MM Science
သဘာဝလွန်ဖြစ်ရပ်တွေထဲက ဖြေရှင်းလို့မရသေးတဲ့ Time Traveller အကြောင်း

သဘာဝလွန်ဖြစ်ရပ်တွေထဲက ဖြေရှင်းလို့မရသေးတဲ့ Time Traveller အကြောင်း

Ye Yint Minn
Ye Yint Minn

သဘာဝလွန်ဖြစ်ရပ်တွေထဲက ဖြေရှင်းလို့မရသေးတဲ့ Time Traveller အကြောင်းတွေပါ .... Time travelling မှတ်တမ်းများ သီအိုရီများ နှင့် ဆွေးနွေးမှုများကိုသိသမျှတင်သွားပေးပါမည်။

Time traveller

1945 မှာထင်တယ်။ဂျပန်တိုကျိုအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လေဆိပ်တာဝန်ခံတွေကပြည်ဝင်ခွင့်စစ်ဆေးစဉ်မှာ ထိုသူရဲ့ထူးဆန်းတဲ့ အဖြေတွေက အချိန်ခရီးသွားသူလို့ထင်ရစေပါတယ်။သူနေတဲ့နိုင်ငံကိုမေးတဲ့အခါ Taured နိုင်ငံကလို့ဖြေခဲ့တဲ့အပြင်ထိုနေရာကိုမြေပုံမှာရှာခိုင်းတော့ ပြင်သစ် နဲ့စပိန်နယ်စပ်ကိုညွှန်ပြခဲတယ်။သူ့ဆီက စာရွက်စာတမ်းတွေ အချက်အလက်တွေမှာလဲ Taured နိုင်ငံသားဖြစ်ကြောင်းဖော်ပြထားပါတယ်။ ထိုနိုင်ငံက လက်ရှိမှာမရှိသေးပေမယ့် နောင်တစ်ချိန်မှာရှိလာမဲ့နိုင်ငံလား ဒါမှမဟုတ် လွန်ခဲ့တဲ့နစ်ပေါင်းများစွာကရှိခဲ့တဲ့ နိုင်ငံလားမသိခဲ့ရပါဘူး။ အာဏာပိုင်တွေဆီလဲ သတင်းတွေပျံ့နံ့ခဲ့ပြီးနောက်သူ့ကို အစောင့်နှစ်ယောက်နဲ့အခန်းတစ်ခန်းထဲပိတ်လှောင်ထားခဲ့ပါတယ်။ဒါပေမယ့်နောက်တစ်ချိန်စစ်ဆေးချိန်မှာသူကထူးဆန်းစွာပျောက်ဆုံး သွားခဲ့တယ်။သူ့ကိုချုပ်ထားတဲ့နေရာက ၇ လွှာထပ်မှာဖြစ်တဲ့အတွက်ပြတင်းပေါက်ကဆင်းဖို့ဆိုတာမလွယ်သလို လူတွေလဲ သတိထားမိမှာပဲဖြစ်ပါတယ်။အခုတော့ထူးဆန်းစွာပျောက်ဆုံးသွားတဲ့အတွက်သူက အချိန်ခရီးပြန်သွားပြီးသူပြောတဲ့ Taured နိုင်ငံကိုပြန်သွားသလား ပဟေဌိဖြစ်နေပါတယ်။

