ရုပဗေဒလေ့လာမယ်ဆိုရင် ပုံဖော်တတ်ဖို့ လိုပါတယ်ဗျ ဖြည်းဖြည်းချင်းဖတ်ကြည့်ပါ
ဒါကတော့ အပိုင်း၁ ပါ
Light and Matter
အလင်းဆိုတဲ့အရာက ကျွန်တော်တို့နဲ့ မစိမ်းပါဘူး ကျွန်တော်တို့ နေ့စဉ်ကြုံတွေ့နေရတဲ့အရာတစ်ခုပါပဲ သူက ကျွန်တော်တို့ရဲ့ အမြင်အာရုံကို နှိုးဆော်ပေးတယ် အဲဒီအလင်းရဲ့ လုပ်နိုင်စွမ်းဟာ အရာဝတ္ထုတွေရဲ့ ပုံသဏ္ဌာန် အရောင်စတာတွေကို ဖော်ပြပေးနိုင်တာထက် အများကြီးပိုပါတယ်
အာကာသလေ့လာကြတဲ့ ပညာရှင်တွေဟာ ကြယ်တစ်လုံးရဲ့ အပူချိန်ကိုပြောပြနိုင်တယ် အဲဒီကြယ်ကျွန်တော်တို့ဆီကို ရွေ့နေသလား ကျွန်တော်တို့ရဲ့ဝေးရာဆီကိုသွားနေသလား ရွေ့နေတယ်ဆိုရင် ဘယ်လောက်အမြန်နှုန်းနဲ့ရွေ့သလဲ ဒါတွေကိုလည်းပြောပြနိုင်တယ် နောက်ပြီးအဲဒီကြယ်မှာပါတဲ့ ဒြပ်အမျိုးအစားကိုလည်းပြောပြနိုင်တယ် ဥပမာ ဂြိုဟ်တစ်ခုမှာ ရေရှိမရှိကိုပြောနိုင်တယ် oxygen ရှိမရှိကိုလည်းပြောနိုင်တယ် ဂြိုဟ်ရဲ့မျက်နှာပြင်ဖွဲ့စည်းပုံကို ပြောနိုင်တယ်
အာကာသပညာရှင်တွေဟာ အာကာသထဲမှာရှိတဲ့ အရာတွေရဲ့ သဘာဝကိုပြောပြပေးနိုင်တယ် အဲဒီအရာက လာတဲ့အလင်းကို ဒီကနေဖမ်းနိုင်မယ်ဆိုရင်ပေါ့
ဘာကြောင့်များ အလင်းဟာ ဒြပ်ဝတ္ထုတွေရဲ့ အချက်အလက် တွေကိုသယ်ပေးနိုင်တာလဲ အဖြေကိုသိချင်ရင်တော့ အလင်းရဲ့သဘာဝနဲ့ ဒြပ်ဝတ္ထုတွေရဲ့သဘာဝကို နားလည်ထားဖို့ လိုပါတယ်
Light
အလင်းဆိုတာ စွမ်းအင်တစ်မျိုးပါပဲ အဲဒီစွမ်းအင်ဟာ လှိုင်းကဲ့သို့ ပြုမူပါတယ်တဲ့ ဒါဆိုရင်လှိုင်းဆိုတာ ဘာကိုဆ်ိုလိုတာလဲ
ကျွန်တော်တို့ ကြိုးတစ်ချောင်းကိုဆွဲခါလိုက်ရင် လှိုင်းတွန့်လေးဟာ ကြိုးတစ်လျှောက်ရွေ့လျားသွားပါတယ်
လက်ကနေပေးလိုက်တဲ့ စွမ်းအင်ဟာ လှိုင်းပုံစံနဲ့ ကြိုးတစ်လျှောက်ရွေ့သွားတာပါ ကြိုးကိုဆက်တိုက်ခါပေးမယ် ဆိုရင် ကြိုးတစ်လျှောက်လှ်ိုင်းတွန့်တွေဆက်တိုက်ပြေးနေတာ တွေ့ရမှာပါ ကြိုးဟာလှိုင်းတွန့်တွေအများကြီးနဲ့ ကျွန်တော်တို့ စာအုပ်တွေထဲမှာတွေ့ဖူးတဲ့ wave diagram လိုမျိုး ဖြစ်သွားပါပြီ ကျွန်တော်တို့ရဲ့ အလင်းဟာ အဲဒီလှိုင်း ရွေ့သလိုမျိုးရွေ့ပါတယ်တဲ့ electron လေးတွေကို စီတန်းထားပြီး အလင်းကိုဖြတ်ခိုင်းလိုက်မယ်ဆိုရင် electron တန်းလေးဟာ လက်နဲ့ဆွဲခါထားတဲ့ ကြိုးလိုမျိုး လှိုင်းတွန့်လေးတွေဖြစ်သွားပါမယ်တဲ့
လှိုင်းမှာ လှိုင်းအလျားရှိပါတယ် ကြိမ်နှုန်းရှိပါတယ်
