ရုက္ခဗေဒဆိုသည်မှာ အပင်လောကကို လေ့လာသည့်
ရုက္ခဗေဒဆိုသည်မှာ အပင်လောကကို လေ့လာသည့် ပညာရပ်ကို ခေါ်သည်။ ထိုပညာရပ်သည် ဇီဝဗေဒ၏အရေးကြီး သော အစိတ်အပိုင်းနှစ်ခုအနက် တစ်ခုဖြစ်သည်။ ဇီဝဗေဒဆို သည်မှာ သက်ရှိမှန်သမျှကို လေ့လာသည့် ပညာရပ်ဖြစ်၍ ယင်း၏ အခြားအရေးကြီးသော အစိတ်အပိုင်းတစ်ခုမှာ ပါဏဗေဒ ဖြစ်သည်။
အပင်လောကကို စတင်၍ လေ့လာကြခြင်းနှင့် ရာစုနှစ် ပေါင်းများစွာ ကြာသည့်တိုင်အောင် လေ့လာခဲ့ကြခြင်းမှာ အပင်များ ဆေးဝါးဘက်တွင် အသုံးဝင်ခဲ့ခြင်းကြောင့် ဖြစ် သည်။ အပင်များကို လေ့လာခဲ့ကြသည်မှာ ကြာပြီဖြစ်သော် လည်း ရုက္ခဗေဒဆိုင်သော ပညာရပ် တိုးတက်လာသည်မှာ အမှန်အားဖြင့် နှစ်တစ်ရာမျှသာ ရှိခဲ့ပေသေးသည်။ လူအဖို့ အသုံးဝင်မည့်အပင်များ၊ အနုပညာတွင် အသုံးဝင်မည့် အပင် များနှင့် ဆေးဝါးဘက်တွင် အသုံးဝင်မည့် အပင်များကို စတင် စိတ်ဝင်စားခဲ့ကြသည်မှာ ဓမ္မာတာအတိုင်းသာ ဖြစ်လေသည်။ အပင်လောက၏ ပညာအစစ်ကို စတင်ခဲ့ကြရာတွင် အမျိုး အစား ခွဲခြားခြင်းကို ပြုလုပ်ခဲ့ကြသည်။ ရှေးဂရိတို့၏ ခေတ် တွင် အယ်ရစ္စတိုတယ်နှင့် သီအိုဖရက်စတပ်ဆိုသည့် ဂရိပညာ ရှင် နှစ်ဦးတို့သည် အပင်များကို သစ်ပင်များ၊ ချုံများနှင့် သစ်နုပင်များအဖြစ် အမျိုးအစား ခွဲခြားခဲ့ကြပေသည်။ သို့သော် အပင်များနှင့် သက်ဆိုင်ရာပညာရပ်ကို တိုးပွားစေရန် ၁၆ ရာစု နှစ်တိုင်အောင် ဆက်၍ မကြံစည်ခဲ့ချေ။ ထိုအချိန်သို့ ဆိုက် ရောက်သောအခါ အပင်လေ့လာသူများက အပင်များကို အုပ်စု အလိုက် ခွဲလိုက်ကြသည်။၁၈ ရာစုနှစ်အလယ်သို့ ဆိုက်ရောက် သောအချိန်တွင် ဆွိလူမျိုးတစ်ဦး ဖြစ်သူ လင်းနီးယပ်ဆိုသူက အပင်များအား အုပ်စုခွဲသည့် စံနစ်ကို တီထွင်ပေးနိုင်ခဲ့လေ သည်။
ထိုသို့ လင်းနီးယပ်က စံနစ်တကျ တီထွင်၍ ပေးနိုင်ခဲ့ သဖြင့် အပင်များကို အမျိုးအစား ခွဲခြားခြင်းသည် ခိုင်မြဲသည့် အခြေ ရရှိပြီးလျှင် တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာခဲ့ လေသည်။ ပထမတွင် အပွင့်ပွင့်သည့် အပင်များကိုသာ အမျိုး အစား