လ (The Moon) အတွင်းပိုင်းဖွဲ့စည်းပုံ လရဲ့မှုလအစ
အတွင်းပိုင်းဖွဲ့စည်းပုံ အနေနဲ့ ကမ္ဘာနဲ့အလွန်တူပါတယ်။ သူ့မှာ solid iron inner core ၊ fluid outer core နဲ့ အပြင်အခွံလွှာဆိုပြီး ရှိပါတယ်။ Inner core အနေနဲ့ အချင်းတန်ဖိုး ၂၄၀ ကီလိုမီတာရှိပြီး သူ့ကို fluid outer core နဲ့ဖုံးထားပါတယ်။ fluid outer core ကို သံရည်တွေနဲ့အများဆုံးဖွဲ့စည်းထားပြီး အချင်းဝက် ၃၀၀ကီလိုမီတာရှိပါတယ်။ core တခုလုံးကို အချင်းဝက် ၅၀၀ကီလိုမီတာနီးပါးရှိတဲ့ ချော်ရည်တစ်ဝက်၊သံရည်တစ်ဝက် နယ်စပ်အလွှာတစ်ခုနဲ့ပိုင်းခြားထားပါတယ်။ အပေါ်ဆုံး အပြင်အခွံအလွှာအနေနဲ့ ၅၂ကီလိုမီတာရှိပြီး silica၊ alumina၊ lime တို့နဲ့အများဆုံးဖွဲ့စည်းထားပါတယ်။ core နဲ့ အပေါ်ယံကြားမှာ ၁၂၀၅ ကီလိုမီတာနီးပါးအထူရှိတဲ့ ကြားခံအလွှာတစ်ခုရှိပါတယ်။
လရဲ့မှုလအစ
လရဲ့မှုလအစနဲ့ပတ်သတ်ပြီး ခန့်မှန်းချက်အမျိုးမျိုးရှိပါတယ်။ ယခုအချိန်ထိ နက္ခတဗေဒအသိုင်းအဝိုင်းနဲ့ သိပ္ပံပညာရှင်တွေကြား ရေပန်းအစားဆုံး အဆိုပြုချက်ဟာ Giant Impact Hypothesis လို့ခေါ်တဲ့ ဝင်ဆောင့်မှုအနုမာနအဆိုကြမ်း ပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း 4.5 billion က Thia လို့အမည်ရတဲ့ အင်္ဂါဂြိုလ်အရွယ်အစား ဂြိလ်သိမ်တစ်ခုဟာ ကမ္ဘာကို ဝင်ဆောင့်ခဲ့ပါတယ်။ အဲ့အကျိုးဆက်ကြောင့် လွင့်ထွက်လာခဲ့တဲ့အပိုင်းအစတွေဟာ ကမ္ဘာပတ်လမ်းထဲမှာ ဒြပ်ဆွဲအားနဲ့စုစည်းမိပြီး တဖြည်းဖြည်းနဲ့ လအနေနဲ့ ဖြစ်ပေါ်လာတယ်လို့ဆိုထားပါတယ်။ အဆိုပါဝင်တိုက်မှုဟာ ကမ္ဘာဝင်ရိုး ၂၃.၅ ဒီဂရီ တိမ်းစောင်းနေရခြင်းရဲ့ အဓိကအကြောင်းအရင်းလဲဖြစ်ပါတယ်။ (လွန်ခဲ့တဲ့ ငါးလလောက်က Japan Agency for Marine-Earth Science and Technology ကနေထွက်ပေါ်လာခဲ့ computer simulation တွေအရ ဝင်တိုက်မှုဖြစ်စဥ်ဖြစ်ပွားခဲ့တဲ့အချိန်မှာ ကမ္ဘာဟာ ချော်ရည်တွေနဲ့ ဖုံးလွှမ်းနေတဲ့ ဂြိုလ်လောင်းအဆင့်မှာဘဲရှိနေရမယ်လို့ ဆိုထားပါတယ်။ အဲဒီအချက်ဟာ လနဲ့ကမ္ဘာရဲ့ဓာတုဖွဲ့စည်းပုံတူညီနေသော်လည်း "လုံးဝထပ်တူထပ်မျှမဖြစ်ခြင်း" ကို ရှင်းပြနိုင်ရုံတင်မက ပတ်လမ်းလည်ပတ်နူန်းတွေကိုပါ ရှင်းပြနိုင်ခဲ့ပါတယ်။) လရဲ့အစနဲ့ပတ်သတ်ပြီးတခြားသောအဆိုပြုချက် သီအိုရီတွေလည်းရှိပါတယ်။ လက်ရဖမ်းသီအိုရီ (Capture Theory) ၊ ခွဲထွက်ခြင်းသီအိုရီ (Fission Theory) နဲ့ အတူတူဖြစ်တည်လာခြင်းသီအိုရီ (Binary Accretion Theory) တို့ဖြစ်ပါတယ်။
