MM Science
ဓာတုဗေဒ ဆိုတာ ဘာလဲ

ဓာတုဗေဒ ဆိုတာ ဘာလဲ

MM Science
MM Science

ဓာတုဗေဒပညာရပ်သည် ဒြပ်ဝတ္တုတို့၏ ပါဝင်ပေါင်းစပ်ပုံ၊ ပုံသဏ္ဌာန်နှင့် ဂုဏ်သတ္တိ များနှင့်အတူ ဓာတု ဓာတ်ပြုခြင်း ဖြစ်သောအခါ ဖြစ်ပေါ်လာသည့် ပြောင်းလဲခြင်းတို့ကို လေ့လာသော သိပ္ပံဘာသာရပ် တစ်ခုဖြစ်ပါသည်။ ဓာတုဗေဒသည် ရုပ်ဝတ္တု သိပ္ပံဘာသာရပ် ဖြစ်ပြီး အက်တမ်၊ မော်လီကျူး၊ ပုံဆောင်ခဲ နှင့် အခြား စုပေါင်းထားသော ဒြပ်ပေါင်း၊ ဒြပ်နှော များတွင် ဓာတုဖြစ်စဉ်များ ဖြစ်ပေါ်ခြင်း ပတ်သက်သော စွမ်းအင်နှင့် အင်ထရိုပီ သဘောတရားများကို လေ့လာသည်။ ခေတ်သစ်ဓာတုဗေဒသည် ဗိန္ဓောပညာရပ်မှ ဓာတုတော်လှန်ရေးဖြင့် ပေါ်ပေါက်လာသည်။

ဓာတုဗေဒရှိ ပညာရပ်ခွဲများမှာ ရှေးရိုးအစဉ်အလာအရ လေ့လာသော အရာဝတ္ထုအပေါ်မူတည်၍ ခွဲခြားသည်။ ၎င်းတို့မှာ-

  • ဩဂဲနစ် မဟုတ်သော ဓာတ်များကို လေ့လာသော အင်ဩဂဲနစ် ဓာတုဗေဒ (Inorganic Chemistry)
  • ဩဂဲနစ် ဓာတုဗေဒ (organic Chemistry)
  • သက်ရှိများတွင် ဖြစ်ပေါ်သော ဇီဝဖြစ်စဉ်များနှင့်သက်ဆိုင်သည့် ဇီဝဓာတုဗေဒ (biochemistry)၊
  • များလာသောအခါတွင် (at macro level) သို့မဟုတ်၊ မော်လီကျူလာနှင့် မော်လီကျူလာ ထက်သေးငယ်သော အခြေများတို့ရှိ ဓာတုစနစ် (chemical system) ရှိ စွမ်းအင် ကိုလေ့လာသော ရူပဓာတုဗေဒ (physical chemistry) နှင့်
  • ဓာတုဒြပ်ပေါင်းနှင့် ပုံသဏ္ဌာန်များကို ခွဲခြားစိတ်ဖြာလေ့လာသော ခွဲခြမ်းစိတ်ဖြာဓာတုဗေဒ (analytical chemistry) ဘာသာရပ်ခွဲများ တို့ဖြစ်သည်။
ပိုမို၍ အဏုစိတ် ဘာသာရပ်ကွဲများဖြစ်သည့် ဦးနှောက် ကွန်ယက်များကို လေ့လာသော နျူရိုဓာတုဗေဒ (neurochemistry) များလည်း ယခုနှစ်ပိုင်းများတွင် ပေါ်ထွန်းလာလျှက်ရှိသည်။
MM Science
MM Science
Awesome articles