ခွဲခြားကြသော်လည်း နောင်တွင် တဖြည်းဖြည်း အပင် တိုင်းကို အမျိုးအစား ခွဲလာကြလေသည်။တစ်ဖန် ၁၈ ရာစုနှစ် နောက်ပိုင်းနှင့်တိုးတက်ဖြစ်ထွန်းလာပုံကိုပါ လေ့လာခဲ့ကြလေ သည်။ ထိုကိစ္စများကို လေ့လာရာတွင် အသေးစိတ် လေ့လာရန် လိုအပ်သဖြင့် ရုတ်တရက် မအောင်မြင်နိုင်ခဲ့ကြလေသည်။ ထို သို့ လေ့လာကြရာတွင် ပထမ၌ အပင်ကြီးများ၏ ကိုယ်ထည် များ၏ အခြေခံမှာ ဆဲဖြစ်သည်ဆိုသော အချက်ကို သိလာကြ သောအခါတွင် အပင်၏ အနာတမီ(ကာယဒေသပညာ)ကိုပါ သဘောပေါက် လာကြလေသည်။ ထိုမှ ဆဲအမျိုးမျိုး စုပေါင်း သဖြင့် ဖြစ်ပေါ်လာသည့် အပင်၏ တစ်ရှူးများကိုပါ လေ့လာ ကြပြန်သည်။
ထိုမှတစ်ဖန် ရုက္ခဗေဒ ပညာရှင်များသည် အပင်များ၏ ပင်စည်အကိုင်းအခက်များနှင့် အင်္ဂါများ ဖြစ်ပေါ်စစ်ရေးအတွက် တစ်ရှူးများ တစ်ခုနှင့်တစ်ခု ဆက်သွယ်ကြပုံကိုပါ စိတ်ဝင်စား လာကြပြီးလျှင် အပင်တို့၏ ရုပ်သွင်ပညာခေါ် ပညာရပ်တစ်ရပ် ဖြစ်ပေါ်လာပြန်သည်။ ထိုပညာရပ်ဖြင့် အပင်များ၏ ဆောက် တည်ပုံ တိုးတက်လာရုံသာ မလေ့လာကြတော့ပဲ အပင်စုများ၏ မျိုးဆက်စဉ်ကိုပါ လေ့လာကြပြန်သည်။
ထိုသို့ အပင်များ၏ ရုပ်သွင်ပညာ ထွန်းကားလာသော အခါတွင် အချို့ ရုက္ခဗေဒပညာရှင်များက အပင်များ အသက် ရှင်ရေးအတွက် မည်သို့ အလုပ်လုပ်ကြသည်ကို သိလိုကြပြန် သည်။ ထိုသို့ သိလိုလာကြသဖြင့် ၁၉ ရာစုနှစ်အတွင်းတွင် ထိုပညာရပ်သည် အခြားအပင်နှင့်ဆိုင်ရာ ပညာရပ်များထက် အဟုန်ကြီးစွာနှင့် တိုးတက်လာခဲ့လေသည်။ ထိုပညာရပ်ကို အပင်များ၏ ဇီဝကိစ္စဗေဒဟူ၍ ခေါ်သည်။
ထိုမှတစ်ဖန် စိမ့်များ၊ ပရေရီလွင်များ၊ သဲကန္တာရများ၊ သို့မဟုတ် သစ်တောများကဲ့သို့သော အခြေအနေ မတူသည့် နေရာများတွင် အပင်များ အတူတကွ ပေါက်ရောက်လာနိုင်ပုံ တွင် ရုက္ခဗေဒပညာရှင်များက စိတ်ဝင်စားလာကြပြန်သည်။ ထိုပညာရပ်တွင် အပင်များနှင့် ယင်းတို့၏အင်္ဂါများ အလင်း၊ အပူ၊ မြေဆီလွှာ အပူချိန် စသည်တို့နှင့် ဆက်သွယ်ပုံကိုပါ လေ့လာကြပြန်သည်။ ထိုပညာရပ်ကို အီကောလိုဂျီ (ဂေဟ ဗေဒ)ဟု ခေါ်သည်။ ထိုမှတစ်ဆင့် အလွန်စိတ်ဝင်းစားဖွယ် ကောင်းသော 'အပင်စုများ'အကြောင်းကို လေ့လာနိုင်လာကြ ပြန်သည်။