အတွင်းပိုင်းဖွဲ့စည်းပုံ အနေနဲ့ ကမ္ဘာနဲ့အလွန်တူပါတယ်။ သူ့မှာ solid iron inner core ၊ fluid outer core နဲ့ အပြင်အခွံလွှာဆိုပြီး ရှိပါတယ်။ Inner core အနေနဲ့ အချင်းတန်ဖိုး ၂၄၀ ကီလိုမီတာရှိပြီး သူ့ကို fluid outer core နဲ့ဖုံးထားပါတယ်။ fluid outer core ကို သံရည်တွေနဲ့အများဆုံးဖွဲ့စည်းထားပြီး အချင်းဝက် ၃၀၀ကီလိုမီတာရှိပါတယ်။ core တခုလုံးကို အချင်းဝက် ၅၀၀ကီလိုမီတာနီးပါးရှိတဲ့ ချော်ရည်တစ်ဝက်၊သံရည်တစ်ဝက် နယ်စပ်အလွှာတစ်ခုနဲ့ပိုင်းခြားထားပါတယ်။ အပေါ်ဆုံး အပြင်အခွံအလွှာအနေနဲ့ ၅၂ကီလိုမီတာရှိပြီး silica၊ alumina၊ lime တို့နဲ့အများဆုံးဖွဲ့စည်းထားပါတယ်။ core နဲ့ အပေါ်ယံကြားမှာ ၁၂၀၅ ကီလိုမီတာနီးပါးအထူရှိတဲ့ ကြားခံအလွှာတစ်ခုရှိပါတယ်။
လရဲ့မှုလအစ လရဲ့မှုလအစနဲ့ပတ်သတ်ပြီး ခန့်မှန်းချက်အမျိုးမျိုးရှိပါတယ်။ ယခုအချိန်ထိ နက္ခတဗေဒအသိုင်းအဝိုင်းနဲ့ သိပ္ပံပညာရှင်တွေကြား ရေပန်းအစားဆုံး အဆိုပြုချက်ဟာ Giant Impact Hypothesis လို့ခေါ်တဲ့ ဝင်ဆောင့်မှုအနုမာနအဆိုကြမ်း ပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း 4.5 billion က Thia လို့အမည်ရတဲ့ အင်္ဂါဂြိုလ်အရွယ်အစား ဂြိလ်သိမ်တစ်ခုဟာ ကမ္ဘာကို ဝင်ဆောင့်ခဲ့ပါတယ်။ အဲ့အကျိုးဆက်ကြောင့် လွင့်ထွက်လာခဲ့တဲ့အပိုင်းအစတွေဟာ ကမ္ဘာပတ်လမ်းထဲမှာ ဒြပ်ဆွဲအားနဲ့စုစည်းမိပြီး တဖြည်းဖြည်းနဲ့ လအနေနဲ့ ဖြစ်ပေါ်လာတယ်လို့ဆိုထားပါတယ်။ အဆိုပါဝင်တိုက်မှုဟာ ကမ္ဘာဝင်ရိုး ၂၃.၅ ဒီဂရီ တိမ်းစောင်းနေရခြင်းရဲ့ အဓိကအကြောင်းအရင်းလဲဖြစ်ပါတယ်။ (လွန်ခဲ့တဲ့ ငါးလလောက်က Japan Agency for Marine-Earth Science and Technology ကနေထွက်ပေါ်လာခဲ့ computer simulation တွေအရ ဝင်တိုက်မှုဖြစ်စဥ်ဖြစ်ပွားခဲ့တဲ့အချိန်မှာ ကမ္ဘာဟာ ချော်ရည်တွေနဲ့ ဖုံးလွှမ်းနေတဲ့ ဂြိုလ်လောင်းအဆင့်မှာဘဲရှိနေရမယ်လို့ ဆိုထားပါတယ်။ အဲဒီအချက်ဟာ လနဲ့ကမ္ဘာရဲ့ဓာတုဖွဲ့စည်းပုံတူညီနေသော်လည်း "လုံးဝထပ်တူထပ်မျှမဖြစ်ခြင်း" ကို ရှင်းပြနိုင်ရုံတင်မက ပတ်လမ်းလည်ပတ်နူန်းတွေကိုပါ ရှင်းပြနိုင်ခဲ့ပါတယ်။) လရဲ့အစနဲ့ပတ်သတ်ပြီးတခြားသောအဆိုပြုချက် သီအိုရီတွေလည်းရှိပါတယ်။ လက်ရဖမ်းသီအိုရီ (Capture Theory) ၊ ခွဲထွက်ခြင်းသီအိုရီ (Fission Theory) နဲ့ အတူတူဖြစ်တည်လာခြင်းသီအိုရီ (Binary Accretion Theory) တို့ဖြစ်ပါတယ်။