Sawlinoo

မှော်ပညာ

Coin from Egypt ;The Sun Temple

1994 95 မှာ အီဂျစ်နိုင်ငံနယ်နမိတ် နိုင်းမြစ်ဝှမ်းန့ဘေးက နေကျောင်းတော်ကြီးမှာဖြစ်ပျက်ခဲ့တာပါ။ နေကျောင်းတော်ကြီးရဲ့တစ်နေရာ (ပြောထားတာကကျောက်တလားတစ်ခုထဲကလို့ဆိုပါတယ်။)ကနေ အကြွေစေ့တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ အကြွေစေ့ကနှစ်တော်တော်ကြာထဲကဘုရားကျောင်းထဲမှာရှိနေခဲ့ပုံရပြီး သင်္ကေတတွေကအမေရိကန်သင်္ကေတတွေနဲ့ တူတာကြာင့်သုတေသနပြုရှာဖွေရာမှာ ထိုအကြွေစေ့ကမကြာခင်မှသာထုတ်ဖို့လျာထားတဲ့အကြွေစေ့နဲ့တစ်သွေမတိမ်းတူနေတာကိုတွေ့ရပါတယ်။ 1997 မှတရားဝင်ထုတ်ဖို့လျာထားတဲ့ ၂၅ ဆင့် တန်ဖိုးသတ်မှတ်ထားတဲ့အကြွေစေ့ဖြစ်နေပါတယ်။ထိုရှာဖွေမှုကိုပြင်သစ်ရှေးဟောင်းသုတေသနပညာရှင်တွေ တွေ့ရှိခဲ့တာပါ။

Sawlinoo

မှော်ပညာ

American Airways Flight 419

1990 ပြည့်နစ် September 9 ရက်နေ့မှာ ဗင်နီဇွဲလားလေဆိပ်မှာအောက်ပါအဖြစ်အပျက်လေးပါ။ ဒေါ့လက်လေယဉ်အမျိုးအစားတစ်မျိုး ဖြစ်ပြီးလေဆိပ်ကိုဆင်းသက်လာပေမယ့် တာဝါရေဒါမှာမပြပါဘူး။ လေယာဉ်ကိုစုစမ်းမှုပြုတဲ့အခါ နယူးယောက်ကနေ ဖလော်ရီဒါကိုပျံသန်းတဲ့ Flight 914 ဖြစ်တယ်လို့သိခဲ့ရတယ်။ဘယ်လိုလမ်းကြောင်းမှာပြီးဒီကိုဆင်းသက်မိလဲမသိကြောင်းပြောကာ Flight Diary ကိုပြတဲ့အခါ 1955 ခုနစ် July 2 ရက်နေ့မှာထွက်ခွာခဲ့တဲ့လေယဉ်ဖြစ်ပြီး ထိုလေယဉ်ဟာပျောက်ဆုံးကြောင်းအတည်ပြုထားတာ ၃၅ နစ်တာရှိပြီဖြစ်ကြောင်းအံ့သြဖွယ်တွေ့ရပါတယ်။Fax ကိုစုံစမ်းရာမှာလဲတကယ်မှန်ကန်နေပြီး ယခုထိအစအနရှာမရအောင်ပျောက်သွားခဲ့တဲ့ယဉ်ဖြစ်ကြောင်းသိရပါတယ်။ ခရီးသယ် 50 တင်ဆောင်ခဲ့ပြီး ထိုခရီးသည်တွေရဲ့အသက်အာမခံတွေကိုတောင်သေပြီထင်ကာပေးအပ်ခဲ့ပြီးဖြစ်ကြောင်းသိရ ပါတယ်။ထူးဆန်းတာကသူတို့အသက်က မကြီးသွားခဲ့ပဲ မြို့မှာကျန်နေခဲ့တဲ့ဆွေမျိုးမိဘ တွေက သူတို့ထက် ၃၅ နစ်ပိုအိုမင်းနေခဲ့တယ်။ လူမှုစုံစမ်းရေးကလဲသူတို့ရဲ့မှတ်ပုံတင်နဲ့အချက်အလက်ကိုအတည်ပြုပေးခဲ့ပါတယ်။