လှိုင်းတွန့်လေးတွေနဲ့ကြိုးကိုပုံဖော်ကြည့်ပါ လှိုင်းထိပ်တစ်ခုနဲ့ တစ်ခုကြားအကွာအဝေးဟာ လှိုင်းအလျားပါပဲ လှိုင်းသွားတဲ့အခါမှာ လှိုင်းအလျားတိုလေ ကျဉ်းလေ အမှုန်တွေနဲ့ တိုက်မိနိုင်ချေများလေပါပဲ ကြိုးရဲ့လှိုင်းထိပ်တစ်ခုနဲ့တစ်ခုကြားက ကျယ်တယ်ဆိုရင် လှိုင်းဟာ ပန်းသီးတစ်လုံးကိုကျော်ခွသွားနိုင်တဲ့ chance များပါတယ် တကယ်လို့သူရဲ့ လှိုင်းအလျားက ကျဉ်းနေမယ်ဆိုရင်တော့ အရွယ်အစားတူပန်းသီးကိုပဲ ကျော်ခွဖို့ chance နည်းသွားပါပြီ ဒါကြောင့် လှိုင်းအလျားတိုတဲ့ အလင်းတွေဟာ အမှုန်တွေနဲ့တိုက်မိနိုင်ချေ ပိုများပြီး scatter ပိုဖြစ်ပါတယ် ကောင်းကင်ကြီးဘာကြောင့်ပြာသလဲရဲ့အဖြေပါ နေကလာတဲ့ မြင်နိုင်တဲ့အလင်းတွေထဲမှာ အပြာရောင်က လှိုင်းအလျားတိုတဲ့ဘက်မှာရှိပါတယ် ဒါကြောင့် အပြာရောင်က တခြားအရောင်တွေထက် လေ molecules တွေနဲ့ တိုက်မိနိုင်တဲ့အခွင့်အရေး ပိုများတယ် ပိုပြီးတိုက်တဲ့အတွက် လေထုထဲမှာပိုပြီးဖြန့်ကျက်ခံရတယ်
ဒါကြောင့် ကောင်းကင်ဟာ အပြာရောင်သန်းနေတယ်
လှိုင်းသဘာဝ နောက်တစ်မျိုးက ကြိမ်နှုန်းဖြစ်ပါတယ် လှိုင်းတွန့်တွေနဲ့ကြိုးကိုပုံဖော်ကြည့်ပါ လှိုင်းတွန့်တစ်ခုဖြတ်သွား တိုင်းမှာ ကြိုးရဲ့အစိတ်အပိုင်းတစ်ခုစီတိုင်းဟာ အပေါ်ကိုလည်း တက်တယ် အောက်ကိုလည်းပြန်ဆင်းတယ် အဲလို ကြိုးရဲ့အပိုင်း တစ်ခုဟာ တစ်စက္ကန့်မှာ အပေါ်တက်အောက်ဆင်း တစ်ကြိမ် ဖြစ်သွားရင် သူ့ကို ကြိမ်နှုန်း 1Hz ရှိတယ်လို့သတ်မှတ်ပါတယ်
တကယ်လို့ တစ်စက္ကန့်မှာ အပေါ်တက်အောက်ဆင်း သုံးကြိမ် ဖြစ်ရင်တော့ 3Hz ပေါ့
အလင်းတစ်မျိုးစီတိုင်းမှာ ကိုယ်ပိုင်ကြိမ်နှုန်း လှိုင်းအလျား ကိုယ်စီရှိကြပါတယ် အလင်းအားလုံးအတွက် အလျင်ကတော့ တစ်မျိုးတည်းပါပဲ အားလုံးက အလျင်တူကြတဲ့အတွက် လှိုင်းအလျားတိုတဲ့ အလင်းတွေက ကြိမ်နှုန်းမြင့်ပြီး လှိုင်းအလျားရှည်တဲ့ကောင်တွေက ကြိမ်နှုန်းနိမ့်ပါတယ်
ကြိမ်နှုန်းတစ်မျိုးစီရှိကြတဲ့အတွက် စွမ်းအင်ပမာဏလည်း မတူကြပါဘူး ကြိမ်နှုန်းမြင့်တဲ့အလင်းတွေဟာ ပိုများတဲ့ စွမ်းအင်ပမာဏကို ပိုင်ဆိုင်ကြပါတယ်
ကျွန်တော်တို့မြင်နိုင်တဲ့ အလင်းတွေထဲမှာဆိုရင် ခရမ်းရောင်က ကြိမ်နှုန်းအမြင့်ဆုံး စွမ်းအင်အများဆုံးဖြစ်ပါတယ် သူ့ထက်မြင့်ရင် ခရမ်းလွန်UV, X rays, gamma rays ဒါတွေကိုတော့ ကျွန်တော်တို့မမြင်နိုင်တော့ပါဘူး
နောက်ကြိမ်နှုန်းနိမ့်တဲ့ဘက်မှာဆိုရင် အနီရောင်ဖြစ်ပါတယ် သူ့အောက်နိမ့်တာဆိုရင် ကျွန်တော်တို့မမြင်နိုင်တော့တဲ့ အနီရောင်အောက်IR, microwaves, radiowaves ဆိုတဲ့ အလင်းတွေရှိကြပါတယ်
နောက်ပြီး အလင်းဟာ အမှုန်ကဲ့သို့ပြုမူပါသေးတယ်တဲ့ အမှုန်ဆိုတာက ဥပမာ atom တစ်လုံးလိုမျိုး ပင်ပေါင်ဘောလုံးလိုမျိုး
