MM Science
လ (The Moon) လရဲမျက်နှာပြင် လရဲ့ လေထု

လ (The Moon) လရဲမျက်နှာပြင် လရဲ့ လေထု

MMSpaceScience
MMSpaceScience

လဟာ ကျနော်တို့နဲ့အနီးဆုံး အာကာသ၀တ္တုဖြစ်ပြီး ကျနော်တို့လူသားတွေခြေခြနိုင်ခဲ့တဲ့ ပထမဆုံးပြင်ပဝတ္တုတခုဖြစ်ပါတယ်။ ၁၉၆၉ခုနှစ်ကစပြီး အပိုလိုမစ်ရှင်တွေက အာကာသယာဉ်မှုးတွေကို လပေါ်ပို့ဆောင်ပေးနိုင်ခဲ့ပြီး လမျက်နှာပြင်ပေါ်မှာ သုတေသနများစွာပြုလုပ်ခဲ့ကြပါတယ်။ လပေါ်က ယူဆောင်လာခဲ့တဲ့ ကျောက်သားတွေ၊ မြေသားတွေဟာ ကျနော်တို့အတွက် အများကြီး အထောက်အကူဖြစ်ခဲ့ပါတယ်။

လရဲမျက်နှာပြင် လသာတဲ့ညတွေမှာ ကျနော်တို့ သာမန်မျက်လုံးနဲ့ လမျက်နှာပြင်ကို ရှင်းရှင်းလင်းလင်းကြည့်ရှုလို့ရပါတယ်။ အဝေးကမြင်ရတဲ့ လရဲ့မျက်နှာပြင်ပေါ်မှာ အမည်းညစ်ရောင်သန်းနေတဲ့နေရာတွေနဲ့ အဖြူဖျော့ရောင်သန်းနေတဲ့နေရာတွေကို ကျနော်တို့မြင်တွေ့နေကျဖြစ်ပါတယ်။ မည်းညစ်ရောင်ပေါက်နေတဲ့နေရာတွေကို ပုံမှန်အားဖြင့် Maria လို့ခေါ်ပါတယ်။ လက်တင်ဘာသာအရပင်လယ်လို့ အဓိပ္ပာယ်ရပါတယ်။ အစောပိုင်းလကြည့်သူတွေဟာ အဲ့ဒိအပိုင်းတွေကို ရေတွေပြည့်နေတဲ့ ပင်လယ်တွေလို့ ထင်ခဲ့ကြပါတယ်။ နောက်ပိုင်း တယ်လီစကုတ်တွေ၊ binocular တွေနဲ့ ကြည့်တဲ့အခါမှ ရေမဟုတ်ဘဲ ကျောက်သားပြင်တွေမှန်းသိခဲ့ကြပါတယ်။ Maria အပိုင်းကို အဓိကအားဖြင့် basaltic material တွေနဲ့ ဖွဲ့စည်းထားပါတယ်။ Basaltic ဆိုတာ ချော်ရည်တွေစီးဆင်းခဲ့ရာကနေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ပိုလင်းတဲ့ မျက်နှာပြင်၊ (အဖြူဖျော့ရောင်သန်းနေတဲ့မျက်နှာပြင်)ကို highlands လို့ခေါ်ပါတယ်။ latin ဘာသာအရ ကုန်းမြေလို့ အဓိပ္ပာလ်ရပါတယ်။ highland အပိုင်းတွေမှာရှိတဲ့ ချိုင့်တွေဟာ မရေမတွက်နိုင်တဲ့ asteroids တွေ comets တွေရဲ့ ဝင်ဆောင့်မှုကြောင့်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ Highland အပိုင်းမှာရှိတဲ့ ကျောက်သားတွေဟာ နှစ်သန်းပေါင်း ၄ ဘီလီယံရှိပြီဖြစ်ပါတယ်။ လရဲ့သက်တမ်းနီးပါးကို ရှိပါတယ်။ Maria အပိုင်းတွေမှာဆိုရင်တော့ ချိုင့်တွေအများကြီးမရှိပါဘူး။ သူတို့ဟာ သက်တမ်းအားဖြင့်လည်း highland ကချိုင့်တွေထက်ပိုငယ်ပါတယ်။ Maria အပိုင်းက ကျောက်သားတွေအနေနဲ့ သက်တမ်းအားဖြင့် ၃.၅ ဘီလီယံနီးပါးရှိပြီဖြစ်ပါတယ်။

လရဲ့ လေထု ကျွန်တော်တို့တော်တော်များများဟာ လမှာ လေထုမရှိလို့ သိထားကြပါတယ်။ အမှန်တကယ်တော့ လ မှာအလွန်ပါးတဲ့ လေထုရှိပါတယ်။ လရဲ့ လေထုကို ဟီလီယံ၊ နီယွန်၊ အာဂွန်၊ ဟိုက်ဒြိုဂျင်တို့နဲ့ ဖွဲ့စည်းထားပါတယ်။ လ ရဲ့ လေထုက အင်မတန်ပါးလွန်းတဲ့အတွက် လေထုရဲ့ ဒြပ်ထုတစ်ခုလုံးအလေးချိန်ဟာ ကီလိုဂရမ်ထောင်ပေါင်း အနည်းငယ်မျှသာ အလေးချိန်ရှိပါတယ်။ အဲ့ဒီအလေးချိန်ကို ရေရဲ့ သိပ်သည်းဆနဲ့ ညီမျှအောင် ဖိသိပ်လိုက်ပါက လရဲ့လေထုတစ်ခုလုံးကို မျက်နှာပြင်တစ်ဖက်တစ်မီတာသာသာမျှသာရှိတဲ့အံစာတုံးတစ်တုံးအတွင်း ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။(ကမ္ဘာ့လေထုကို အဲဒီလို ဖိသိပ်လိုက်ပါက မျက်နှာပြင်တစ်ဖက်ကို မိုင်တစ်ရာနီးပါးရှိတဲ့ အံစာတုံးထဲ ထည့်နိုင်မှာဖြစ်ပါတယ်။) လ ရဲ့လေထုဟာ ပါးလွှာလွန်းတဲ့အတွက် အပူကြားခံနယ်အဖြစ် ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါဘူး။ နေမွန်းတည့်ချိန် လပေါ်မှာရှိတဲ့ အပူချိန်ဟာ 400 K(260°F) ရှိပြီး နေအရုဏ်မတက်မီ အချိန်မှာ 100 K (-280° F) ရှိပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ နေ့နှင့် ည အပူချိန်ခြားနားချက်ဟာ အများအားဖြင့် 20 K (36°F) ခန့်သာရှိပါတယ်။ လရဲ့ လေထုမရှိသလောက်ဖြစ်ခြင်းရဲ့ အခြား အကျိုးဆက်တစ်ခုမှာ လရဲ့ကောင်းကင်ဟာ နေ့ခင်းပိုင်းမှာကိုပင် မည်းနက်နေခြင်းဖြစ်ပါတယ်။ အဲဒီလို ကောင်းကင်မည်းနက်နေမှုကြောင့် လပေါ်တွင် နေ မွန်းတည့်ချိန်မှာပင် ကောင်းကင်ပေါ်ရှိတဲ့ ဂြိုဟ်နဲ့ ကြယ်များကို မြင်တွေ့နိုင်ပါတယ်။

MMSpaceScience
MMSpaceScience
Awesome articles