Sawlinoo

မှော်ပညာ

Airways Flight 513

1954 September 4 ရက်နေ့မှာဂျာမနီကနေဘရာဇီးနိုင်ငံကိုထွက်ခွာလာစဉ်မှာဘာမြူဒါဒေသကိုဖြတ်သန်းစဉ် တစ်လကျော်ခန့်ပျောက်ဆုံးသွားပြီးနောက် October 1954 မှာဘရာဇီးလေဆိပ်ကိုဆင်းသက်ခဲ့တယ်။ ထူးဆန်းမှုကစောင့်ကြိုနေပါတယ်။လေယဉ်ပေါက လေယာဉ်မှူး လေယဉ်မောင် မယ် ၄ ဉီးအပါအဝင် ခရီးသည်စုစုပေါင်း ၉၂ ယောက်လုံးဟာ အရိုးစုဖြစ်နေခဲ့ပြီး အပုပ်နဲ့တောင်မရတော့အောင်သေဆုံးတာကြာခဲ့ပြီဖြစ်တဲ့ပုံစံတွေ့ရပါတယ်။လေယဉ်ဟာလဲစုတ်ပျက်နေပြီး လေယဉ်ပေါကပစ္စည်းအချို့ကလဲဆွေးမြေ့နေပြီဖြစ်ပါတယ် ပညာရှင်များကတော့ မှားယွင်းတဲ့အချိန်ခရီးသွားမှုကြောင့်ဖြစ်တယ်လို့ကောက်ချက်ချပါတယ်။ဒါပေမယ့် ဒီအရိုးစုတွေကဘယ်လိုဖြစ်ပြီးလေယဉ်ကို ဘေးကင်းစွာကွင်းရောက်အောင်ဆိုက်ကပ်နိုင်ခဲ့လဲအဖြေရှာမရပါဘူး။အာဏာပိုင်တွေကလဲ ဒီအမှုကိုကိုင်တွယ်ဖို့ငြင်းဆိုခဲ့ ပါတယ်။

Sawlinoo

မှော်ပညာ

CD box in 1800s painting

1800 ပြည့်နစ်ကပန်းချီကားတစ်ခုပါ။ထိုပန်းခှကားကို ၁၈၀၀ ပြည့်နစ်မှာဆွဲခဲ့ပေမယ့် ပန်းချီကားထဲပုံတူထိုင်ခဲ့တဲ့ အမျိုးသားရဲလက်မှာ CD သေတ္တာကိုကိုင်တွယ်ထားတာရှင်းရှင်း လင်းလင်းတွေ့ရပါတယ်။ တကယ်က CD တွေကိုစတင်အသုံးပြုခဲ့တာက 1980 ပြည့်နစ်မှဖြစ်ပါတယ်။ပုံထဲမှာဆွဲထုတ်နေတဲ့ CD ပုံစံကလဲထိုခေါတ်အခါက ထိုအရာနဲ့ပုံတူအရာဝတ္ထုမျိုးမရှိခဲ့ကြောင်းသိရပါတယ်။

Sawlinoo

မှော်ပညာ

Phone from 13 th BCE

သြစတျေးလျနိုင်ငံကမြေအောက်တူးဖော်မှုတစ်ခုမှာအဆိုပါ မိုဘိုင်းဖုန်းကိုတွေ့ခဲ့တာပါ။သက္ကရဇ်တွက်ချက်အရ 13 th BCE ခန့်ကပစ္စည်းဖြစ်ကြောင်းသိရပါတယ်။ ဖုန်းပါသင်္ကေတတွေက စူမားရီးယားစာရေးပုံသင်္ကေတတွေဖြစ်နေတာကိုတွေ့ရှိရပါတယ်။ တချို့ကအချိန်ခရီးသွားခြင်းနဲ့ဆိုင်တယ်လို့သတ်မှတ်ထားသလို တချို့က အတ္တလန္တိတ်နဲ့ ဂြိုလ်သားတွေနဲ့ပါတ်သတ်နေတယ်လို့ဆိုပါတယ်။

Sawlinoo

မှော်ပညာ

1941 မှတ်တမ်း

ပုံပါမှတ်တမ်းဓာတ်ပုံထကမျက်မှန်တပ်ထားတ့သူကိုတွေ့မှာပါ။1941 ကနေကာမျက်မှန်မပေါသေးသလို သူကိုင်ထားတဲ့ကင်မရာဟာလဲ မပေါထွက်သေးပါဘူး။သူ့ကိုင်တဲ့ကင်မရာမျိုးဟာနောင်နစ် ၄၀ လောက်မှထွက်ခဲ့တာပါ။ သူ့ရှေ့ကလူကိုင်ထားတဲ့မြင်ကွင်းချဲ့မှန်ဘီလူးပါတဲ့ ကင်မရာဟာလဲနောင်နစ် ၅၀ ကျော်မှထွက်ပေါခဲ့တာပါ။ သူတို့နစ်ယောက်ဟာရုတ်တရက်အချိန်ခရီးသွားနယ်ပယ်ထဲကျရောက်ခဲ့တဲ့ခရီးသွားသူတွေလားမသိပါဘူး။အမေရိကန် paranormal မှတ်တမ်းမှာဒီအချက်အလက်ကိုထည့်သွင်းထားတာတွေ့ရပါတယ်။

Sawlinoo

မှော်ပညာ

Watch ring

နစ်ပေါင်း၁ဝဝကျော်သက်တမ်းရှိနေပြီဖြစ်တဲ့သေးငယ်လှပတဲ့နာရီလက်စွပ်လေးကို အနစ် ၄၀၀ သက်တမ်းရှိတဲဲ့ Sealed coffin ထဲနစ်မြုပ်နေတာတွေ့ရှိခဲ့ပါတယ်။ဒါကိုလဲနိုင်ငံတကာမှာမှတ်တမ်းတင်ထားပါတယ်။ တရုတ် / Shangsi နိုင်ငံ Si Qing သချိုင်းဂူမှာတွေ့ရှိတဲ့တာပါ။လက်တံတွေက ၁၀ နာရီ ?? မိနစ်ကိုညွှန်ပြနေပါတယ်။

Sawlinoo

မှော်ပညာ

Sean Diary

Sean ဆိုတဲ့ကောင်လေးရဲ့ဇာတ်လမ်းပါ။1967 မေ 18 ကိုပြန်ရောက်သွားခဲ့တယ်လို့ပြောဆိုခဲ့ပြီး ထူးဆန်းစွာပြန်ထွက်လာနိုင်ခဲ့တဲ့ပုံံမျိုးပါ။သူဟာ အလစ်သုတ်သမားလေးတစ်ယောက်ဖြစ်ပြီးတစ်နေ့ ရဲတွေလိုက်ချိန်မှာထိုအဖြစ်အပျက်ဖြစ်ပွားခဲ့တာပါ။ ရဲတွေလိုက်တာကြောင့်ပုန်းအောင်းနေစဉ် ရဲတွေကိုမတွေ့တာကြောင့် Bold လမ်းပေါတက်လာချိန်မှာ လူတွေရဲ့ဝတ်စားပုံတွေ အဆောက်အဉီးတွေက ပုံစံပြောင်းနေတာတွေ့ခဲ့ရကြောင်း ဖုန်းဆက်တာလဲဟမ်းဖုန်းကဆက်သွယ်မှုလှိုင်းလုံးဝမရှိတော့ကြောင်းး သတင်းစာတစ်ခုကိုယူကြည့်ရာ 1967 ခုနစ် မေ 18 ဒိတ်ဖြစ်နေကြောင်းတွေ့ရတာကြာင့် ပြန်ထွက်ပြေးလာစဉ် ဖုန်းလိုင်းပြန်မိလာတယ်။ဒ်ာပေမယ့်ရှေးဟောင်းမြင်ကွင်းတွေကမပြောင်းလဲသေးခင် လမ်းကြားအချိုး ဝင်တိုက်မိကာ သူ့ရဲ့နေ့စဉ်ဘဝကိုပြန်ရောက်လာကြောင်း ရဲတွေဆီမှာအစစ်ဆေးခံခဲ့ပါတယ်။ တကယ်လား လုပ်ကြံဇာတ်လမ်းလားဆိုတာ ကာယကရှင်ပဲသိမှာဖြစ်ပေမယ့် paranormal မှတ်တမ်းမှာမှတ်တမ်းတင်ထားပါတယ်။

Credit > #Sawlinoo

မှော်ပညာ

သဘာဝရဲ့ လော့ဂျစ်တွေကိို ကျနော်တို့ အပြည့်အဝ နားမလည်သေးတဲ့အခါ သဘာဝလွန် (supernatural) ဖြစ်လာရတာပါပဲ။

(အဲလ်ဘတ် ဟဘ်ဘတ်ထ်) အမေရိကန်စာရေးဆရာ၊အတွေးအခေါ်ပညာရှင်နှင့် အနုပညာရှင်

Ye Yint Minn
Ye Yint Minn
Awesome articles