ဘောလုံးတစ်လုံးနဲ့တစ်လုံး သီးသန့်ဖြစ်နေသလိုမျိုးပဲ အလင်းဟာလည်း တစ်ဆက်စပ်တည်းမဟုတ်ပါဘူး အလင်းထဲမှာ photon လို့ခေါ်တဲ့ စွမ်းအင်အလုံးလေးတွေ ပါတယ် ပင်ပေါင်ဘောလုံးလိုမျိုးဒြပ်ဝတ္ထုတော့မဟုတ်ဘူး သူကတော့စွမ်းအင်အလုံးလေးပေါ့ photon တွေဟာ စွမ်းအင် တစ်မျိုးစီပိုင်ကြတယ် တစ်ခုနဲ့တစ်ခုစွမ်းအင်ပမာဏ မတူကြဘူး တစ်ခုနဲ့တစ်ခုမတူကြဘူးဆိုပေမယ့် အနီရောင်အလင်းရဲ့ photon နှစ်လုံးဟာ နှစ်ခုလုံးအနီရောင်ပဲမို့စွမ်းအင်တူကြမယ် အနီရောင်အလင်းရဲ့ photon နဲ့ အပြာရောင်အလင်းရဲ့ photon ကျတော့ မတူတော့ဘူး အပြာရောင်ရဲ့ photon တွေက စွမ်းအင်ပမာဏပိုများတယ်
ဆိုတော့အလင်းဟာ လှိုင်းလိုမျိုးပြုမူလှုပ်ရှားတယ် အမှုန်လိုမျိုး လည်းဝတ္ထုတွေကို ဝင်တိုက်နိုင်တယ် တစ်ခုနဲ့တစ်ခုမတွဲထားဘူး တစ်ခုနှစ်ခုရေတွက်လို့ရတယ် သီးသန့်ဖြစ်တယ် သီးသန့်စီဖြစ်တယ်ဆိုတဲ့ဟာကို နည်းနည်းထပ်ပြောရရင် ကျောက်တုံးကြီးတစ်တုံးကို လူတစ်ယောက်အားနဲ့ မနိုင်လို့ ငါးယောက်လောက်ဝိုင်းတွန်း ကြတယ် ကျောက်တုံးကြီးရွေ့သွား တယ် ဒါမျိုးကို သီးသန့်လို့မခေါ်ဘူး တစ်ချိန်တည်းမှာ ငါးယောက်အားနဲ့စုပြီး အလုပ်လုပ်လိုက်တာပါ photon တွေကျတော့ အဲလိုမဟုတ်ဘူး atom တစ်လုံးကနေ electron တစ်လုံးကိုဖြုတ်ထုတ်ပစ်ဖို့ အချိန်တစ်ချိန်မှာ photon တစ်လုံးကပဲလုပ်နိုင်တယ် တစ်ချိန်တည်းမှာ photon ငါးလုံးလောက်စုပေါင်းပြီး စွမ်းအင်ပေးလို့မရဘူး တစ်လုံးချင်းစီသီးသန့်အလုပ်လုပ်တဲ့သဘောပေါ့ electron ကိုဝင်တိုက်တဲ့ photon ရဲ့စွမ်းအင်က လုံလောက်မယ်ဆိုရင် electron ဟာ atom ကနေပြုတ်ထွက်သွားမယ် photon ကပေးနိုင်တဲ့ စွမ်းအင်က မလုံလောက်ဘူး ဆိုရင်တော့ ဒီအတိုင်းပဲရှိနေမယ် နောက်photon တစ်လုံးက လာကူလို့မရဘူး ဒါပါပဲ
အလင်းဟာ လျှပ်စစ်ရှိတဲ့အရာတွေရော သံလိုက်ဓာတ်ရှိတဲ့အရာတွေပါ တုံ့ပြန်မှုရှိပါတယ် တုံ့ပြန်မှုရှိတယ်ဆိုတာ သူ့ကြောင့်ဟိုကောင်တွေမှာ အနေအထား တစ်ခုခုပြောင်းလဲသွားတာကိုဆိုလိုတာ
ဒါကြောင့် အလင်းကို electromagnetic radiation လို့ခေါ်ပါတယ်
Matter
အရာဝတ္ထုတွေကို ဒြပ်သားတွေနဲ့တည်ဆောက်ထားတာ ဖြစ်ပါတယ် gas cloud တွေ ကြယ်တွေ ဂြိုဟ်တွေ လတွေ ပြီးတော့ကျွန်တော်တို့ကိုယ်တိုင်ကိုလည်း ဒြပ်သားတွေနဲ့ တည်ဆောက်ထားတယ် ရုပ်ဝတ္ထုတိုင်းမှာ သူ့ရဲ့ molecules တည်ဆောက်မှုပုံစံနဲ့သူပဲ molecules အမျိုးအစားတွေအများကြီးရှိပေမယ့် molecules တွေကို ဖွဲ့စည်းထားတဲ့ elements ဒြပ်စင်အမျိုးအစားကတော့ 100ကျော်ပဲရှိပါတယ် ကျွန်တော်တို့နဲ့ ရင်းနှီးတဲ့ ဒြပ်စင်တွေ ဆိုရင် hydrogen, helium, carbon, oxygen, silicon, iron, gold, lead ဒါတွေပေါ့
Elements တွေမှာသူရဲ့ ဂုဏ်သတ္တိတွေကိုယ်စီရှိကြတယ် molecule တစ်လုံးရဲ့ ဂုဏ်သတ္တိဟာ သူ့ကိုဖွဲ့စည်းထားတဲ့ elementsတွေရဲ့ဟာနဲ့ မတူတော့ဘူး ဥပမာ water H2O ရဲ့ ဂုဏ်သတ္တိဟာ hydrogen နဲ့လည်းမတူတော့ဘူး oxygen နဲ့လည်း မတူတော့ဘူး