လူများတွင် ရောဂါဝေဒနာများ ကျရောက်တတ်သကဲ့သို့ အပင်များတွင်လည်း ရောဂါများ ကျရောက် တတ်သည်ကို ရုက္ခဗေဒပညာရှင်များက သတိမူမိကြသဖြင့် အပင်များ၏ရောဂါ များကိုပါ လေ့လာလာကြရာမှ အပင်နှင့်ဆိုင်ရာ ရောဂါဗေဒ လည်း ထွန်းကားလာလေသည်။ တစ်ခါတစ်ရံတွင် ရာသီဥတု ကြောင့်၎င်း၊ တစ်ခါတစ်ရံတွင် မြေကြီးမှလိုအပ်သည့် တွင်း ထွက်များ မရရှိ၍၎င်း အပင်များ၌ ရောဂါကျရောက်တတ် သည်ကို တွေ့ကြလေသည်။ အပင်များ၌ ကျရောက်သည့်ရောဂါ များမှာ လူတွင် ရောဂါပိုးက ရောဂါကို ဖြစ်ပေါ်စေသကဲ့သို့ ဗက်တီးရီးယားနှင့် ရောဂါပိုးများကြောင့် များသောအားဖြင့် ဖြစ်ပေါ်လာသည်။ တစ်ခါတစ်ရံတွင် မှိုမျိုးကြောင့် အပင်များ၌ ရောဂါကျရောက်တတ်သည်။ မှိုမျိုး၌ ကလိုရိုဖီခေါ် အစိမ်း ရောင် ဆေးမရှိချေ။ ထိုသို့ ကလိုရိုဖီ မရှိသဖြင့် ဖိုတိုဆင်း သဆစ်ခေါ် အစာကို ပြုလုပ်ခြင်း မရှိနိုင်ချေ။ ထိုအခါ အခြား အပင်စိမ်းများမှ ယင်းတို့၏ အသက်ရှင်ရေးအတွက် အစာကို ရယူကြရပေမည်။ ထိုသို့ အစာကို ရယူကြရာတွင် အပင်စိမ်း များကို ပျက်စီးစေရုံမက တစ်ခါတစ်ရံတွင် သေပင် သေစေ ကြသည်။
အပင်များက ကျရောက်လာသည့် ရောဂါများကို ခုခံ တိုက်ခိုက်ရန် အပင်ရောဂါဗေဒ ပညာရှင်များက မူမှန်အပင် များကို လေ့လာကြလေသည်။ ထိုအပင်များ မည်သို့အမှု ဆောင်ရွက်သည်ကို လေ့လာကြလေသည်။ ထိုပညာရှင်များသည် အပင်ကို ဖျက်ဆီးပစ်သည့် အပင်နှင့် တိရစ္ဆာန်တို့၏ နေထိုင် ဖြစ်ပေါ်ပုံကိုပါ လေ့လာကြရလေသည်။ သို့မှသာ ယင်းတို့၏ လှုပ်ရှားမှုများကို ခုခံတိုက်ဖျက်နိုင်ပေလိမ့်မည်။ အပင်များ၌ ရောဂါ ကျရောက်ခြင်းကို ကာကွယ်တိုက်ခိုက်ရန် အပင်ရောဂါ ဗေဒအရ ဓာတ်ပစ္စည်းများကို အသုံးပြုကြလေသည်။ ထိုပညာ ရပ်ကို လေ့လာခြင်းဖြင့် ရောဂါကျရောက်ခြင်းကို ခုခံ တိုက် ခိုက်နိုင်မည့် အပင်မျိုး ဖြစ်ပေါ်လာအောင် ရှာကြံဆောင်ရွက် နိုင်ကြလေသည်။ အပင်တွင် ရောဂါမကျရောက်စေရန် ပို၍ လိုလားကြလေသည်။
