆လ၊ တစ်နှစ်လောက်က ကိုယ်လုပ်ခဲ့တာတွေပြန်ဆန်းစစ်ပြီး ဒီအလုပ်ကို လုပ်နေခဲ့တဲ့ ကာလမှာ ဘယ်အပို်င်းတွေကို ကောင်းကောင်းလုပ်နိုင်ခဲ့သလဲ၊ဘယ်အပိုင်းတွေမှာတော့ ကိုယ်လုပ်တာ အားနည်းသလဲ ပြန်ဆန်းစစ်တဲ့နည်းပါ။ ဥပမာ..နှစ်ဆန်းက ကုန်စုံဆိုင်တစ်ဆိုင် စဖွင့်တယ် ဆိုကြပါစို့.. ကိုယ်က သေချာအစီအစဉ်တွေချ၊အလုပ်သမားတွေ သေချာခန့်၊ ကြိုးကြိုးစားစား လုပ်ပေမယ့် နှစ်လည်လောက်ကျ တချို့ အလုပ်သမားတွေက ထွက်၊ဖောက်သည်တွေ ပိုများလာပေမယ့် နှစ်ကုန်ခါနီးရောက် လို့ပြန်စစ်တော့ ထည့်ထားတဲ့ အရင်းငွေလေးက တစ်ဖြေးဖြေးနဲ့ နည်းလာဆိုကြပါစို့၊ ကို်ယ်ရဲ့အားကောင်း တဲ့အရည်အချင်းဟာ “စီးပွားရေးကို စီမံချက် plan ချတာ”၊ “Marketing ဖောက်သည်တွေကို ဆွဲဆောင် နိုင်တာ” ဖြစ်နိုင်တယ်၊ ဒါပေမယ့်ကိုယ့်ရဲ့ အားနည်းချက်ကတော့.. “ဝန်ထမ်းတွေကို စီမံခန့်ခွဲတာ” နဲ့”ငွေကြေးကို စီမံခန့်ခွဲတာ” ဖြစ်ဖို့များတယ်။


အဲဒီတော့ ဒီလုပ်ငန်းအောင်မြင်အောင် ဘယ်လို လုပ်မလဲ???

လုပ်သင့်တာက ကိုယ် အားကောင်း တဲ့စွမ်းရည်ဖြစ်တဲ့”စီမံချက် ချတာ planning” နဲ့ “ဖောက်သည် တွေကို ဆွဲဆောင်နိုင်တာ Marketing ပိုင်း” ကို ကိုယ်က ပိုပြီး ဖိဖိစီးစီးလုပ်။ “ဝန်ထမ်းတွေကို စီမံ ခန့်ခွဲတာ” နဲ့”ငွေကြေးကို စီမံခန့်ခွဲတာ” ကိုတော့မန်နေဂျာ တစ်ယောက် ငှားပြီး စီမံခန့်ခွဲ သင့်တယ်။ မန်နေဂျာ ငှားဖို့အဆင်မပြေရင်တော့ အားနည်းတဲ့ စွမ်းရည်တွေကို သင်ယူပေါ့။ “ပီတာဒရပ်ကာ” ကတော့အားနည်းတဲ့ စွမ်းရည်တွေကို အားကောင်းအောင် အချိန်တွေ၊ စွမ်းအားတွေကို သိပ်မြှတ် နှံမယ့်အစား..အားကောင်းတဲ့စွမ်းရည်ကို ပိုလို့ပိုလို့ကောင်းအောင် လုပ်ပါ၊ဒါကပဲ ကိုယ့်အလုပ်တွေ ကို အထိတ်အထိပ်အထိ အောင်မြင်စေမှာပါ..လို့ဆိုပါတယ်။ ဒါနဲ့ပါတ်သက်ပြီး.တခါတုန်းက ဖတ်ခဲ့ရတာလေးကို ပြန် သတိရတယ်..Microsoft ကို တည် ထောင်တဲ့ ဘီလ် ဂိတ်စ် Bill Gates အကြောင်း၊ ဘီလ် ဂိတ်စ် ဟာ သိပ်တော်တဲ့ ပညာရှင်၊ တီထွင်ဖန်တီးနိုင်တဲ့ စွမ်းရည် အပြည့်ရှိတဲ့သူတစ်ယောက်၊ အရင်က အခန်းလောက်ကြီးတဲ့ ကွန်ပြူတာကနေ အခုခေတ် ကျနော်တို့သုံးနေတဲ့ personal computer တစ်ကိုယ်ရေသုံး ကွန်ပြူတာဖြစ်အောင် တီထွင်ခဲ့၊ ကြိုးပမ်းခဲ့တဲ့သူ။ ဒါပေမယ့်သူတို့IBM ကုပ္မဏီက personal computer တွေ စဖြန့်တော့ အစမှာ မအောင်မြင်ဘူး။ ဘာလို့လဲ ဆိုတော့သူ့မှာ Marketing စျေးကွက်၊ ဖောက်သည်ကို ဆွဲဆောင်တဲ့စွမ်းရည်မှာ အားနည်းတယ်..တဲ့၊ ဒါကြောင့်နောက်တော့ Marketing ကောင်းကောင်း လုပ်နိုင်တဲ့ သူကို တာဝန်ပေးမှပဲ အောင်မြင်သွားတယ်.. လို့ ဖတ်လိုက်ရဘူးတယ်။


ကဲ...အခုလို နှစ်သစ်ကူးခါနီးအချိန်က မိတ်ဆွေတွေအနေနဲ့လည်း ဒီတစ်နှစ်အတွင်းမှာ အောင်မြင် ခဲ့တာတွေ၊ မအောင်မြင်ခဲ့တာတွေကို ပြန်သုံးသပ်၊လာမယ့်နှစ်အတွက် ပြင်ဆင်ကြတာတွေ လုပ်နေ ကြမယ်ထင်ပါရဲ့။ကိုယ့်ရဲ့အကောင်းဆုံး စွမ်းရည်တွေကို ရှာဖွေချင်တဲ့ မိတ်ဆွေတွေအတွက် “ပီတာဒရပ်ကာ” ရဲ့Feedback analysis နည်းကို သုံးကြည့်ပါ၊ အကျိုးတကယ်ရှိတဲ့ နည်းကောင်းလေး ပါ။ ကို်ယ့်ရဲ့အကောင်းဆုံးကောင်းစွမ်းရည်တွေကို ရှာတွေ့့ပြီး ကိုယ့်အလုပ်အကိုင်တွေ မှာ အသုံးချလို့ ၂၀၁၈ ဟာ မိတ်ဆွေတွေအတွက် အောင်မြင်မှု အထွတ်အထိပ် ရောက်တဲ့ နှစ်သစ်ဖြစ်ပါစေ..လို့။

ပျော်ရွှင်အောင်မြင်ကြပါစေ.. ဒေါက်တာအောင်မျို

ဒေါက်တာအောင်မျိုး စာအုပ်စင်
ဒေါက်တာအောင်မျိုး စာအုပ်စင်
Awesome articles