ရုပ်ဝတ္ထုတွေကို အသေးစိတ်စိတ်လိုက်ရင် နောက်ဆုံး atom တွေနဲ့ တည်ဆောက်ထားတယ်လို့ သိရတယ်တဲ့ ဒြပ်စင်အမျိုးအစား100ကျော်ဆိုတော့ atom ကလည်း အမျိုးပေါင်း 100ကျော်ပေါ့ atom တွေမှာ အမှုန်သုံးမျိုး ပါဝင်တယ် Proton, neutron နဲ့ electron
Atom တစ်လုံးမှာပါဝင်တဲ့ Proton အရေအတွက်ကို လိုက်ပြီးတော့ ဒြပ်စင်တွေကွဲသွားကြတယ် Proton တစ်လုံးပါရင် hydrogen. နှစ်လုံးပါရင် helium. Oxygen ဆိုရင် 8လုံး စသည်ဖြင့်ပေါ့
Atom တွေရဲ့ တည်ဆောက်ပုံကတော့ Proton နဲ့ neutron ဟာ အလွန့်အလွန်သေးငယ်တဲ့ သေးငယ်လွန်းလှတဲ့ atom တစ်လုံးစာနဲ့ယှဉ်ရင်တောင် သေးလွန်းလှတဲ့ nucleus ထဲမှာ စုစည်းထားပါတယ်တဲ့ nucleus ရဲ့ အပြင်ဖက်မှာ electron တွေက cloud လိုမျိုး လှည့်နေပါတယ်တဲ့ electron တွေဟာ cloud လိုမျိုး တစ်ဆက်စပ်တည်း အုံလိုက်ကြီးတော့မဟုတ်ဘူး ပန်ကာလည်သလိုပေါ့ နဂိုရှိတာ သုံးရွက် သီးသန့်စီရှိပေမယ့် လည်တာမြန်သွားတော့ တစ်ချပ်တည်းရှိတဲ့ အဝိုင်းပြားကြီးလိုမျိုးဖြစ်သွားတယ် electron တွေလည်း အဲဒီသဘောမျိုးပဲ nucleus ရဲ့ ပတ်လည်မှာ သူရွေ့တာ အရမ်းမြန်တယ် nucleus ကိုအုပ်ထားတဲ့ cloud လိုမျိုးဖြစ်သွားတယ် သူ့ရဲ့ တည်နေရာ အတိအကျကို ထောက်ပြဖို့ မဖြစ်နိုင်ဘူး
Atom တစ်လုံးမှာ nucleus က သေးသေးလေးနဲ့ ကျစ်လျစ်တယ် electron cloud ကတော့ တော်တော်လေး ကျယ်တယ် ဒါပေမယ့် atom တစ်ခုလုံးစာရဲ့ ဒြပ်ထုပမာဏ ကတော့ nucleus မှာပဲရှိတယ် electron တွေရဲ့ ဒြပ်ထုပမာဏက နည်းလွန်းတယ် ဒါကတော့ atom တွေရဲ့ တည်ဆောက်ထားပုံပေါ့
နောက်ထပ်လေ့လာဖို့အတွက် သိရမယ့်အချက်က atom တွေမှာ energy level ရှိတယ်ဆိုတာပါ
atom အမျိုးအစားကွဲတာနဲ့အမျှ energy level ချင်းမတူကြပါဘူး level တစ်ခုနဲ့တစ်ခုကြားကွာဟမှုချင်း မတူကြပါဘူး energy level ဆိုတာက electron တွေရဲ့ စွမ်းအင်ပမာဏ ကိုပြောတာပါပဲ
atom တိုင်းရဲ့ electrons တွေမှာ level 1 2 3 စသည်ဖြင့်ကနေ ionization level ဆိုတဲ့အထိ ရှိကြပါတယ်
Electron တွေဟာ level 1မှာပဲနေကြတယ် level တက်ဖို့ လိုတဲ့ စွမ်းအင်နဲ့ ကိုက်ညီတဲ့စွမ်းအင်ပမာဏ ကိုရမယ်ဆိုရင် တော့ level တွေတက်သွားမယ် ပြီးရင် ချက်ချင်းဆိုသလို စွမ်းအင်ပြန်လွှတ်ထုတ်ပြီး level 1 ကိုပြန်ဆင်းမယ် atom ရဲ့နယ်နိမိတ် အတွင်းမှာပဲရှိနေမယ် တကယ်လို့ ionization level အထိရောက်နိုင်တဲ့ စွမ်းအင်ကိုရမယ် ဆိုရင်တော့ electron ဟာ nucleus ကိုနှုတ်ဆက်ပြီး atom ကနေပြုတ်ထွတ်သွားမယ် atom ဟာလည်း charged particle(ion) တစ်ခုဖြစ်သွားမယ်
ဒီလောက်ဆိုရင် အလင်းက ဒြပ်သားတွေရဲ့ အချက်အလက်တွေ ကို ဘယ်လိုပြောပြပေးလဲ ဆိုတာလေ့လာနိုင်ပါပြီ