မျိုးရိုးပညာ ထွန်းကားလာသောအခါတွင် ထိုပညာကို အပင်များတွင် အသုံးပြုခဲ့ကြလေသည်။ ထိုပညာရပ်မှာ အပင် များ ယင်းတို့၏ အဆက်အနွယ်များသို့ မည်ကဲ့သို့ ယင်းတို့၏ ဝိသေသဂုဏ်များကို ပြန့်ပွားစေသည် ဆိုသည်ကို လေ့လာခြင်း ဖြစ်သည်။ ထိုပညာရပ် ထွန်းကားလာခဲ့သည်မှာ ၁၉ဝဝ ပြည့် နှစ်မှ စခဲ့ခြင်းကြောင့် မကြာလှသေးချေ။ထိုပညာရပ်၏ အခြေခံ အချက်အလက်များကို ဩစတြီးယန်း ခရစ်ယန်ဘုန်းကြီးတစ်ပါး ဖြစ်သော ဂရီခေါ်မင်ဒယ်ဆိုသူက စစ်ဆေးလေ့လာခဲ့လေသည်။
ထိုပြင် အသုံးချ ရုက္ခဗေဒဆိုသည်လည်း ရှိသေးသည်။ ထိုပညာရပ်တွင် အပင်သစ်များ ရှာဖွေခြင်းနှင့် အပင်ထွက် ပစ္စည်းများကို လေ့လာခြင်း၊ မည်သည့်အပင်မျိုးက မည်သည့် မြေဩဇာမျိုးကို လိုသည်ဆိုသည်ကို လေ့လာခြင်းနှင့် လူ့အကျိုး အတွက် အပင်များကို လူက စိုက်ပျိုးယူပုံများကို လေ့လာခြင်း များ ပါဝင်သည်။
ကမ္ဘာတွင် အပင်အမျိုးပေါင်း သုံးသိန်းခန့် ရှိသည်။အပင် တစ်ပင်ကို မလေ့လာမီ၊ သို့မဟုတ် အသုံးမပြုမီ ထိုအပင်သည် မည်သည့်အပင်မျိုး ဖြစ်သည်ကို သိရန် အရေးကြီးလေသည်။ အပင်များကို အမျိုးအစား ခွဲခြားခြင်းသည် လွယ်ကူသော လုပ်ငန်းမဟုတ်ချေ။ အပင်နှစ်ပင်သည် မည်သို့မျှ တိကျစွာ တူနိုင်မည် မဟုတ်ချေ။ အလွန်နီးစပ်သည့် အပင်နှစ်ပင်ကို ခွဲခြားရန် ခဲယဉ်းလေသည်။အတွေ့အကြုံများကို ကြည့်တတ်ခြင်း တို့သည် အပင်များကို အမျိုးအစားခွဲရာတွင် လိုအပ်သော အရည်အချင်း များ ဖြစ်လေသည်။
အပင်တစ်ပင်ကို သိပ္ပံစံနစ်ဖြင့် အမည်ပေးရာတွင် အစဉ် သဖြင့် စကားလုံးနှစ်လုံး ပါရှိလေသည်။ ပထမ စကားလုံးမှာ မျိုးစုအမည်ဖြစ်၍ ထိုအပင်သည် မည်သည့် အပင်အုပ်စုတွင် ပါဝင်ကြောင်းကို ဖော်ပြသည်။ ဒုတိယစကားလုံးမှာ မျိုးစိတ် အမည် သို့မဟုတ် အုပ်စုအတွင်း မည်သည့် အမျိုးဖြစ်ကြောင်း ကို ဖော်ပြသည်။ ထိုကြောင့် အုတ်ခေါ် ဝက်သစ်ချပင် မှန်သမျှ သည် 'ကွားကပ်'မျိုးစုတွင် ပါဝင်လေသည်။ထိုအတူ နှင်းဆီမှန် သမျှသည်လည်း'ရိုဆာ'မျိုးစုတွင် ပါဝင်လေသည်။ သို့သော် ဝက်သစ်ချအဖြူမှာ 'ကွားဟပ်ရူဗရာ' ဖြစ်သည်။ မျိုးစုတစ်စု စီတွင် သက်ဆိုင်ရာမျိုးစုသာ အသုံးပြုပြီးလျှင် အပင်လောက ရှိ အခြားမည်သည့် အပင်အုပ်စုအတွက်မျှ အသုံးမပြုချေ။ ထိုအတူ အုပ်စုတစ်ခုအတွင်းရှိ မျိုးစိတ်တစ်ခု၌လည်း သက် ဆိုင်ရာ ထူးခြားသည့် မျိုးစိတ်အမည် ရှိလေသည်။ နီးကပ်စွာ ဆက်စပ်လျက်ရှိသော မျိုးစုများကို မျိုးရင်းအဖြစ် သတ်မှတ် ထားသည်။ အလွန်နီးကပ်စွာ ဆက်စပ်လျက်ရှိသော မျိုးရင်း များကို မျိုးစဉ်တစ်ခုတွင် သတ်မှတ်ထားပြန်သည်။ နီးကပ်စွာ ဆက်စပ်လျက်ရှိသော မျိုးပေါင်းစုတစ်ခုတွင် သတ်မှတ်ကြပြန် သည်။ ထိုသို့ သိပ္ပံအမည်ပေးရာတွင် မည်သည့်အခါတွင်မျှ မပြောင်းလဲသည့် လက်တင်အမည်များကို ပေးလေ့ရှိကြလေ သည်။[၁]
ရုက္ခဗေဒသည် ဇီဝဗေဒ၏ ဘာသာခွဲတရပ်ဖြစ်ြပီး အပင်များ ကြီးထွားဖွံ့ဖြိုးမှုနှင့် ဘဝစက်ကွင်းကို လေ့လာသည့် သိပ္ပံပညာတစ်ရပ်ဖြစ်သည်။ ရုက္ခဗေဒဟူသည့် ဝေါဟာရမှာ ပါဠိစာလုံးငှါးဖြစ်သည်။ အင်္ဂလိပ်ဘာသာ၌ ရုက္ခဗေဒကို "botany" သို့ "phytology" ဟုခေါ်သည်။ ရုက္ခဗေဒတွင် အပင်၊ ပင်လယ်ရေမှော်အုပ်စု (algae)၊ မှိုအုပ်စု (fungi)တို့၏ ဖွဲ့စည်းတည်ဆောက်ပုံ၊ ကြီးထွားမှု၊ မျိုးပွားခြင်း၊ ဇီဝဖြစ်ပျက်မှု၊ ရောဂါဘယ၊ ဓာတုသတ္တိနှင့် မတူသည့် မျိုးစုများအကြား ဆင့်ကဲပြောင်းလဲမှုဆိုင်ရာ ဆက်စပ်မှုများကို လေ့လာသုံးသပ်သည့် ပညာရပ်များ ကျယ်ကျယ်ပျံ့ပျံ့ ပါဝင်သည်။ ရုက္ခဗေဒသည် စားသုံးနိုင်သည့်အပင်များ၊ ဆေးဖက်ဝင်သည့် အပင်များ၊ အဆိပ်သင့်သည့်အပင်များအား ခွဲခြားသိရှိနိုင်ရန် ကြိုးပန်းချက်များနှင့် စတင်ခဲ့သည့် ရှေးအကျဆုံး သိပ္ပံပညာဖြစ်သည်။ မျက်မှောက်ကာလအထိ လေ့လာသိရှိပြီးသော မျိုးစိပ်ပေါင်း ၅၅၀,၀၀၀ ကျော်အထိ တိုးပွားလာပြီဖြစ်သည်။
ရုက္ခဗေဒ၏ အရေးပါပုံ
ဇီဝဗေဒတွင် အခြားသက်ရှိများအား လေ့လာသည့်နည်းတူ အပင်များ၏ ဘဝဖြစ်စဉ်ကို ဆဲလ်၊ တစ်ရှူး၊ အင်္ဂါအစိပ်အပိုင်း၊ အရေအတွက်၊ စုစည်းပေါက်ရောက်ပုံတို့မှ တဆင့် မောလီကျူး၊ မျိုးဗီဇနှင့် ဇီဝဓာတု စသည့် အဆင့်ပေါင်းစုံ ရှုထောင့်အမျိုးမျိုးမှ လေ့လာသုံးသပ်နိုင်သည်။ ဤကဲ့သို့ အဆင့်အသီးသီးတွင် ရုက္ခဗေဒပညာရှင်များသည် အပင်များ၏ အမျိုးအစား ခွဲခြားပုံ၊ (ခန္ဓာဗေဒအားဖြင့် ပုံပန်းသဏ္ဌာန်အားဖြင့်) ဖွဲ့တည်ပုံ သို့ အလုပ်လုပ်ပုံတို့ကို စူးစိုက်လေ့လာကြသည်။