ဒါကတော့ အပိုင်း၁ ပါ
Light and Matter
အလင်းဆိုတဲ့အရာက ကျွန်တော်တို့နဲ့ မစိမ်းပါဘူး ကျွန်တော်တို့ နေ့စဉ်ကြုံတွေ့နေရတဲ့အရာတစ်ခုပါပဲ သူက ကျွန်တော်တို့ရဲ့ အမြင်အာရုံကို နှိုးဆော်ပေးတယ် အဲဒီအလင်းရဲ့ လုပ်နိုင်စွမ်းဟာ အရာဝတ္ထုတွေရဲ့ ပုံသဏ္ဌာန် အရောင်စတာတွေကို ဖော်ပြပေးနိုင်တာထက် အများကြီးပိုပါတယ် အာကာသလေ့လာကြတဲ့ ပညာရှင်တွေဟာ ကြယ်တစ်လုံးရဲ့ အပူချိန်ကိုပြောပြနိုင်တယ် အဲဒီကြယ်ကျွန်တော်တို့ဆီကို ရွေ့နေသလား ကျွန်တော်တို့ရဲ့ဝေးရာဆီကိုသွားနေသလား ရွေ့နေတယ်ဆိုရင် ဘယ်လောက်အမြန်နှုန်းနဲ့ရွေ့သလဲ ဒါတွေကိုလည်းပြောပြနိုင်တယ် နောက်ပြီးအဲဒီကြယ်မှာပါတဲ့ ဒြပ်အမျိုးအစားကိုလည်းပြောပြနိုင်တယ် ဥပမာ ဂြိုဟ်တစ်ခုမှာ ရေရှိမရှိကိုပြောနိုင်တယ် oxygen ရှိမရှိကိုလည်းပြောနိုင်တယ် ဂြိုဟ်ရဲ့မျက်နှာပြင်ဖွဲ့စည်းပုံကို ပြောနိုင်တယ် အာကာသပညာရှင်တွေဟာ အာကာသထဲမှာရှိတဲ့ အရာတွေရဲ့ သဘာဝကိုပြောပြပေးနိုင်တယ် အဲဒီအရာက လာတဲ့အလင်းကို ဒီကနေဖမ်းနိုင်မယ်ဆိုရင်ပေါ့ ဘာကြောင့်များ အလင်းဟာ ဒြပ်ဝတ္ထုတွေရဲ့ အချက်အလက် တွေကိုသယ်ပေးနိုင်တာလဲ အဖြေကိုသိချင်ရင်တော့ အလင်းရဲ့သဘာဝနဲ့ ဒြပ်ဝတ္ထုတွေရဲ့သဘာဝကို နားလည်ထားဖို့ လိုပါတယ်
Light
အလင်းဆိုတာ စွမ်းအင်တစ်မျိုးပါပဲ အဲဒီစွမ်းအင်ဟာ လှိုင်းကဲ့သို့ ပြုမူပါတယ်တဲ့ ဒါဆိုရင်လှိုင်းဆိုတာ ဘာကိုဆ်ိုလိုတာလဲ ကျွန်တော်တို့ ကြိုးတစ်ချောင်းကိုဆွဲခါလိုက်ရင် လှိုင်းတွန့်လေးဟာ ကြိုးတစ်လျှောက်ရွေ့လျားသွားပါတယ် လက်ကနေပေးလိုက်တဲ့ စွမ်းအင်ဟာ လှိုင်းပုံစံနဲ့ ကြိုးတစ်လျှောက်ရွေ့သွားတာပါ ကြိုးကိုဆက်တိုက်ခါပေးမယ် ဆိုရင် ကြိုးတစ်လျှောက်လှ်ိုင်းတွန့်တွေဆက်တိုက်ပြေးနေတာ တွေ့ရမှာပါ ကြိုးဟာလှိုင်းတွန့်တွေအများကြီးနဲ့ ကျွန်တော်တို့ စာအုပ်တွေထဲမှာတွေ့ဖူးတဲ့ wave diagram လိုမျိုး ဖြစ်သွားပါပြီ ကျွန်တော်တို့ရဲ့ အလင်းဟာ အဲဒီလှိုင်း ရွေ့သလိုမျိုးရွေ့ပါတယ်တဲ့ electron လေးတွေကို စီတန်းထားပြီး အလင်းကိုဖြတ်ခိုင်းလိုက်မယ်ဆိုရင် electron တန်းလေးဟာ လက်နဲ့ဆွဲခါထားတဲ့ ကြိုးလိုမျိုး လှိုင်းတွန့်လေးတွေဖြစ်သွားပါမယ်တဲ့ လှိုင်းမှာ လှိုင်းအလျားရှိပါတယ် ကြိမ်နှုန်းရှိပါတယ် လှိုင်းတွန့်လေးတွေနဲ့ကြိုးကိုပုံဖော်ကြည့်ပါ လှိုင်းထိပ်တစ်ခုနဲ့ တစ်ခုကြားအကွာအဝေးဟာ လှိုင်းအလျားပါပဲ လှိုင်းသွားတဲ့အခါမှာ လှိုင်းအလျားတိုလေ ကျဉ်းလေ အမှုန်တွေနဲ့ တိုက်မိနိုင်ချေများလေပါပဲ ကြိုးရဲ့လှိုင်းထိပ်တစ်ခုနဲ့တစ်ခုကြားက ကျယ်တယ်ဆိုရင် လှိုင်းဟာ ပန်းသီးတစ်လုံးကိုကျော်ခွသွားနိုင်တဲ့ chance များပါတယ် တကယ်လို့သူရဲ့ လှိုင်းအလျားက ကျဉ်းနေမယ်ဆိုရင်တော့ အရွယ်အစားတူပန်းသီးကိုပဲ ကျော်ခွဖို့ chance နည်းသွားပါပြီ ဒါကြောင့် လှိုင်းအလျားတိုတဲ့ အလင်းတွေဟာ အမှုန်တွေနဲ့တိုက်မိနိုင်ချေ ပိုများပြီး scatter ပိုဖြစ်ပါတယ် ကောင်းကင်ကြီးဘာကြောင့်ပြာသလဲရဲ့အဖြေပါ နေကလာတဲ့ မြင်နိုင်တဲ့အလင်းတွေထဲမှာ အပြာရောင်က လှိုင်းအလျားတိုတဲ့ဘက်မှာရှိပါတယ် ဒါကြောင့် အပြာရောင်က တခြားအရောင်တွေထက် လေ molecules တွေနဲ့ တိုက်မိနိုင်တဲ့အခွင့်အရေး ပိုများတယ် ပိုပြီးတိုက်တဲ့အတွက် လေထုထဲမှာပိုပြီးဖြန့်ကျက်ခံရတယ် ဒါကြောင့် ကောင်းကင်ဟာ အပြာရောင်သန်းနေတယ် လှိုင်းသဘာဝ နောက်တစ်မျိုးက ကြိမ်နှုန်းဖြစ်ပါတယ် လှိုင်းတွန့်တွေနဲ့ကြိုးကိုပုံဖော်ကြည့်ပါ လှိုင်းတွန့်တစ်ခုဖြတ်သွား တိုင်းမှာ ကြိုးရဲ့အစိတ်အပိုင်းတစ်ခုစီတိုင်းဟာ အပေါ်ကိုလည်း တက်တယ် အောက်ကိုလည်းပြန်ဆင်းတယ် အဲလို ကြိုးရဲ့အပိုင်း တစ်ခုဟာ တစ်စက္ကန့်မှာ အပေါ်တက်အောက်ဆင်း တစ်ကြိမ် ဖြစ်သွားရင် သူ့ကို ကြိမ်နှုန်း 1Hz ရှိတယ်လို့သတ်မှတ်ပါတယ် တကယ်လို့ တစ်စက္ကန့်မှာ အပေါ်တက်အောက်ဆင်း သုံးကြိမ် ဖြစ်ရင်တော့ 3Hz ပေါ့ အလင်းတစ်မျိုးစီတိုင်းမှာ ကိုယ်ပိုင်ကြိမ်နှုန်း လှိုင်းအလျား ကိုယ်စီရှိကြပါတယ် အလင်းအားလုံးအတွက် အလျင်ကတော့ တစ်မျိုးတည်းပါပဲ အားလုံးက အလျင်တူကြတဲ့အတွက် လှိုင်းအလျားတိုတဲ့ အလင်းတွေက ကြိမ်နှုန်းမြင့်ပြီး လှိုင်းအလျားရှည်တဲ့ကောင်တွေက ကြိမ်နှုန်းနိမ့်ပါတယ် ကြိမ်နှုန်းတစ်မျိုးစီရှိကြတဲ့အတွက် စွမ်းအင်ပမာဏလည်း မတူကြပါဘူး ကြိမ်နှုန်းမြင့်တဲ့အလင်းတွေဟာ ပိုများတဲ့ စွမ်းအင်ပမာဏကို ပိုင်ဆိုင်ကြပါတယ် ကျွန်တော်တို့မြင်နိုင်တဲ့ အလင်းတွေထဲမှာဆိုရင် ခရမ်းရောင်က ကြိမ်နှုန်းအမြင့်ဆုံး စွမ်းအင်အများဆုံးဖြစ်ပါတယ် သူ့ထက်မြင့်ရင် ခရမ်းလွန်UV, X rays, gamma rays ဒါတွေကိုတော့ ကျွန်တော်တို့မမြင်နိုင်တော့ပါဘူး နောက်ကြိမ်နှုန်းနိမ့်တဲ့ဘက်မှာဆိုရင် အနီရောင်ဖြစ်ပါတယ် သူ့အောက်နိမ့်တာဆိုရင် ကျွန်တော်တို့မမြင်နိုင်တော့တဲ့ အနီရောင်အောက်IR, microwaves, radiowaves ဆိုတဲ့ အလင်းတွေရှိကြပါတယ် နောက်ပြီး အလင်းဟာ အမှုန်ကဲ့သို့ပြုမူပါသေးတယ်တဲ့ အမှုန်ဆိုတာက ဥပမာ atom တစ်လုံးလိုမျိုး ပင်ပေါင်ဘောလုံးလိုမျိုး ဘောလုံးတစ်လုံးနဲ့တစ်လုံး သီးသန့်ဖြစ်နေသလိုမျိုးပဲ အလင်းဟာလည်း တစ်ဆက်စပ်တည်းမဟုတ်ပါဘူး အလင်းထဲမှာ photon လို့ခေါ်တဲ့ စွမ်းအင်အလုံးလေးတွေ ပါတယ် ပင်ပေါင်ဘောလုံးလိုမျိုးဒြပ်ဝတ္ထုတော့မဟုတ်ဘူး သူကတော့စွမ်းအင်အလုံးလေးပေါ့ photon တွေဟာ စွမ်းအင် တစ်မျိုးစီပိုင်ကြတယ် တစ်ခုနဲ့တစ်ခုစွမ်းအင်ပမာဏ မတူကြဘူး တစ်ခုနဲ့တစ်ခုမတူကြဘူးဆိုပေမယ့် အနီရောင်အလင်းရဲ့ photon နှစ်လုံးဟာ နှစ်ခုလုံးအနီရောင်ပဲမို့စွမ်းအင်တူကြမယ် အနီရောင်အလင်းရဲ့ photon နဲ့ အပြာရောင်အလင်းရဲ့ photon ကျတော့ မတူတော့ဘူး အပြာရောင်ရဲ့ photon တွေက စွမ်းအင်ပမာဏပိုများတယ် ဆိုတော့အလင်းဟာ လှိုင်းလိုမျိုးပြုမူလှုပ်ရှားတယ် အမှုန်လိုမျိုး လည်းဝတ္ထုတွေကို ဝင်တိုက်နိုင်တယ် တစ်ခုနဲ့တစ်ခုမတွဲထားဘူး တစ်ခုနှစ်ခုရေတွက်လို့ရတယ် သီးသန့်ဖြစ်တယ် သီးသန့်စီဖြစ်တယ်ဆိုတဲ့ဟာကို နည်းနည်းထပ်ပြောရရင် ကျောက်တုံးကြီးတစ်တုံးကို လူတစ်ယောက်အားနဲ့ မနိုင်လို့ ငါးယောက်လောက်ဝိုင်းတွန်း ကြတယ် ကျောက်တုံးကြီးရွေ့သွား တယ် ဒါမျိုးကို သီးသန့်လို့မခေါ်ဘူး တစ်ချိန်တည်းမှာ ငါးယောက်အားနဲ့စုပြီး အလုပ်လုပ်လိုက်တာပါ photon တွေကျတော့ အဲလိုမဟုတ်ဘူး atom တစ်လုံးကနေ electron တစ်လုံးကိုဖြုတ်ထုတ်ပစ်ဖို့ အချိန်တစ်ချိန်မှာ photon တစ်လုံးကပဲလုပ်နိုင်တယ် တစ်ချိန်တည်းမှာ photon ငါးလုံးလောက်စုပေါင်းပြီး စွမ်းအင်ပေးလို့မရဘူး တစ်လုံးချင်းစီသီးသန့်အလုပ်လုပ်တဲ့သဘောပေါ့ electron ကိုဝင်တိုက်တဲ့ photon ရဲ့စွမ်းအင်က လုံလောက်မယ်ဆိုရင် electron ဟာ atom ကနေပြုတ်ထွက်သွားမယ် photon ကပေးနိုင်တဲ့ စွမ်းအင်က မလုံလောက်ဘူး ဆိုရင်တော့ ဒီအတိုင်းပဲရှိနေမယ် နောက်photon တစ်လုံးက လာကူလို့မရဘူး ဒါပါပဲ အလင်းဟာ လျှပ်စစ်ရှိတဲ့အရာတွေရော သံလိုက်ဓာတ်ရှိတဲ့အရာတွေပါ တုံ့ပြန်မှုရှိပါတယ် တုံ့ပြန်မှုရှိတယ်ဆိုတာ သူ့ကြောင့်ဟိုကောင်တွေမှာ အနေအထား တစ်ခုခုပြောင်းလဲသွားတာကိုဆိုလိုတာ ဒါကြောင့် အလင်းကို electromagnetic radiation လို့ခေါ်ပါတယ်
Matter
အရာဝတ္ထုတွေကို ဒြပ်သားတွေနဲ့တည်ဆောက်ထားတာ ဖြစ်ပါတယ် gas cloud တွေ ကြယ်တွေ ဂြိုဟ်တွေ လတွေ ပြီးတော့ကျွန်တော်တို့ကိုယ်တိုင်ကိုလည်း ဒြပ်သားတွေနဲ့ တည်ဆောက်ထားတယ် ရုပ်ဝတ္ထုတိုင်းမှာ သူ့ရဲ့ molecules တည်ဆောက်မှုပုံစံနဲ့သူပဲ molecules အမျိုးအစားတွေအများကြီးရှိပေမယ့် molecules တွေကို ဖွဲ့စည်းထားတဲ့ elements ဒြပ်စင်အမျိုးအစားကတော့ 100ကျော်ပဲရှိပါတယ် ကျွန်တော်တို့နဲ့ ရင်းနှီးတဲ့ ဒြပ်စင်တွေ ဆိုရင် hydrogen, helium, carbon, oxygen, silicon, iron, gold, lead ဒါတွေပေါ့ Elements တွေမှာသူရဲ့ ဂုဏ်သတ္တိတွေကိုယ်စီရှိကြတယ် molecule တစ်လုံးရဲ့ ဂုဏ်သတ္တိဟာ သူ့ကိုဖွဲ့စည်းထားတဲ့ elementsတွေရဲ့ဟာနဲ့ မတူတော့ဘူး ဥပမာ water H2O ရဲ့ ဂုဏ်သတ္တိဟာ hydrogen နဲ့လည်းမတူတော့ဘူး oxygen နဲ့လည်း မတူတော့ဘူး ရုပ်ဝတ္ထုတွေကို