သမိုင်းအစဉ်အလာအရ သက်ရှိများအား အပင်နှင့် သတ္တဝါဟု ခွဲခြားထားလေ့ရှိသည်။ ရုက္ခဗေဒတွင် သတ္တဝါမဟုတ်သည့် သက်ရှိအားလုံး အကျုံးဝင်သည်။ တခါက ရုက္ခဗေဒတွင် အကျုံးဝင်သော သက်ရှိအချို့မှာ မျက်မှောက်ခေတ်တွင် အပင်အုပ်စုနှင့် မသက်ဆိုင်တော့ပေ။ မှိုအုပ်စု၊ ဘက်တီးရီးယား၊ ဗိုင်းရပ်နှင့် ဧကကလာပ်စည်း ရေမှော်များကို လက်ရှိတွင် Protista (မူရင်းသက်ရှိ) အဖြစ် အုပ်စုခွဲထားသည်။ သို့ပေမဲ့လည်း ၎င်းသက်ရှိများအား ရုက္ခဗေဒပညာရှင်များက ဆက်လက် အာရုံစိုက်လျက်ရှိပြီး ရုက္ခဗေဒ သင်ခန်းစာ နိဒါန်းအပိုင်းတွင် ဖော်ပြလေ့ရှိသည်။
အပင်များသည် ကမ္ဘာပေါ်ရှိ သက်ရှိများ၏ အခြေခံကျသည့် တစိပ်တပိုင်းဖြစ်သောကြောင့် အရေးကြီးလှသည်။ လူသားများနှင့် အဆင့်မြင့်သက်ရှိများ ရှင်သန်ကြီးထွားရန်အတွက် မရှိမဖြစ်လိုအပ်သည့် အောက်စီဂျင်၊ အစားအစာ၊ လောင်စာနှင့် ဆေးဝါးများအား အပင်များမှ ရရှိနိုင်သည်။ အလင်းဖြင့် အစာချက်သည့်နည်းဖြင့် အပင်များသည် ကမ္ဘာမြေကြီး၏ ရာသီဥတု ပြောင်းလဲမှုအပေါ် သက်ရောက်စေသည့် ဖန်လုံအိမ်ဓာတ်ငွေ့ခေါ် ကာဗွန်ဒိုင်အောက်ဆိုဒ်များအား စုပ်ယူပေးသည်။ အပင်များသည် ရေအရင်းအမြစ်နှင့် မြေဆီလွှာ ထိန်းသိမ်းရေးတွင် အရေးပါသည်။ ရှေးဟောင်းရုက္ခဗေပညာရှင်များသည် ကျောက်ဖြစ်ရုပ်ကြွင်းများရှိ ရှေးဟောင်း အပင်များအား လေ့လာကြသည်။ ကမ္ဘာမြေကြီး၏ ရှေးဦးသမိုင်းကာလတွင် အလင်းဖြင့် အစာချက်လုပ်နိုင်သည့် အပင်များ၏ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်သည် လေထုကို ပြောင်းလဲမှုဖြစ်စေသည်ဟု ယုံကြည်ထားကြသည်။ ထို့ကြောင့် အပင်များအကြောင်းကို နားလည်သိရှိနိုင်ြခင်းသည် လူ့အသိုင်းအဝိုင်း၏ အနာဂတ်အတွက် အရေးပါသည့် အချက်ဖြစ်သည်။ ဤသို့ သိရှိထားခြင်းအားဖြင့်
- တိုးပွားလျက်ရှိနေသည့် လူဦးရေအတွက် စားနပ်ရိက္ခာများ၊
- ရောဂါဝေဒနာများအား ကုသနိုင်မည့် ဆေးဝါးများ ဖူဖူလုံလုံ စိုက်ပျိုးထုတ်လုပ်နိုင်မည်၊
- သက်ရှိများ၏ အခြေခံ ဘဝဖြစ်စဉ်နှင့်
- ပတ်ဝန်းကျင် ပြောင်းလဲမှုကို ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက်စေနိုင်မည်ဖြစ်သည်။
လူသားများအတွက် အဟာရ
ယေဘုယျအားဖြင့် အစားအသောက်များ အားလုံးကို အပင်များမှ ရရှိသည်။ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများမှ တိုက်ရိုက်သော်လည်းကောင်း၊ အပင်များအား မှီတင်းနေထိုင်ကြသည့် သားငါးနှင့် အခြားသတ္တဝါများမှ သွယ်ဝိုက်သော နည်းဖြင့်သော်လည်းကောင်း ရရှိနိုင်သည်။ အပင်များသည် နေရောင်ခြည်မှ ရရှိသည့် စွမ်းအင်များ၊ မြေဆီလွှာမှ ရရှိသော အဟာရဓာတ်များနှင့် လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုဒ်များကို အသုံးပြုကာ သတ္တဝါများ မှီဝဲသုံးစွဲနိုင်သည့် ဓာတ်ပစ္စည်းများအဖြစ် ပြောင်းလဲပေးနိုင်သောကြောင့် အစာကွင်းဆက်တွင် အခြေခံအကျဆုံးဖြစ်သည်။ ရုက္ခဗေဒပညာရှင်များသည် အပင်များက လူသားများ စားသုံးသည့် အစားအစာများအား ထုတ်လုပ်ပုံနှင့် ထွက်နှုန်းတိုးအောင် စိုက်ပျိုးသည့် နည်းလမ်းများကိုလည်း လေ့လာကြသည်။ ဤလေ့လာချက်များသည် လူသားတရပ်လုံးနှင့် နောက်မျိုးဆက်များအား စားနပ်ရိက္ခာ လုံလုံလောက်လောက် ထောက်ပံ့နိုင်ရေးအတွက် အရေးကြီးပါသည်။
အခြေခံ သက်ရှိဘဝဖြစ်စဉ်
ကလာပ်စည်းကွဲထွက်ခြင်း၊ အသားဓာတ် (ပရိုတင်း) ထုတ်လုပ်ခြင်းစသည့် အခြေခံဘဝဖြစ်စဉ်များအား လေ့လာရာတွင် အပင်များသည် အဆင်ပြေစေသည့် သက်ရှိများဖြစ်သည်။ လူနှင့်သတ္တဝါများအား လေ့လာသကဲ့သို့ ကျင့်ဝတ်များအား စောင့်ထိန်းရန် မလိုအပ်ပါ။ ပဲပင်များ၏ ပုံပန်းသဏ္ဌာန်ကို မျိုးဆက်တဆက်မှ နောက်တဆက်သို့ မည်သို့ လက်ဆင့်ကန်းပေးပုံအား လေ့လာသည့် ရုက္ခဗေဒပညာရှင် Gregor Mendel (ဂရက်ဂါ မန်ဒဲလ်)သည် ဤနည်းလမ်းဖြင့် မျိုးဗီဇဆက်ခံခြင်းနိယာမကို (genetic laws of inheritance) တွေ့ရှိခဲ့သည်။ မန်ဒဲလ်၏ တွေ့ရှိချက်များသည် ယနေ့ခေတ်တွင် အခြားနယ်ပယ်များ၌ များစွာအသုံးဝင်နေပြီ ဖြစ်သည်။ ထို့အပြင် Barbara McClintock (ဘာဘရာ မက္ကလင်းတော့ခ်) သည် ဖူးစားပြောင်းများအား လေ့လာရာမှ မျိုးဆက်ကျော် ဗီဇဆက်ခံမှုကို (jumping genes) တွေ့ရှိခဲ့သည်။ ဤသည်မှာ အခြေခံ သက်ရှိဘဝဖြစ်စဉ်အား နားလည်နိုင်ရေးတွင် ရုက္ခဗေဒနှင့် တနည်းတဖုံ ဆက်နွယ်လျက်ရှိကြောင်း သိသာထင်ရှားသည့် သာဓကများဖြစ်သည်။
ဆေးဝါးနှင့် ကုန်ကြမ်းပစ္စည်း
Tetrahydrocannabinol ၊ ကဖိန်းဓာတ်နှင့် နစ်ကိုတင်စသည့် ဆေးဝါးသုံးနှင့် အပျော်သုံးပစ္စည်းများမှာ အပင်ထွက်ပစ္စည်းများ ဖြစ်ကြသည်။ အချို့မှာမူ အပင်ထွက် သဘာဝ ပစ္စည်းများအား အခြေခံ၍ ထုတ်လုပ်ထားသော ပစ္စည်းများ ဖြစ်သည်။ ဥပမာ အက်စပရင်မှာ (asprin) မိုးမခပင် အခေါက်မှရသည့် အကိုက်အခဲပျောက်စေသော အက်စစ်တမျိုးကို (salicylic acid) အခြေခံ၍ ထုတ်လုပ်သည့် ဆေးဝါးဖြစ်သည်။
နောင်တွင် အာနိသင်ထက်သည့် ဆေးဖက်ဝင် အပင်များကို တွေ့ကောင်း တွေ့နိုင်ဦးမည်ဖြစ်သည်။ ကော်ဖီ၊ ကိုကို၊ ဆေးရွက်ကြီးနှင့် လက္ဖက်ခြောက်တို့မှာ လူသိများသည့် အပင်ထွက် ပစ္စည်းများ ဖြစ်ကြသည်။ ဘာလီ (ဘီယာ)၊ ဆန် (အရက်)၊ စပစ်သီး (ဝိုင်) အစရှိသည့် အပင်ထွက်ပစ္စည်းများအား အချဉ်ဖောက်ခြင်းအားဖြင့် ယမကာများကို ဖော်စပ်ယူနိုင်သည်။
အပင်များမှလဲ ဝါကွမ်း၊ သစ်၊ စက္ကူ၊ လိုင်နင်၊ ဟင်းရွက်ဆီ၊ ကြိုး၊ ရာဘာ စသည့် ကုန်ကြမ်းပစ္စည်းများ ရရှိနိုင်သည်။ ပိုးစာပင်မရှိလျှင် ပိုးချည်မျှင်များအား ထုတ်လုပ်နိုင်မည် မဟုတ်ချေ။ အချဉ်ဖောက်နိုင်သည့် သကြားနှင့် ဆီဓာတ်ပါဝင်နှုန်းများသည့် ကြံ၊ ကြက်ဆူပင်၊ စိုရာပဲ (soy) နှင့် အခြားအပင်များကို လက်ရှိတွင် ဇီဝလောင်စာအဖြစ် အသုံးချနေကြပြီဖြစ်သည်။ ၎င်းတို့သည် ရေနံကဲ့သို့သော ကျောက်ြဖစ်ရုပ်ကြွင်းများမှ ရရှိသည့် လောင်စာများအား အစားထိုး အသုံးပြုနိုင်မည့် အရေးပါသည့် ကုန်ကြမ်းများဖြစ်သည်။