အသေးစိတ်စိတ်လိုက်ရင် နောက်ဆုံး atom တွေနဲ့ တည်ဆောက်ထားတယ်လို့ သိရတယ်တဲ့ ဒြပ်စင်အမျိုးအစား100ကျော်ဆိုတော့ atom ကလည်း အမျိုးပေါင်း 100ကျော်ပေါ့ atom တွေမှာ အမှုန်သုံးမျိုး ပါဝင်တယ် Proton, neutron နဲ့ electron Atom တစ်လုံးမှာပါဝင်တဲ့ Proton အရေအတွက်ကို လိုက်ပြီးတော့ ဒြပ်စင်တွေကွဲသွားကြတယ် Proton တစ်လုံးပါရင် hydrogen. နှစ်လုံးပါရင် helium. Oxygen ဆိုရင် 8လုံး စသည်ဖြင့်ပေါ့ Atom တွေရဲ့ တည်ဆောက်ပုံကတော့ Proton နဲ့ neutron ဟာ အလွန့်အလွန်သေးငယ်တဲ့ သေးငယ်လွန်းလှတဲ့ atom တစ်လုံးစာနဲ့ယှဉ်ရင်တောင် သေးလွန်းလှတဲ့ nucleus ထဲမှာ စုစည်းထားပါတယ်တဲ့ nucleus ရဲ့ အပြင်ဖက်မှာ electron တွေက cloud လိုမျိုး လှည့်နေပါတယ်တဲ့ electron တွေဟာ cloud လိုမျိုး တစ်ဆက်စပ်တည်း အုံလိုက်ကြီးတော့မဟုတ်ဘူး ပန်ကာလည်သလိုပေါ့ နဂိုရှိတာ သုံးရွက် သီးသန့်စီရှိပေမယ့် လည်တာမြန်သွားတော့ တစ်ချပ်တည်းရှိတဲ့ အဝိုင်းပြားကြီးလိုမျိုးဖြစ်သွားတယ် electron တွေလည်း အဲဒီသဘောမျိုးပဲ nucleus ရဲ့ ပတ်လည်မှာ သူရွေ့တာ အရမ်းမြန်တယ် nucleus ကိုအုပ်ထားတဲ့ cloud လိုမျိုးဖြစ်သွားတယ် သူ့ရဲ့ တည်နေရာ အတိအကျကို ထောက်ပြဖို့ မဖြစ်နိုင်ဘူး Atom တစ်လုံးမှာ nucleus က သေးသေးလေးနဲ့ ကျစ်လျစ်တယ် electron cloud ကတော့ တော်တော်လေး ကျယ်တယ် ဒါပေမယ့် atom တစ်ခုလုံးစာရဲ့ ဒြပ်ထုပမာဏ ကတော့ nucleus မှာပဲရှိတယ် electron တွေရဲ့ ဒြပ်ထုပမာဏက နည်းလွန်းတယ် ဒါကတော့ atom တွေရဲ့ တည်ဆောက်ထားပုံပေါ့ နောက်ထပ်လေ့လာဖို့အတွက် သိရမယ့်အချက်က atom တွေမှာ energy level ရှိတယ်ဆိုတာပါ atom အမျိုးအစားကွဲတာနဲ့အမျှ energy level ချင်းမတူကြပါဘူး level တစ်ခုနဲ့တစ်ခုကြားကွာဟမှုချင်း မတူကြပါဘူး energy level ဆိုတာက electron တွေရဲ့ စွမ်းအင်ပမာဏ ကိုပြောတာပါပဲ atom တိုင်းရဲ့ electrons တွေမှာ level 1 2 3 စသည်ဖြင့်ကနေ ionization level ဆိုတဲ့အထိ ရှိကြပါတယ် Electron တွေဟာ level 1မှာပဲနေကြတယ် level တက်ဖို့ လိုတဲ့ စွမ်းအင်နဲ့ ကိုက်ညီတဲ့စွမ်းအင်ပမာဏ ကိုရမယ်ဆိုရင် တော့ level တွေတက်သွားမယ် ပြီးရင် ချက်ချင်းဆိုသလို စွမ်းအင်ပြန်လွှတ်ထုတ်ပြီး level 1 ကိုပြန်ဆင်းမယ် atom ရဲ့နယ်နိမိတ် အတွင်းမှာပဲရှိနေမယ် တကယ်လို့ ionization level အထိရောက်နိုင်တဲ့ စွမ်းအင်ကိုရမယ် ဆိုရင်တော့ electron ဟာ nucleus ကိုနှုတ်ဆက်ပြီး atom ကနေပြုတ်ထွတ်သွားမယ် atom ဟာလည်း charged particle(ion) တစ်ခုဖြစ်သွားမယ်
ဒီလောက်ဆိုရင် အလင်းက ဒြပ်သားတွေရဲ့ အချက်အလက်တွေ ကို ဘယ်လိုပြောပြပေးလဲ ဆိုတာလေ့လာနိုင်ပါပြီ